သစ်သီးတွေအားလုံး အကုန်ဝယ်သွားခဲ့တဲ့ စုံတွဲနှစ်ဦးရဲ့ ကြင်နာမှုကြောင့် အရမ်းပျော်ပြီး မျက်ရည်များကျခဲ့တဲ့ သစ်သီးရောင်းသူအဘိုးအို



JRose (Mckzone daily)

Reference : redchili21

Unicode

မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ ဓာတ်ဆီဆိုင်ရဲ့ဘေးမှာ သစ်သီးရောင်းနေတဲ့ ဦး လေးတစ်ယောက်ရဲ့ ဗီဒီယိုကို သူမ၏ Facebook မှာ တင်ခဲ့တဲ့အခါ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပါတယ် ။ ဒီဗွီဒီယိုဖိုင်က လူများစွာရဲ့အသည်းကို နူးညံ့စေခဲ့တဲ့အရာက ဒီစုံတွဲဟာ အဘိုးအိုရဲ့ အသီးတွေအားလုံးကို လာဝယ်ပြီး အဘိုးကို မုန့်ဖိုးနည်းနည်းပေးခဲ့သေးတာကြောင့် ထိုမျက်ရည်ယိုစေတဲ့ ဗီဒီယိုဟာ Likes ၄၁K နဲ့ Share ၂၃K ကျော်ရရှိခဲ့ပါတယ် ။ ထိုပို့စ်အရ၊ သူမရဲ့ ခင်ပွန်းနဲ့ သူမရဲ့ကလေးများနဲ့အတူ ထိုအမျိုးသမီးက သူမရဲ့ကလေးပတွက် ရေခဲမုန့်ဝယ်ရန် ဓာတ်ဆီဆိုင်တစ်ဆိုင်နားမှာ ရပ်ထားပြီး သူမက သစ်သီးရောင်းတဲ့ အဘိုးအိုကို လန်းမြင်ခဲ့လိုက်ပြီး အဲဒီ့အချိန်မှာ ဦးလေးကတော့ လတ်ဆတ်တဲ့ သစ်သီးများရောင်းနေတာကို သူမ မြင်ခဲ့ပါတယ် ။

၎င်းအမျိုသမီးက “ဒီဦးလေးက သူ့အသက်အရွယ်လောက်ဆို ပစ္စည်းတွေ ရောင်းတာတို့ မလုပ်သင်းတော့ဘူး။ ဒါက ပိုက်ဆံရှာဖို့ တစ်ခုတည်းသောရွေးချယ်မှုပဲ ထင်တယ်” လို့ သူမက တွေးနေခဲ့ပါတယ် ။ ထို့ကြောင့် သူမက အဘိုးအိုအိမ်ပြန်ပြီး စောစောအနားယူလို့ရအောင် သူမက လတ်ဆတ်တဲ့သစ်သီးများအားလုံးကို ဝယ်ခဲ့လိုက်ပါတယ် ။ မှတ်ချက်တစ်ခုမှာ တစ်စုံတစ်ယောက်က ဦးလေးရဲ့သမီးဖြစ်သူက အလုပ်လုပ်ရန် စိတ်မဝင်စားကြောင်းနဲ့ သူမှာ ကလေးများမရှိလဲ မဟုတ်ကြောင်းရှင်းပြခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သစ်သီးတွေအားလုံး အကုန်ဝယ်သွားခဲ့တဲ့ စုံတွဲနှစ်ဦးရဲ့ ကြင်နာမှုကြောင့် အရမ်းပျော်ပြီး မျက်ရည်များကျခဲ့တဲ့ သစ်သီးရောင်းသူအဘိုးအို"

Leave a comment

Your email address will not be published.


*