ဈေးသည်ရဲ့ ထူးဆန်းတဲ့ထုပ်ပိုးမှုပုံစံနဲ့ ပစ္စည်းပို့ဆောင်ပေးခဲ့လို့ လှည့်စားခံလိုက်ရတယ်လို့ ထင်မှတ်မိခဲ့တဲ့ ဖောက်သည်



JRose (Mckzone daily)

Reference : khaosod

Unicode

မကြာသေးမီအချိန်မှာ မလေးရှားရောင်သူတစ်ဦးက ဖောက်သည်မှာယူတဲ့ ဆိုင်ကယ်အပိုပစ္စည်းကို လုံခြုံစွာ သယ်ယူပို့ဆောင်နိုင်ရန် ‘အုန်းသီးအခွံခြောက်များ’ နဲ့သုံးပြီး ဖုံးအုပ်စေခဲ့ပါတယ် ။ ၎င်းဟာ ဖောက်သည်များကို များစွာအံ့အားသင့်စေခဲ့ပါတယ် ။ ထိုအခါမှာ ဖော်သည်ဖြစ်သူက scotch တိပ်ပတ်ထားတဲ့ အခွံမပါသောအုန်းသီးခြောက်တစ်လုံးရဲ့ပုံကိုတင်လိုက်ပြီး ၎င်းအုန်းသီးကို ခွာလိုက်တဲ့အခါမှာ သူမှာကြားခဲ့သော ပစ္စည်းကိုတွေ့လိုက်ရလို့ စိတ်သက်သာသွားခဲ့ရပါတယ် ။ ဒါပေမယ့် ဒီဖော်သည်က ရောင်းသူဆီကိုပြန်ဆက်သွယ်လိုက်တဲ့အခါမှာ “ အုန်းခွံက သယ်ယူပို့ဆောင်ရေးအတွက် ကုန်တင်ရန် ကာကွယ်ပေးတယ်။ နောက်ပြီး သူများခိုးယူဒါတွေလည်း စိုးရိမ်စရာမလိုတော့ဘူး ” လို့ ရောင်းချသူက ဆိုပါတယ် ။

၎င်းစိတ်ကူးက ထူးဆန်းသော်လည်း ၎င်းကို လက်တွေ့မှာ သုံးနိုင်ပါတယ် ။ မလေးရှား netizens များထံမှ အပြုံးများကို ယူဆောင်လာနိုင်သလို များစွာသော netizen များက ထိုဖန်တီးမှုစိတ်ကူးကို ချီးမွမ်းရန် ထွက်လာကြပါတယ် ။ အုန်းခွံများကနဲ့ ထုတ်ပိုးခြင်းက သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ ပို့ဆောင်မှုနည်းလမ်းများလည်းဖြစ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဈေးသည်ရဲ့ ထူးဆန်းတဲ့ထုပ်ပိုးမှုပုံစံနဲ့ ပစ္စည်းပို့ဆောင်ပေးခဲ့လို့ လှည့်စားခံလိုက်ရတယ်လို့ ထင်မှတ်မိခဲ့တဲ့ ဖောက်သည်"

Leave a comment

Your email address will not be published.


*