ယိုယွင်းပျက်စီးပြီး ရေ၊လျှပ်စစ်မီးမရှိတဲ့ အိမ်မှာ နေထိုင်နေတဲ့ ဒုက္ခိတအဘိုးအိုကို ကြံ့ခိုင်တဲ့ အိမ်အသစ်ဆောက်လုပ်ပေးခဲ့တဲ့ လူငယ်

မလေးရှာနိုင်ငံက ဒုက္ခိတအဘိုးအိုဟာ အသက် ၇၅ နှစ်ရှိပြီး Ahok လို့ခေါ်ကာ ခက်ခဲတဲ့ ဘဝကို ရုန်းကန်နေရပါတယ် ။ အဘိုးဟာ တစ်ယောက်တည်းနေထိုင်ပြီး အိမ်ကလည်း သစ်သားနဲ့ သွပ်ပြားတွေ နဲ့ ဆောက်ထားပါတယ် ။ ၎င်းရဲ့အခြေအနေက ယိုယွင်းပျက်စီးနေတာမို့ မည်သည့်အချိန်မဆို ပြိုကျနိုင်ပါတယ် ။ အိမ်မှာ ခြကောင်တွေနဲ့ သုံးစရာရေ၊ လျှပ်စစ်မီးတို့၊ အိမ်သာ၊ ရေချိုးခန်းများလည်း မရှိခဲ့ပါဘူး ။ နောက်ထပ်ဝမ်းနည်းစရာကောင်းတာက အဖိုး Ahok ဟာ မျက်စိတစ်ဖက်ကန်းနေပါတယ် ။ နေ့ဘက်တွင်မှာ ကြည်လင်စွာမမြင်နိုင်သော်လည်း နေရောင်မှ အလင်းရောင်အချို့ ရှိနေသေးပါတယ် ။

ညဘက်တွင်မှာ လျှပ်စစ်မီးမရှိသောကြောင့် ဆီမီးခွက်ရဲ့ အလင်းရောင်ကို အားကိုးပြီး အဘိုးအိုဟာ မိုးရေကို သုံးရန်စောင့်ဆိုင်းနေရပါတယ် ။ ရေချိုးရန် (သို့) အချို့ကိစ္စများဆောင်ရွက်ပါက အဖိုးဟာ အိမ်နောက်ဖေးရှိ ချုံပုတ်များကိုသာ သုံးရပါတယ် ။

ကံကောင်းတာက Taahok မှာ အိမ်နီးချင်းကောင်းတွေရှိတာကြောင့် အဘိုးကို အမြဲဂရုစိုက်ပြီး ကူညီပေးနေပါတယ် ။ အဘိုးရဲ့ အကြောင်းဟာ လွှတ်တော်အမတ် Steven Sims နားသို့ ရောက်လာပြီး သူက အဘိုးအတွက် အိမ်သစ်ဆောက်ရန် စေတနာ့ဝန် ထမ်းခဲ့ပါတယ် ။ အဘိုးက ထိုအမျိုးသား ကူညီပေးမယ်ဆိုတာကို ကြားလိုက်တာနဲ့ မျက်လုံးထဲကမျက်ရည်တွေ စီးကျလာခဲ့ပါတယ် ။

အရင်တုန်းက တခြားအေဂျင်စီတွေဆီကနေ အကူအညီအချို့ရခဲ့ပေမယ့် အိမ်ကိုကူညီမယ့်သူတစ်ယောက်မှ မရှိခဲ့တာကြောင့်ပါ ။ Steven Sims က အဖိုးအတွက် အိမ်ကို ကြံခိုင်တဲ့ အုတ်များ၊ သစ်သားအခင်းများ ၊ ကြွေပြားများဖြင့် အစားထိုပြီူ အမြန်ဆောက်လုပ်ပေးခဲ့ပါတယ် ။

ထို့အပြင် အမတ် Steven က အဘိုး Ahok ရဲ့ ကောင်းကျိုးကို ကောင်းစွာဂရုစိုက်ခဲ့ပြီး သူက အဘိုးအတွက် အဝတ်အစားတွေ၊ စားစရာတွေ၊ မအဘိုးရဲ့ကျန်းမာရေးကို စစ်ဆေးဖို့ ဆရာဝန်တစ်ယောက်ပါ ခေါ်လာခဲ့ပါတယ် ။

အဘိုးဟာ ကျန်းမာရေးပြဿနာအနည်းငယ်ရှိတာကို တွေ့ရပြီး အခွင့်အလမ်းရှိလျှင် သူဟာ အဘိုးအိုထံသေချာပေါက်ထပ်မံသွားလိမ့်မယ်လို့ ပြောခဲ့ပါတယ် ။ တကယ့်ကို စေတနာ့ဝန်ထမ်း တစ်ယောက်ပါလား။

အဘိုးကို အစစအရာရာ ကူညီပေးတဲ့အတွက် မင်း ဒီထက် တိုးတက်အောင်မြင်တဲ့လူ ဖြစ်လာမယ်ဆိုတာ ဧကန်မုချပါပဲ ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "ယိုယွင်းပျက်စီးပြီး ရေ၊လျှပ်စစ်မီးမရှိတဲ့ အိမ်မှာ နေထိုင်နေတဲ့ ဒုက္ခိတအဘိုးအိုကို ကြံ့ခိုင်တဲ့ အိမ်အသစ်ဆောက်လုပ်ပေးခဲ့တဲ့ လူငယ်"

Leave a comment

Your email address will not be published.


*