လှပတဲ့မျိုးရိုးဗီဇတစ်ခုကြောင့် အနက်ရောင်ဆံပင် ၊ အညိုရောင်အသားအရေနဲ့ အပြာရောင်မျက်လုံးများ ပိုင်ဆိုင်ထားတဲ့ လူမျိုးစုတစ်စု



JRose (Mckzone daily)

Reference : redchili21

Unicode

ဆံပင်ရွှေရောင်ဆံပင်နဲ့ မျက်လုံးပြာများပိုင်ဆိုင်ထားတဲ့ လူသားအကြောင်းပြောတဲ့အခါ ကျွန်ုပ်တို့က ဥရောပလူမျိုးဆိုပြီး အမြဲတွေးတက်ကြပါတယ် ။ ဒါပေမယ့် အပြာရောင်မျက်လုံးပိုင်ဆိုင်တဲ့ ဥရောပသားတွေတင်မကဘူး အင်ဒိုနီးရှားမှာ မျိုးနွယ်စုတစ်ခုက လှပတဲ့အပြာရောင်မျက်လုံးတစ်စုံလည်းရှိပါတယ် ။ Buton မျိုးနွယ်စုက အင်ဒိုနီးရှားနိုင်ငံရှိ မျိုးနွယ်စုတစ်ခုဖြစ်ပြီး၊ Buton ကျွန်းပေါ်ရှိ အရှေ့တောင်ဘက် Sulawesi ပြည်နယ်မှာ နေထိုင်ပါတယ် ။ Butonese များအကြားမှာ သူတို့ရဲ့အသားအရေက အညိုရောင်ဖြစ်သော်လည်း ၎င်းတို့မှာ အပြာရောင်မျက်လုံးများရှိပြီး Butonese များနဲ့ ကွဲပြားခြားနားတဲ့ အုပ်စုများရှိပါတယ် ။

Sin Chew ရဲ့အဆိုအရ Butonese ရဲ့အပြာရောင်မျက်လုံးများက ၎င်းတို့ရဲ့ မျက်လုံးများကိုပြာသွားစေတဲ့ ရှားပါးမျိုးရိုးဗီဇဆိုင်ရာ ရလဒ်တစ်ခုဖြစ်ပါတယ် ။ ၎င်းရဲ့ မျိုးရိုးဗီဇဆိုင်ရာပြဿနာကို “ Waardenburg Syndrome” လို့ ခေါ်ပါတယ် ။ Waardenburg Syndrome က မွေးရာပါအကြားအာရုံဆုံးရှုံးမှုနဲ့ အရောင်ခြယ်ပစ္စည်းချို့တဲ့မှု အနည်းဆုံးအဆင့်ရှိတဲ့ ရှားပါးဗီဇအခြေအနေ အုပ်စုတစ်ခုဖြစ်ပါတယ် ။ ၎င်းချို့ယွင်းချက်များက တောက်ပတဲ့မျက်လုံးများ၊ အပြာရောင်မျက်လုံးတစ်လုံး နဲ့ အညိုရောင်မျက်လုံးတစ်လုံး၊ အဖြူရောင်ရှေ့သွားတစ်ခု သို့မဟုတ် အသားအရည်ကို ကွက်ကွက်များဖြစ်စေနိုင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လှပတဲ့မျိုးရိုးဗီဇတစ်ခုကြောင့် အနက်ရောင်ဆံပင် ၊ အညိုရောင်အသားအရေနဲ့ အပြာရောင်မျက်လုံးများ ပိုင်ဆိုင်ထားတဲ့ လူမျိုးစုတစ်စု"

Leave a comment

Your email address will not be published.


*