ရေကြီးရေလျှံမှုကို တာဆီးနိုင်ရန် အိမ်ရှေ့မှာ တရားထိုင်နေခဲ့တဲ့ အမျိုးသားရဲ့ video ဟာ လူကြိုက်များခဲ့ (ရုပ်သံ)



JRose (Mckzone daily)

Reference : khaosod

Unicode

ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ အိမ်ထဲကို ရေဝင်မလာရန် အိမ်ရှေ့မှာ တရားထိုင်ပြီး ဆုတောင်းနေတဲ့ video ကို ဝေမျှတဲ့အခါ လျင်မြန်စွာပျံ့နှံ့သွားပြီး ၎င်းကို ကြည့်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို သက်သာစေခဲ့ပါတယ် ။ ၎င်းဟာ ဆိုရှယ်မီဒီယာမှာ လူကြိုက်များတဲ့ viral clip တစ်ခု ဖြစ်လာခဲ့ပါတယ် ။ “ Pheeraphong Phimphan” အမည်ရှိ Facebook သုံးစွဲသူတစ်ဦးဟာ ၎င်းကလစ်ကို တင်ခဲ့ပါတယ် ။ ဒီဗီဒီယိုဖိုင်ကိုတင်ပြီးနောက် Netizen များက ထင်မြင်ချက်များစွာကို ထုတ်ဖော်ခဲ့ကြပါတယ် ။ လူအများစုက ရယ်စရာကောင်းတယ်လို့ခံစားရတယ် ဆိုပြီး မှတ်ချက်ပေးကြပါတယ် ။

ဤအဖြစ်အပျက်အားဖြင့် ၂၀၂၁ ခုနှစ်စက်တင်ဘာ ၂၈ ရက်နေ့ Lat Yao ပြည်နယ်က Mr Peerapong သို့မဟုတ် Nakhon လို့ခေါ်တဲ့ ၃၇ နှစ်အရွယ် အမျိုးသားက သူဟာ ကလစ်တွေရိုက်ပြီး ကစားရတာကြိုက်တဲ့သူတစ်ယောက်ဖြစ်လို့ ဆိုပြီး ပြောပါတယ် ။ ဒါ့အပြင် မနေ့ကတစ်အိမ်လုံး ရေမြုပ်တော့မာဖြစ်တဲ့အတွက် သဲအိတ်တွေနဲ့ အိမ်ရှေ့မှာ ပိတ်ထားပေမယ့် စိတ်ဖိစီးမှုကို ဖြေရှင်းချင်ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ သူက သူနဲ့သူ့ငယ်ချင်းတွေနဲ့ video ရိုက်ပြီး facebook မှာတင်ခဲ့တာလို့ ၎င်းအမျိုးသားက ပြောကြားခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ရေကြီးရေလျှံမှုကို တာဆီးနိုင်ရန် အိမ်ရှေ့မှာ တရားထိုင်နေခဲ့တဲ့ အမျိုးသားရဲ့ video ဟာ လူကြိုက်များခဲ့ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*