၂ နှစ်သားအရွယ်လောက်က ဆုံးရှုံးလိုက်ရတဲ့မိခင်ကို သတိရတိုင်း ဖခင်နဲ့အတူ အုတ်ဂူဆီသွားပြီး အမေ့ရဲ့ပုံကို အနမ်းပေးလေ့ရှိတဲ့ ကောင်လေး




JRose (Mckzone daily)

Reference : yan

Unicode

လူတစ်ဦးစီအတွက် အပျော်ရွှင်ဆုံးအရာက သူတို့ရဲ့ အမေမေတ္တာနဲ့ အကာအကွယ်ပွေ့ဖက်နေထိုင်ခြင်းသာ ဖြစ်ပါတယ် ။ ဒါပေမယ့်လူတိုင်းက ကံကောင်းကြတာမဟုတ်ဘူး၊ အကြောင်းအမျိုးမျိုးကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သူတို့အမေနဲ့ အမြဲခွဲခွာနေရတဲ့ ကလေးတွေလည်း ရှိနေတက်ပါတယ် ။ မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ မိခင်ရဲ့အုတ်ဂူသို့ သွားတဲ့သားငယ်ရဲ့မြင်ကွင်းကို ရိုက်ကူးထားတဒ့ ဗီဒီယိုကို တင်ခဲ့ပါတယ် ။ ဗွီဒီယိုထဲက ကောင်လေးဟာ “ငါ ၂ နှစ်သားအရွယ်မှာ ငါ့အမေက လူ့လောကထဲ ထွက်သွားလိုက်ပြီ၊ ငါ့အမေကို သတိရတိုင်း၊ ကျောင်းကနေ ပြန်လာတိုင်း အဖေနဲ့အတူ အမေကိုသွားလည်ပြီး အမေ့အုတ်ဂူလေးကို အနမ်းပေးခဲ့တယ် ” လို့ ကောင်လေးက ဆိုပါတယ် ။

ဗီဒီယိုထဲမှာ အဖေက သားဖြစ်သူကို ကျောင်းခေါ်ပြီးနောက် သူ့အမေရဲ့အုတ်ဂူကို သွားလည်ပြီး သင်္ချိုင်းကိုရောက်တဲ့အခါ ကောင်လေးက ပြေးသွားပြီး အမေရဲ့ပုံကို နမ်းခဲ့ပါတယ် ။ ဒီလုပ်ဆောင်ချက်ဟာ ဗီဒီယိုရိုက်ကူးနေတဲ့အဖေရဲ့အားပေးမှုကို ရရှိခဲ့ပါတယ် ။ ဒါဟာခဏလေးသာ ဖြစ်ပေမယ့် ကြည့်ရှုသူများစွာကို တုန်လှုပ်စေခဲ့ပါတယ် ။ Netizen များက ကောင်လေးကို နှစ်သိမ့်စကားများပြောခဲ့ပြီး ယင်းသားအဖနှစ်ဦးကို အမြဲပျော်ရွှင်ပျော်ရွှင်စွာနေထိုင်ရန် မျှော်လင့်နေကြပါတယ် ။ တစ်နေ့မှာ အဖေကမိသားစုကို ပျော်ရွှင်စေမယ့် အမျိုးသမီးကောင်းတစ်ယောက်ကို ရှာလိမ့်မယ်လို့လည်း လူတွေကမျှော်လင့်ကြပါတယ် ။

မိခင်ဖြစ်ခြင်းက အလွန်မြင့်မြတ်တဒ့စိတ်ခံစားမှုတစ်ခုဖြစ်ပြီး မိခင်တစ်ဦးက သူမရဲ့ကလေးကို ကယ်တင်ရန် အရာအားလုံးကအစ သူမရဲ့အသက်ကိုပင် အဆုံးရှုံးခံနိုင် အနစ်နာခံပေးတက်တဲ့ လူသားပါ ။ အမေဟာ အမြဲတမ်းအရေးပါတဲ့သူတစ်ယောက်ဖြစ်ပြီး ငါတို့တစ်ယောက်ချင်းစီကို အပြည့်အဝချစ်တယ်၊ ဒါကြောင့် မင်းရဲ့အမေကို အမြဲချစ်ပြီးတန်ဖိုးထားပါ ။

JRose (Mckzone daily)

Be the first to comment on "၂ နှစ်သားအရွယ်လောက်က ဆုံးရှုံးလိုက်ရတဲ့မိခင်ကို သတိရတိုင်း ဖခင်နဲ့အတူ အုတ်ဂူဆီသွားပြီး အမေ့ရဲ့ပုံကို အနမ်းပေးလေ့ရှိတဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*