စုံတွဲတစ်တွဲက စကားပြောနိုင်တဲ့ မျောက်အကြောင်းဝေမျှတဲ့အခါမှာ လူအများမယုံကြည်နိုင်တာကြောင့် အမှန်တရားကိုဖော်ထုတ်ပြသလာခဲ့တဲ့ လူတစ်ဦး

မကြာသေးမီရက်များအတွင်း An Giang ပြည်နယ်၊ Thoai Son ခရိုင်၊ Sap တောင်တန်းဒေသရှိ လူသားလို ဘာသာစကားပြောဆိုနိုင်တဲ့ မျောက်တစ်ကောင်အကြောင်းကို ဆိုရှယ်မီဒီယာပေါ် လူပြောများနေခဲ့ပါတယ် ။ ASလို့ ခေါ်တဲ့ အမျိုးသားတစ်ဦးအပါအဝင် သတင်းရဲ့အမှန်တရားကိုရှာဖွေရန် စိတ်ဝင်စားတဲ့ လူများပင် ထိုနေရာသို့ ရောက်လာခဲ့ကြပါတယ် ။ သတင်းသမားက ဒီအထူးမျောက်ကို မွေးမြူခဲ့တဲ့ စုံတွဲကိုတွေ့ပြီး ဒီကိစ္စကိုရှင်းဖို့ သူတို့နဲ့စကားစမြည်ပြောခဲ့ပါတယ် ။ ထို့ကြောင့်မျောက်မွေးမြူသူအမျိုးသားတစ်ဦးက အဆိုပါမျောက်ဟာ စကားပြောနိုင်ရုံမက ဧည်သည်တွေကိုလည်း နှုတ်ဆက်တက်ပြီး အဖေအမေ ဆိုပြီးခေါ်နိုင်ကြောင်း သိရပါတယ် ။

“မျောက်ကို တစ်ယောက်ယောက်က ငါ့ကို သန်း ၂၀၀ ပေးလာလည်း ရောင်းမှာမဟုတ်ဘူး ။ သန်း ၅၀၀ ပေးရင်လည်း သဘောမတူဘူး “လို့ ၎င်းစုံတွဲက ဆိုပါတယ် ။ ဒါပေမဲ့ ပြည်ပမှ လူတစ်ဦးဖြစ်တဲ့ Mr. AS က လူသားစကားပြောနိုင်တဲ့မျောက်အား တွေ့ဆုံရန် သွားခဲ့ပါတယ် ။ အစပိုင်းမှာ မျောက်ကို အပြင်ခေါ်ထုတ်လိုက်တဲ့အခါ မျောက်ကကြောက်လန့်သွားပြီး ငြိမ်ငြိမ်မထိုင်နေခဲ့ပါဘူး ။

အဲဒီနောက်မှာတော့ မစ္စတာ AS က မျောက်ကလေးကို လူသားဘာသာစကားပြောဖို့တောင်းဆိုတဲ့အခါမှာ မျောက်က ဘာမှ မပြောဘဲ သူ့သခင်ပေးတဲ့ သရက်သီးကိုဘဲ အားရုံစိုက်နေခဲ့ပါတယ် ။

အဲဒီအခါမှာမစ္စတာ AS က မျောက်ကို “မင်းနာမည်က Ngoc လား။ အမေရိကန်က ငါ့ဦးလေးက မင်းစကားတစ်လုံးပြောနိုင်ရင် မင်းကို ၁၀ သန်းနဲ့ ဝယ်ယူမှာ” လို့ ပြောခဲ့ပါတယ် ။ ဒါပေမယ့် မျောက်ကနားမလည်ပုံရဒါကြောင့် သရက်သီးကိုသာ အာရုံစိုက်ခဲ့ပါတယ် ။

၎င်းကို ဗီဒီယိုနဲ့ ဖမ်းယူထားပြီး အင်တာနက်ပေါ် ဝေမျှတဲ့အခါမှာ Netizen များစွာက မျောက်က လူသားစကားပြောနိုင်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး ဆိုပြီး တုံ့ပြန်လာကြပါတယ် ။ ဒါ့အပြင်မျောက်ပိုင်ရှင်လင်မယားက အဖြစ်အပျက်ကိုရှင်းရှင်းလင်းလင်းမပြောပြနိုင်ခဲ့ပါ ။

ဘာလို့လဲဆိုတော့ သူတို့လင်မယားက မျောက်ဟာ လူသားတစ်ယောက်လို စကားပြောနိုင်တယ်လို့ အမြဲပြောလေ့ရှိပေမယ့် ဗီဒီယိုတစ်လျှောက်လုံးမှာ မျောက်က ဘာမှမပြောခဲ့ပါဘူး ။

လက်ရှိမှာ အဆိုပါဗီဒီယိုဖိုင်က အွန်လိုင်းအသိုင်းအဝိုင်းရဲ့ အာရုံစိုက်ခြင်းကို ခံနေရဆဲဖြစ်ပါတယ် ။ သင်ရော မျောက်က စကားပြောနိုင်တယ်လို့ ထင်ပါသလား ။

JRose (Mckzone daily)

Reference : yan

Be the first to comment on "စုံတွဲတစ်တွဲက စကားပြောနိုင်တဲ့ မျောက်အကြောင်းဝေမျှတဲ့အခါမှာ လူအများမယုံကြည်နိုင်တာကြောင့် အမှန်တရားကိုဖော်ထုတ်ပြသလာခဲ့တဲ့ လူတစ်ဦး"

Leave a comment

Your email address will not be published.


*