ပမာဏနည်းပါးတဲ့ငွေကို ၂နှစ်အတွင်းမှာပင် ပိုပြီး များပြားတဲ့ပမာဏအဖြစ်သို့ ချွေတာစုဆောင်းနိုင်ခဲ့တဲ့ စံပြအမျိုးသား



JRose (Mckzone daily)

Reference : redchili21

Unicode

ပိုက်ဆံများကို ချွေတာ စုဆောင်းခြင်းပြုလုပ်ပါက ၎င်းဟာ အထူးသဖြင့် သင့်အနာဂတ်အတွက်တကယ်ကိုအကျိုးရှိပါတယ် ။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ သင်ဘယ်တော့မှ မသိနိုင်တဲ့အတွက် သင့်ရဲ့လေ့လာမှုတွေ၊ အားလပ်ရက်တွေအတွက်၊ ဒါမှမဟုတ် နေမကောင်းပြီး အရေးပေါ်အခြေအနေမျိုးမှာ သင်ငွေတွေကို လိုအပ်လာပါလိမ့်မယ် ။ ဒါကြောင့် သင်တကယ် ပိုက်ဆံစုဆောင်းဖို့ လိုပါတယ် ။ အခုဖော်ပြမဲ့ ဒီလူက ၂ နှစ်အတွင်း RM 9,850 ကို ဘယ်လို စုဆောင်းနိုင်ခဲ့လဲဆိုတာကို ဝေမျှခဲ့ပါတယ် ။ သူက သူ့ရဲ့ piggy bank ထဲကို RM20 ထည့်ခဲ့ပြီး ၂ နှစ်အတွင်း RM ၉,၈၅၀ အထိ စုဆောင်းနိုင်ခဲ့ပုံကို ပုံနဲ့ တင်ပြလာခဲ့ပါတယ် ။

ဒီအမျိုးသားက သူ့မှာ ရှိတဲ့ RM20 တိုင်းကို စုထားခဲ့ပါတယ် ။ ဒါပေမဲ့ သူ့မှာ RM50 နဲ့ RM100 တို့ကိုလည်း စုဆောင်းခဲ့ပါတယ် ။ ၂ နှစ်အတွင်း piggy စုဘူးများက သူငွေပိုမထည့်နိုင်လောက်အောင်အထိ ပြည့်လာခဲ့ပါတယ် ။ ထို့ကြောင့် နောက်ဆုံးမှာ သူက piggy bank ကို ဖွင့်လိုက်ပြီး ငွေအားလုံးကို တွက်ချက်ပြီးနောက် ၂ နှစ်အတွင်း RM ၉,၈၅၀ ကို သူစုဆောင်းနိုင်ခဲ့ပါတယ် ။ ဒါကြောင့် ဒီလူက ချွေတာရေးစွမ်းအားကို လျှော့မတွက်သင့်ဘူး။ အသေးငယ်ဆုံးသောငွေကိုပင် နောက်ဆုံးမှာ ပိုပြီးကြီးတဲ့ ပမာဏသို့ စုဆောင်းနိုင်လိမ့်မာပါလို့ သူကပြောပါတယ် ။ ဒါကြောင့် သူက လူတွေကို ငွေစုဖို့တကယ်အားပေးပြီးတော့ ငွေကိုချွေတာဖို့၊ မင်းမှာလည်းအရည်အချင်းတွေလိုအပ်တယ် လို့ ဆိုခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ပမာဏနည်းပါးတဲ့ငွေကို ၂နှစ်အတွင်းမှာပင် ပိုပြီး များပြားတဲ့ပမာဏအဖြစ်သို့ ချွေတာစုဆောင်းနိုင်ခဲ့တဲ့ စံပြအမျိုးသား"

Leave a comment

Your email address will not be published.


*