ဆယ်စုနှစ်များစွာ အိမ်မှထွက်ခွာသွားပြီး ပြန်လာတဲ့အခါမှာ ဇနီးသည်က နောက်အိမ်ထောင်ပြုခဲ့တာကို တွေ့လိုက်ရပြီး စိတ်မကောင်းဖြစ်ခဲ့တဲ့ အဘိုး



Mia (Mckzone daily)

Reference : dailystar

Unicode

အသက် ၈၄ နှစ်အရွယ် Peter Oyuka အဘိုးဟာ လွန်ခဲ့တဲ့ ၄၇ နှစ်က Kakamega ခရိုင် Malava ရှိ Makale ရွာမှ ထွက်ခွာသွားပြီးနောက် အိမ်သို့ ပြန်လာခဲ့ပါတယ် ။ Tuko.Co.Ke ရဲ့အဆိုအရ ယခင်က Peter Oyuka ဟာ သူက ဇနီးနှစ်ဦး နဲ့ ကလေးငါးဦးကို ကျွေးမွေးပြုစုနိုင်ရန် ပိုက်ဆံတွေသွားရှာဖို့ ထွက်ခွာသွားခဲ့တယ်လို့ လူအများက ပြောကြားခဲ့ပါတယ် ။ သို့ပေမဲ့ သူဘယ်နေရာထွက်သွားခဲ့တာကို သူ့မိသားစုတွေကို မပြောခဲ့ပါဘူး ။ သူက ၁၉၈၃ ခုနှစ်၊ ၁၉၉၂ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်တို့မှာ Kakamega ပြည်နယ်သို့ လာရောက်လည်ပတ်ခဲ့သော်လည်း သူ့ရဲ့အိမ်ကို တစ်ခါမှ ပြန်မလည်ခဲ့ပါဘူး ။ အခုတော့ သူက အိမ်ကိုတရားဝင်ပြန်လာခဲ့ပေမဲ့ သူ့ဇနီးတွေက သူပြန်လာမဲ့ မျှော်လင့်ချက်တွေကို စွန့်လွှတ်ပြီး အခြားယောက်ျားတွေနဲ့ လက်ထပ်ခဲ့တာကို သိလိုက်ရတဲ့အတွက် သူစိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။

အစပိုင်းမာ သူက“ ငါ့မိန်းမတွေ ဒီနေ့ငါ့ကို အိမ်ပြန်လာဖို့ ကြိုဆိုနေကြလောက်ပြီ ” လို့ သူက ထင်နေခဲ့ပါတယ် ။ သို့ပေမဲ့ သူရဲ့ထင်မြင်ချက်က လွဲမှားနေခဲ့ပါတယ် ။ သူအိမ်သို့ရောက်ရှိတဲ့အခါမှာ ဇနီးသည်တွေက နောက်အိမ်ထောင်ရှိနေခဲ့တာကြောင့် ဝမ်းနည်းမှုတွေကို အိမ်ပေါ်ဆင်းခဲ့လိုက်ပါတယ် ။

Mia (Mckzone daily)

Be the first to comment on "ဆယ်စုနှစ်များစွာ အိမ်မှထွက်ခွာသွားပြီး ပြန်လာတဲ့အခါမှာ ဇနီးသည်က နောက်အိမ်ထောင်ပြုခဲ့တာကို တွေ့လိုက်ရပြီး စိတ်မကောင်းဖြစ်ခဲ့တဲ့ အဘိုး"

Leave a comment

Your email address will not be published.


*