ပထမဆံုးအႀကိမ္ ေမြးကင္းစသားငယ္ေလးကို ေပြ႔ခ်ီခြင့္ရခဲ့လို႔ လူအမ်ားရဲ႕ ရင္ထဲထိမိေလာက္ေအာင္တံု႔ျပန္ခဲ့တဲ့ ဖခင္ (႐ုပ္သံ)

ကေလးေမြးဖြားျခင္းဟာ ကမာၻေပၚရွိ အေပ်ာ္႐ႊင္ဆုံးေသာ ခံစားခ်က္မ်ားထဲမွ တစ္ခုျဖစ္ပါတယ္ ။ မိဘမ်ားအတြက္ သူတို႔ရဲ႕ ရင္ခြင္ထဲသို႔ ကေလးကိုခ်ီထားျခင္းဟာလည္း သူတို႔ကို ပထမဆုံးအႀကိမ္ ႏူးညံ့တဲ့အခိုက္အတန႔္ကို မွ်ေဝျခင္းျဖင့္ သူတို႔အတြက္ အလြန္စိတ္ခံစားမႈျဖစ္ေစႏိုင္ပါတယ္ ။ ထိုကဲ့သို႔ေသာ အရာမ်ားစြာနဲ႔ ပတ္သက္ၿပီး အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔သြားတဲ့ ၾကည္ႏူးစရာဗီဒီယိုတစ္ခုက ၎တို႔ဟာ လူတိုင္းကို ၿပဳံးေစ႐ုံသာမက သူတို႔ရဲ႕ မ်က္လုံးမွာ မ်က္ရည္မ်ား က်ေစမိမွာအမွန္ပါ ။

‘Good News Correspondent’ လို႔ေခၚတဲ့ စာမ်က္ႏွာတစ္ခုမွာ clip တစ္ခုကို မွ်ေဝခဲ့ၿပီး ပထမဆုံးအႀကိမ္ဖခင္ဟာ သူရဲ႕ ေမြးကင္းစသားကို ျမင္ၿပီး အလြန္စိတ္လႈပ္ရွားေနတာကိုျပသပါတယ္ ။ ဖခင္ျဖစ္သူရဲ႕ မ်က္ႏွာမွာ Mask တပ္ထားေပမဲ့ သူ႔ရဲ႕ အၿပဳံးက သိသာထင္ရွားတဲ့အတြက္ သူ႔ရဲ႕စိတ္လႈပ္ရွားမႈက အကန႔္အသတ္မရွိေပ ။ သူနာျပဳဆရာမေလးက သူ႔ကိုအနားယူဖို႔ေျပာခဲ့ေပမဲ့ သူက စကၠန႔္ပိုင္းေလာက္အၾကာမွာ သူ႔သားကို တင္းတင္းၾကပ္ၾကပ္ ခ်ီထားခဲ့ပါတယ္ ။ သားျဖစ္သူကို ပထမအႀကိမ္ခ်ီထားစဥ္မွာ သူ႔မ်က္လုံးမ်ားက ဝမ္းသာမ်က္ရည္မ်ား ဝင္လာသျဖင့္ မ်က္ရည္မ်ားစီးက်လာခဲ့ပါတယ္ ။

“ အေဖက သူ႔ေမြးကင္းစကေလးကို ပထမဆုံးအႀကိမ္ခ်ီလိုက္တဲ့ အေျခေန” လို႔ စာတန္းနဲ႔ ေဖာ္ျပထားပါတယ္ ။ ဗြီဒီယိုဖိုင္ထဲမွာ ဖခင္ရဲ႕ ပီတိျဖစ္လြန္းတဲ့ ခံစားခ်က္က သိသာထင္ရွားတဲ့ အတြက္ေၾကာင့္ ဒီဗြီဒီယိုဟာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္ ။ မွတ္ခ်က္မ်ားအပိုင္းမွာ ဖခင္နဲ႔အတူ ဂုဏ္ျပဳေသာအားျဖင့္ လူအမ်ားက သူတို႔ရဲ႕ ႏွလုံးသားခံစားခ်က္မ်ားကို emojis မ်ားနဲ႔ ျပသခဲ့ပါတယ္ ။ “ ဒီ့ထက္ပိုႀကီးတဲ့အခ်စ္မရွိဘူး” လို႔ သုံးစြဲသူတစ္ဦးက မွန္ကန္စြာမွတ္ခ်က္ေပးလိုက္ပါတယ္ ။ အမွန္ေတာ့ ဒီကလစ္က မင္းကိုအႀကီးအက်ယ္ၿပဳံးေစမိမွာ အမွန္ပါ ။

