တင္းက်ပ္လြန္းတဲ့ ဂ်င္းေဘာင္းဘီေတြကို ဝတ္ဆင္ျခင္းေၾကာင့္ ေရာဂါျဖစ္လာႏိုင္တဲ့အထိအသက္အႏၲရာယ္ စိုးရိမ္ခဲ့ရတဲ့ မိန္းကေလး

အေမရိကန္ျပည္ေထာင္စု ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္မွ အမ်ိဳးသမီးငယ္တစ္ဦးျဖစ္သူ Sam က Tik Tok မွာ သူမရဲ႕ နာက်င္ခံစားမႈကို ေဖာ္ျပလာခဲ့ပါတယ္ ။ သူမက အသက္အႏၲရာယ္ရွိတဲ့ ကူးစက္ေရာဂါတစ္ခုအတြက္ ကုသမႈမွျပန္လည္ေကာင္းမြန္လာၿပီးေနာက္ ဒီဗြီဒီယိုဖိုင္ကို ေဝမွ်ၿပီး ၾကည့္ရႈသူ ၈.၁ သန္းေက်ာ္ရွိခဲ့ပါတယ္ ။ ကလစ္ထဲမွာ သူမက သူမရဲ႕ ရည္းစားနဲ႔ ပထမဆုံးခ်ိန္းေတြ႕စဥ္ တင္းက်ပ္တဲ့ ဂ်င္းေဘာင္းဘီကို ဝတ္ကာ သူမရဲ႕ ေပါင္ၿခံကို ၈ နာရီေက်ာ္ တင္းက်ပ္ေစခဲ့ၿပီး သူမရဲ႕ တင္ပါးကို ရက္အနည္းငယ္ၾကာ နာက်င္ေစခဲ့ပါတယ္ ။ သူမက သူမခ်စ္သူနဲ႔ ခ်ိန္းေတြ႕တဲ့ေန႔မွာ သူမဝတ္ထားတဲ့ ေဘာင္းဘီေၾကာင့္ သူမအရမ္းစိတ္မသက္မသာျဖစ္ေနေၾကာင္း သေဘာေပါက္ခဲ့ေပမယ့္ သူမကဒါကို လ်စ္လ်ဴရႈဖို႔ေ႐ြးခ်ယ္ခဲ့ပါတယ္ ။

ေနာက္ေန႔အထိ သူမက နာက်င္မႈနဲ႔ မသက္မသာ ခံစားခဲ့ရၿပီး ပြတ္တိုက္မိေသာေနရာမွာ အဖုႀကီးတစ္ခု သတိမျပဳမီ အခ်ိန္ၾကာလာသည္နဲ႔အမွ် ပိုနာက်င္လာခဲ့ပါတယ္ ။ ဆရာဝန္က သူမဟာ sepsis နဲ႔ ဆဲလ္မ်ားေရာင္ရမ္းေနေၾကာင္း ေျပာၿပီးေနာက္ IC သို႔ ပို႔ေဆာင္ခဲ့ၿပီး ကြၽမ္းက်င္သူမ်ားက သူမကို ကူးစက္မႈမွ ရွင္းရန္ ခြဲစိတ္ဖို႔ လိုေကာင္းလိုႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္ ။ “ငါတုန္လႈပ္သြားတယ္၊ အသက္ရႉၾကပ္သလိုခံစားရၿပီး လမ္းမေလွ်ာက္ႏိုင္ခဲ့ဘူး ။ ငါ့ခႏၶာကိုယ္ေတြ အရမ္းနာက်င္တယ္။ ငါ ICU မွာ ေလးရက္နီးပါးေနခဲ့ရေသးတယ္။ ငါ့ခြဲစိတ္မႈေတြလုပ္ဖို႔ ဆရာဝန္ေတြက သေဘာတူတယ္ ” လို႔ Sam က ဆိုခဲ့ပါတယ္ ။ ဒါေပမဲ့ ကံေကာင္းေထာက္မစြာ Sam က ICU မွာ ျပန္လည္ေကာင္းမြန္လာၿပီး ခြဲစိတ္မႈကို ေရွာင္ႏိုင္ခဲ့ပါတယ္ ။

သူမက ကုသမႈခံယူၿပီးေနာက္ သူမရဲ႕ အေျခအေန ျပန္လည္ေကာင္းမြန္လာခဲ့ၿပီး သူမက သူမအတြက္ ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ကို လူေတြသိဖို႔ ခ်ျပရန္ ဆုံးျဖတ္လိုက္ပါတယ္ ။ ေၾကာက္စရာေကာင္းၿပီး ရွက္စရာေကာင္းတယ္ဆိုေပမယ့္ သူမလိုအေျခအေနမ်ိဳး မျဖစ္ေအာင္ တျခားသူေတြကို သတိေပးလိုတာေၾကာင့္ ေဝမွ်ခဲ့လိုက္တာပါ ။

