စွန့်ပစ်လိုက်တဲ့မင်္ဂဆောင်ပန်းများကိုစုဆောင်းကာ အထီးကျန်လူနာများအတွက် ပန်းစည်းပြန်ထိုးပေးလေ့ရှိတဲ့ ဆရာဝန်မလေး (ရုပ်သံ)

Virginia Commonwealth University School of Medicine မှ Eleanor အမည်ရှိဆေးကျောင်းသူတစ်ဦးဟာ ဆေးရုံထဲမှာနေရတဲ့ဘ၀ဘယ်လောက်စိတ်မွန်းကျပ်စရာကောင်းတာကိုသိနေတာကြောင့် လူနာတစ်ဦးစီရဲ့ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာနာကျင်မှုဝေဒနာများကို အနည်းငယ်သက်သာသွားစေရန်နှင့် ၎င်းတို့ရဲ့မျက်နှာများအား အပြုံးများပေးစွမ်းနိုင်ရန်အတွက် သူမဟာ အံ့သဩဖွယ်ကောင်းလောက်တဲ့အရာတစ်ခုကိုစတင်ပြုလုပ်ခဲ့ပါတယ်။ Eleanor ဟာ Riverside ဒေသဆေးဘက်ဆိုင်ရာစင်တာမှာ သူမရဲ့အလုပ်တာဝန်ကိုထမ်းဆောင်နေစဉ် ပြင်းထန်စွာဖျားနာနေတဲ့လူနာများရဲ့ ရုန်းကန်မှုများကိုမျက်မြင်ကိုယ်တွေ့ခဲ့ရတာကိုပြန်တွေးရင်း သူမရဲ့လူနာများကို ဘယ်လိုအားပေးအားမြောက်လုပ်ပေးရပါ့မလဲဆိုတာကိုစဉ်းစားနေခဲ့ရကြောင်း အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။

.

Eleanor ဟာ သူမ ဆေးကျောင်းမတက်မီစဉ်ကပန်းအရောင်းဆိုင်တစ်ခုမှာအလုပ်လုပ်ခဲ့ပြီး မင်္ဂလာဆောင်ပွဲများသို့လည်း မကြာခဏပန်းထိုးခြင်းများသွားလုပ်ပေးလေ့ရှိခဲ့ပါတယ်။

.

ဒါ့ကြောင့် Eleanor ဟာ သူမရဲ့သူငယ်ချင်းများနှင့်အတူ ၂၀၁၉ ခုနှစ်မှာ The Simple Sunflower volunteers လုပ်ငန်းကိုစတင်လုပ်ကိုင်ဖြစ်သွားခဲ့ပါတယ်။

.

မင်္ဂလာဆောင်ပွဲရှိပိုင်ရှင်များက ၎င်းတို့ရဲ့ပန်းများအား ပြန်လှူပေးနိုင်တယ်လို့သဘောတူမှ သူမတို့သူငယ်ချင်းရှစ်ယောက်လုံးက မင်္ဂလာပွဲများသို့ပန်းများသွားကောက်ကြပြီး မင်္ဂလာဆောင်ပွဲရှိပန်းများစွာမှ လတ်ဆတ်နေသေးတဲ့ပန်းများကိုပြန်ရွေးယူကာ ဆေးရုံရှိလူနာများအတွက် ပန်းအိုးတစ်ခုစီဖြင့် တင်္နလာနေ့တိုင်း လူနာအယောက် ၂၀ ကနေ ၄၀ အထိစီစဉ်ပေးလေ့ရှိပါတယ်။

.

ထို့ပြင် ဆေးရုံရဲ့ကျန်းမာရေးစောင့်ရှောက်မှုအောက်မှာရှိတဲ့ Joe နှင့် Haley McCann တို့စုံတွဲက ” ကျွန်မတို့အတွက် ရိုးရှင်းတဲ့ပန်းစည်းလေးလုပ်ပေးခဲ့တဲ့သူမတို့ရဲ့ရိုးသားတဲ့ကြင်နာမှုအပြုအမူတွေကို ကျွန်မတို့ကိုယ်တိုင်ခံစားမိတယ် ၊ သူမတို့က ဆေးရုံမှာရှိနေတဲ့ကျွန်မတို့ရဲ့နေ့ရက်တွေကိုတောက်ပအောင်ကူညီပေးခဲ့သလို ကျွန်မတို့ရဲ့အပျော်ရွှင်ဆုံးနေ့ကိုလည်းသူမတို့နဲ့အတူဝေမျှနိုင်ခဲ့လို့တကယ်ကိုကျေးဇူးတင်မိတယ် ” လို့ Haley က The Simple Sunflower ရဲ့ကြိုးစားအားထုတ်မှုများရဲ့အရေးပါပုံလည်းပြောကြားခဲ့ပါသေးတယ်။

Eleanor ဟာ ထိုဆေးရုံ၌သူမရဲ့ယေဘုယျနေထိုင်မှုကတစ်နှစ်သာရှိသေးပေမဲ့လည်း သူမရဲ့The Simple Sunflower volunteers စီမံကိန်းကလည်း အခြားမြို့တစ်မြို့သို့တိုးချဲ့ပြီး လူနာများအား မျှော်လင့်ချက်နှင့်ချစ်ခြင်းမေတ္တာများဆက်လက်ပေးစွမ်းနိုင်ဖို့အတွက်လည်းမျှော်လင့်မိပါတယ်။

JRose (KB Chimmy One)

Reference : spotlightstories

Be the first to comment on "စွန့်ပစ်လိုက်တဲ့မင်္ဂဆောင်ပန်းများကိုစုဆောင်းကာ အထီးကျန်လူနာများအတွက် ပန်းစည်းပြန်ထိုးပေးလေ့ရှိတဲ့ ဆရာဝန်မလေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*