JRose (Mckzone daily)

Reference : timesnownews

Unicode

ကလေးမွေးဖွားခြင်းဟာ ကမ္ဘာပေါ်ရှိ အပျော်ရွှင်ဆုံးသော ခံစားချက်များထဲမှ တစ်ခုဖြစ်ပါတယ် ။ မိဘများအတွက် သူတို့ရဲ့ ရင်ခွင်ထဲသို့ ကလေးကိုချီထားခြင်းဟာလည်း သူတို့ကို ပထမဆုံးအကြိမ် နူးညံ့တဲ့အခိုက်အတန့်ကို မျှဝေခြင်းဖြင့် သူတို့အတွက် အလွန်စိတ်ခံစားမှုဖြစ်စေနိုင်ပါတယ် ။ ထိုကဲ့သို့သော အရာများစွာနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားတဲ့ ကြည်နူးစရာဗီဒီယိုတစ်ခုက ၎င်းတို့ဟာ လူတိုင်းကို ပြုံးစေရုံသာမက သူတို့ရဲ့ မျက်လုံးမှာ မျက်ရည်များ ကျစေမိမှာအမှန်ပါ ။

‘Good News Correspondent’ လို့ခေါ်တဲ့ စာမျက်နှာတစ်ခုမှာ clip တစ်ခုကို မျှဝေခဲ့ပြီး ပထမဆုံးအကြိမ်ဖခင်ဟာ သူရဲ့ မွေးကင်းစသားကို မြင်ပြီး အလွန်စိတ်လှုပ်ရှားနေတာကိုပြသပါတယ် ။ ဖခင်ဖြစ်သူရဲ့ မျက်နှာမှာ Mask တပ်ထားပေမဲ့ သူ့ရဲ့ အပြုံးက သိသာထင်ရှားတဲ့အတွက် သူ့ရဲ့စိတ်လှုပ်ရှားမှုက အကန့်အသတ်မရှိပေ ။ သူနာပြုဆရာမလေးက သူ့ကိုအနားယူဖို့ပြောခဲ့ပေမဲ့ သူက စက္ကန့်ပိုင်းလောက်အကြာမှာ သူ့သားကို တင်းတင်းကြပ်ကြပ် ချီထားခဲ့ပါတယ် ။ သားဖြစ်သူကို ပထမအကြိမ်ချီထားစဉ်မှာ သူ့မျက်လုံးများက ဝမ်းသာမျက်ရည်များ ဝင်လာသဖြင့် မျက်ရည်များစီးကျလာခဲ့ပါတယ် ။

“ အဖေက သူ့မွေးကင်းစကလေးကို ပထမဆုံးအကြိမ်ချီလိုက်တဲ့ အခြေနေ” လို့ စာတန်းနဲ့ ဖော်ပြထားပါတယ် ။ ဗွီဒီယိုဖိုင်ထဲမှာ ဖခင်ရဲ့ ပီတိဖြစ်လွန်းတဲ့ ခံစားချက်က သိသာထင်ရှားတဲ့ အတွက်ကြောင့် ဒီဗွီဒီယိုဟာ ပျံ့နှံ့သွားခဲ့ပါတယ် ။ မှတ်ချက်များအပိုင်းမှာ ဖခင်နဲ့အတူ ဂုဏ်ပြုသောအားဖြင့် လူအများက သူတို့ရဲ့ နှလုံးသားခံစားချက်များကို emojis များနဲ့ ပြသခဲ့ပါတယ် ။ “ ဒီ့ထက်ပိုကြီးတဲ့အချစ်မရှိဘူး” လို့ သုံးစွဲသူတစ်ဦးက မှန်ကန်စွာမှတ်ချက်ပေးလိုက်ပါတယ် ။ အမှန်တော့ ဒီကလစ်က မင်းကိုအကြီးအကျယ်ပြုံးစေမိမှာ အမှန်ပါ ။

JRose (Mckzone daily)

Be the first to comment on "ပထမဆံုးအႀကိမ္ ေမြးကင္းစသားငယ္ေလးကို ေပြ႔ခ်ီခြင့္ရခဲ့လို႔ လူအမ်ားရဲ႕ ရင္ထဲထိမိေလာက္ေအာင္တံု႔ျပန္ခဲ့တဲ့ ဖခင္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*