ေရေဘးသင့္႐ြားသားမ်ားကို ေဘးလြတ္ရာသို႔ ရက္ေပါင္းမ်ားစြာ ပို႔ေဆာင္ၿပီးေနာက္ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ ဆုံးပါးသြားခဲ့တဲ့ သနားစရာျမင္းေလး

ဂ်ကာတာၿမိဳ႕ဆင္ေျခဖုံးရပ္ကြက္တစ္ခုမွာ ေရေဘးသင့္႐ြာသားမ်ားကို ေဘးလြတ္ရာသို႔ ရက္ေပါင္းမ်ားစြာ ပို႔ေဆာင္ၿပီးေနာက္ ျမင္းတစ္စီးဟာ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ ေသဆုံးသြားခဲ့ၿပီး စိတ္ထိခိုက္ဖြယ္ျဖစ္ရပ္တစ္ခုျဖစ္ေစခဲ့ပါတယ္ ။ အြန္လိုင္းေပၚမွာ ျပင္းထန္တဲ့ေဝဖန္မႈေတြျဖစ္ေပၚေစခဲ့ၿပီး ေ႐ႊ႕ေျပာင္းရန္ အျခားနည္းလမ္းမ်ားရွိတယ္လို႔ လူအမ်ားေျပာၾကပါတယ္ ။ ေရႀကီးေနတဲ့ေဒသမ်ားမွ႐ြာသားမ်ားကို ကယ္ထုတ္ရန္ ၎ဆုံးသြားတဲ့ ျမင္းတစ္ေကာင္က သုံးေကာင္ထဲမွ တစ္ေကာင္ျဖစ္တယ္လို႔ ျမင္းပိုင္ရွင္က ဆိုပါတယ္ ။ ေသဆုံးသြားတဲ့ျမင္းဟာ လူနဲ႔ပစၥည္းမ်ားကို ရက္အတန္ၾကာ မရပ္ဘဲ တစ္ေန႔လုံး ဆက္တိုက္ သယ္ေဆာင္ေနခဲ့တာပါ ။

ထိုေန႔မွာ ကမ္းနားသို႔ ေလွ်ာဆြဲၿပီးသြားတဲ့အခါ Destiny ျမင္းေလးက ေျမေပၚသို႔ လဲက်သြားၿပီး ခ်က္ခ်င္းပင္ အသက္ရႉရပ္သြားခဲ့ပါတယ္ ။ ပိုင္ရွင္က ျမင္းဆုံးသြားတာကို ၾကားသိတဲ့အခါမွာ တစ္ၿပိဳင္နက္သတိလစ္သြားသျဖင့္ ေဆး႐ုံတင္လိုက္ရပါတယ္ ။ သို႔ေသာ္ ဆုံးပါးသြားခဲ့တဲ့ ျမင္းက လမ္းေဘးမွာ က်န္ရစ္ေနခဲ့ရပါတယ္ ။ ပိုင္ရွင္က ေနာက္ပိုင္းမွာ ေျမျမႇဳပ္ဖို႔ ျမင္းကိုေ႐ႊ႕ခဲ့သလားဆိုတဲ့ ေနာက္ထပ္သတင္းေတြ ထြက္မလာေသးပါဘူး ။ ၎ကိစၥနဲ႔ ပတ္သက္ၿပီး ဂ်ာကာတာနဲ႔ ဂ်ာဗားေဒသမ်ားအပါအဝင္ ဆင္ေျခဖုံးေဒသမ်ားက တစ္ႏွစ္ပတ္လုံးဆိုး႐ြားတဲ့ ေရလႊမ္းမိုးမႈမ်ားနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ တိုင္းျပည္ရဲ႕ အဆိုး႐ြားဆုံးေရႀကီးမႈမ်ားထဲမွ အနည္းဆုံးလူ ၅၃ ‌ေယာက္ ေသဆုံးၿပီး လူ ၁၇၅၀၀၀ ေက်ာ္ဟာ အိုးမဲ့အိမ္မဲ့ျဖစ္ေနၾကရပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

ဂျကာတာမြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ရေဘေးသင့်ရွာသားများကို ဘေးလွတ်ရာသို့ ရက်ပေါင်းများစွာ ပို့ဆောင်ပြီးနောက် မြင်းတစ်စီးဟာ ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးသွားခဲ့ပြီး စိတ်ထိခိုက်ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်စေခဲ့ပါတယ် ။ အွန်လိုင်းပေါ်မှာ ပြင်းထန်တဲ့ဝေဖန်မှုတွေဖြစ်ပေါ်စေခဲ့ပြီး ရွှေ့ပြောင်းရန် အခြားနည်းလမ်းများရှိတယ်လို့ လူအများပြောကြပါတယ် ။ ရေကြီးနေတဲ့ဒေသများမှရွာသားများကို ကယ်ထုတ်ရန် ၎င်းဆုံးသွားတဲ့ မြင်းတစ်ကောင်က သုံးကောင်ထဲမှ တစ်ကောင်ဖြစ်တယ်လို့ မြင်းပိုင်ရှင်က ဆိုပါတယ် ။ သေဆုံးသွားတဲ့မြင်းဟာ လူနဲ့ပစ္စည်းများကို ရက်အတန်ကြာ မရပ်ဘဲ တစ်နေ့လုံး ဆက်တိုက် သယ်ဆောင်နေခဲ့တာပါ ။

ထိုနေ့မှာ ကမ်းနားသို့ လျှောဆွဲပြီးသွားတဲ့အခါ Destiny မြင်းလေးက မြေပေါ်သို့ လဲကျသွားပြီး ချက်ချင်းပင် အသက်ရှူရပ်သွားခဲ့ပါတယ် ။ ပိုင်ရှင်က မြင်းဆုံးသွားတာကို ကြားသိတဲ့အခါမှာ တစ်ပြိုင်နက်သတိလစ်သွားသဖြင့် ဆေးရုံတင်လိုက်ရပါတယ် ။ သို့သော် ဆုံးပါးသွားခဲ့တဲ့ မြင်းက လမ်းဘေးမှာ ကျန်ရစ်နေခဲ့ရပါတယ် ။ ပိုင်ရှင်က နောက်ပိုင်းမှာ မြေမြှုပ်ဖို့ မြင်းကိုရွှေ့ခဲ့သလားဆိုတဲ့ နောက်ထပ်သတင်းတွေ ထွက်မလာသေးပါဘူး ။ ၎င်းကိစ္စနဲ့ ပတ်သက်ပြီး ဂျာကာတာနဲ့ ဂျာဗားဒေသများအပါအဝင် ဆင်ခြေဖုံးဒေသများက တစ်နှစ်ပတ်လုံးဆိုးရွားတဲ့ ရေလွှမ်းမိုးမှုများနဲ့ ရင်ဆိုင်နေရတာကြောင့် တိုင်းပြည်ရဲ့ အဆိုးရွားဆုံးရေကြီးမှုများထဲမှ အနည်းဆုံးလူ ၅၃ ‌ယောက် သေဆုံးပြီး လူ ၁၇၅၀၀၀ ကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ေရေဘးသင့္႐ြားသားမ်ားကို ေဘးလြတ္ရာသို႔ ရက္ေပါင္းမ်ားစြာ ပို႔ေဆာင္ၿပီးေနာက္ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ ဆုံးပါးသြားခဲ့တဲ့ သနားစရာျမင္းေလး"

Leave a comment

Your email address will not be published.


*