သန်း ၁၄၀ နီးပါးကုန်ကျခံပြီး ဈေးအကြီးဆုံးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့တဲ့အတွက်ကြောင့် လူအများကို အံ့သြလို့မဆုံးဖြစ်စေခဲ့တဲ့ ဘီလျံနာသူဌေးအမျိုးသမီး

ဇမ်ဘီယာနိုင်ငံ Victoria Falls အနီးတွင် ချမ်းသာတဲ့ သတို့သမီးတစ်ဦးက အစားအစာ၊ စားဖိုမှူး၊ ပေါ့ပ်အဆိုတော်နဲ့ ဧည့်သည်အများစုကို Royal Livingstone Hotel မှာ ကြီးကျယ်တဲ့ bachelorette ပွဲကို ငါးရက်အကြာ ကျင်းပရန် ၎င်းတို့ရဲ့ ဇာတိမြို့မှ ကိုယ်ပိုင်ဂျက်လေယာဉ်များဖြင့် စီးနင်းသွားခဲ့ပါတယ် ။ ၎င်းမင်္ဂလာအခန်းအနားကို ဘတ်ငွေ သန်း ၁၄၀ နီးပါးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး တစ်နှစ်တာအတွက် ဈေးအကြီးဆုံးမင်္ဂလာဆောင်ပွဲ ဖြစ်လာခဲ့ပါတယ် ။ Komosmolskaya Pravda လို့ခေါ်တဲ့ ဒီဘီလျံနာသူဌေးအမျိုးသမီးက ယခင်က ယူကရိန်းမှာ ကျောပိုးအိတ်များရောင်းခြင်းနဲ့ စတင်ခဲ့ပြီး ရရှားမှာ အအောင်မြင်ဆုံး အွန်လှိုင်းရောင်းဝယ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ် ။ သူမက သူ့ရဲ့လက်တွဲဖော်ကို ပထမဆုံးအကြိမ် ဒူဘိုင်းမှာ တွေ့ဆုံခဲ့ပါတယ် ။

ဒီကြီးကျယ်ခန်းနားတဲ့ မင်္ဂလာဆောင်ပွဲကိုသတို့သားရော သတို့သမီးအတွက်ပါ ပါတီပွဲအပါအဝင် ၅ ရက်စီစဉ်ထားပါတယ် ။ အာဖရိက ညစာစားပွဲများ၊ အဖြူရောင်ရေဖောင်၊ safaris နဲ့ ရုရှားအနက်ရောင် caviar တို့ဖြင့် ပွဲကြီးများကို စားပွဲတိုင်းမှာ တည်ခင်းဧည့်ခံထာပါတယ် ။

သတို့သမီးက အမေရိကန်ဖက်ရှင်ဒီဇိုင်နာ Vera Wang မှ မင်္ဂလာဆောင်ဂါဝန်ဖြင့်လူတိုင်းကိုအံ့သြစေခဲ့ပါတယ် ။ Komosmolskaya Pravda က ရုရှားမှ တောင်အာဖရိကအထိ အလှဆင်များမှ ပန်းကန်များကို ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းနဲ့ မှာကြားခဲ့ပါတယ် ။

.

သတို့သမီးက အခမ်းအနားမှာ လိုအပ်တဲ့အစားအသောက်များကို ချက်ပြုတ်ရန် စားဖိုမှူး ငှားဖို့အပါအဝင်ပြောထားပြီး နံနက်စာ menu ကို Russia မှ black caviar ကျွေးပါတယ် ။ ပြင်သစ်မှအကောင်းဆုံးချိစ်များနဲ့ ဝိုင်များလည်းရှိပါတယ် ။

ဧည့်သည်များအတွကာ တစ်နေ့ပြီးတစ်နေ့ မတူညီတဲ့ဆောင်ပုဒ်နဲ့ ဧည့်သည်တွေ အံ့သြစေခဲ့ပါတယ် ။ ပွဲကြီးအပြီးမှာ သတို့သမီးက အွန်လိုင်းမှာတင်ပြီး လူများစွာကို အံ့အားသင့်စေခဲ့ပါတယ် ။

Netizen များစွာက သူမတို့ရဲ့ မင်္ဂလာဆောင်အခမ်းအနား ကုန်ကျစရိတ်ကို ကြည့်ပြီး အံ့သြလို့မဆုံးဖြစ်နေခဲ့တာကြောင့် မှတ်ချက်များ ပေးရန် ထွက်လာကြပါတယ် ။

Mia (Mckzone daily)

Reference : khaosod

Be the first to comment on "သန်း ၁၄၀ နီးပါးကုန်ကျခံပြီး ဈေးအကြီးဆုံးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့တဲ့အတွက်ကြောင့် လူအများကို အံ့သြလို့မဆုံးဖြစ်စေခဲ့တဲ့ ဘီလျံနာသူဌေးအမျိုးသမီး"

Leave a comment

Your email address will not be published.


*