JRose (Mckzone daily)

Reference : khaosod

Unicode

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်မှ အမျိုးသမီးငယ်တစ်ဦးဖြစ်သူ Sam က Tik Tok မှာ သူမရဲ့ နာကျင်ခံစားမှုကို ဖော်ပြလာခဲ့ပါတယ် ။ သူမက အသက်အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါတစ်ခုအတွက် ကုသမှုမှပြန်လည်ကောင်းမွန်လာပြီးနောက် ဒီဗွီဒီယိုဖိုင်ကို ဝေမျှပြီး ကြည့်ရှုသူ ၈.၁ သန်းကျော်ရှိခဲ့ပါတယ် ။ ကလစ်ထဲမှာ သူမက သူမရဲ့ ရည်းစားနဲ့ ပထမဆုံးချိန်းတွေ့စဉ် တင်းကျပ်တဲ့ ဂျင်းဘောင်းဘီကို ဝတ်ကာ သူမရဲ့ ပေါင်ခြံကို ၈ နာရီကျော် တင်းကျပ်စေခဲ့ပြီး သူမရဲ့ တင်ပါးကို ရက်အနည်းငယ်ကြာ နာကျင်စေခဲ့ပါတယ် ။ သူမက သူမချစ်သူနဲ့ ချိန်းတွေ့တဲ့နေ့မှာ သူမဝတ်ထားတဲ့ ဘောင်းဘီကြောင့် သူမအရမ်းစိတ်မသက်မသာဖြစ်နေကြောင်း သဘောပေါက်ခဲ့ပေမယ့် သူမကဒါကို လျစ်လျူရှုဖို့ရွေးချယ်ခဲ့ပါတယ် ။

နောက်နေ့အထိ သူမက နာကျင်မှုနဲ့ မသက်မသာ ခံစားခဲ့ရပြီး ပွတ်တိုက်မိသောနေရာမှာ အဖုကြီးတစ်ခု သတိမပြုမီ အချိန်ကြာလာသည်နဲ့အမျှ ပိုနာကျင်လာခဲ့ပါတယ် ။ ဆရာဝန်က သူမဟာ sepsis နဲ့ ဆဲလ်များရောင်ရမ်းနေကြောင်း ပြောပြီးနောက် IC သို့ ပို့ဆောင်ခဲ့ပြီး ကျွမ်းကျင်သူများက သူမကို ကူးစက်မှုမှ ရှင်းရန် ခွဲစိတ်ဖို့ လိုကောင်းလိုနိုင်တယ်လို့ ပြောခဲ့ပါတယ် ။ “ငါတုန်လှုပ်သွားတယ်၊ အသက်ရှူကြပ်သလိုခံစားရပြီး လမ်းမလျှောက်နိုင်ခဲ့ဘူး ။ ငါ့ခန္ဓာကိုယ်တွေ အရမ်းနာကျင်တယ်။ ငါ ICU မှာ လေးရက်နီးပါးနေခဲ့ရသေးတယ်။ ငါ့ခွဲစိတ်မှုတွေလုပ်ဖို့ ဆရာဝန်တွေက သဘောတူတယ် ” လို့ Sam က ဆိုခဲ့ပါတယ် ။ ဒါပေမဲ့ ကံကောင်းထောက်မစွာ Sam က ICU မှာ ပြန်လည်ကောင်းမွန်လာပြီး ခွဲစိတ်မှုကို ရှောင်နိုင်ခဲ့ပါတယ် ။

သူမက ကုသမှုခံယူပြီးနောက် သူမရဲ့ အခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူမက သူမအတွက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို လူတွေသိဖို့ ချပြရန် ဆုံးဖြတ်လိုက်ပါတယ် ။ ကြောက်စရာကောင်းပြီး ရှက်စရာကောင်းတယ်ဆိုပေမယ့် သူမလိုအခြေအနေမျိုး မဖြစ်အောင် တခြားသူတွေကို သတိပေးလိုတာကြောင့် ဝေမျှခဲ့လိုက်တာပါ ။

JRose (Mckzone daily)

Be the first to comment on "တင္းက်ပ္လြန္းတဲ့ ဂ်င္းေဘာင္းဘီေတြကို ဝတ္ဆင္ျခင္းေၾကာင့္ ေရာဂါျဖစ္လာႏိုင္တဲ့အထိအသက္အႏၲရာယ္ စိုးရိမ္ခဲ့ရတဲ့ မိန္းကေလး"

Leave a comment

Your email address will not be published.


*