အသက္ (၃၃) ႏွစ္ကြာတဲ့ ရည္းစားနဲ႔ ခ်ိန္းေတြ႕ခဲ့လို႔ ေငြေၾကာင့္ခ်စ္တာဆိုၿပီး အျပင္းအထန္ေဝဖန္ခံရတဲ့ အသက္၂၁ ႏွစ္အ႐ြယ္မိန္းကေလး

အသက္အ႐ြယ္က အမွန္တကယ္ အေရးမႀကီးဘူးဆိုတာကို အသက္ ၂၁ ႏွစ္အ႐ြယ္အေမရိကန္အမ်ိဳးသမီးတစ္ဦး နဲ႔ ၅၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတို႔က သက္ေသျပေနပါတယ္ ။ မၾကာေသးမီက အေမရိကန္ႏိုင္ငံ၊ မီခ်ီဂန္ျပည္နယ္မွ အသက္ ၂၁ ႏွစ္အ႐ြယ္ Nicole Downs က အသက္ ၅၄ ႏွစ္အ႐ြယ္ သူမရဲ႕ခ်စ္သူ Michael နဲ႔ သူမရဲ႕ေန႔စဥ္ဘဝအေၾကာင္းကို ဗြီဒီယိုတစ္ခုတင္ၿပီးေနာက္ ဆိုရွယ္မီဒီယာမွာ လူအမ်ားမနာလို ျဖစ္႐ုံမက ေျပာဆိုမႈတစ္ခု ျဖစ္လာခဲ့ပါတယ္ ။ ဗီဒီယိုထဲမွာ Nicole က သူ႔အတြက္ Michaelလုပ္ခဲ့တာေတြအေၾကာင္းအမ်ားႀကီး ေျပာခဲ့ပါတယ္ ။ Michael က သူမအတြက္ ေစ်ႀကီးတဲ့အဝတ္အစားမ်ားဝယ္ေပးျခင္းအပါအဝင္ Botox၊ ႏႈတ္ခမ္းထိုးျခင္းနဲ႔ မၾကာေသးမီက တင္ပါးခြဲစိတ္မႈအတြက္ အဆီထိုးျခင္းမ်ားအပါအဝင္ အကုန္က်ခံေပးၿပီး သူမအေပၚ ဂ႐ုစိုက္မႈအေလးထားမႈေတြကို Nicole က ေဝမွ်လာခဲ့ပါတယ္ ။

ယင္းစုံတြဲႏွစ္ဦးက ၃ ႏွစ္ၾကာ ဆက္ဆံေရးရွိေသာ္လည္း ၂၀၂၀ ခုႏွစ္ၾသဂုတ္လမွာ လူတိုင္းအား ထုတ္ေဖာ္ျပသခဲ့ပါတယ္ ။ အသက္အ႐ြယ္ကြာျခားခ်က္ေၾကာင့္ Nicole က အစပိုင္းမွာ ရွက္႐ြံ႕ခဲ့ေပမယ့္ အဆုံးမွာေတာ့ သူမရဲ႕အခ်စ္ေရးကို ဆိုရွယ္မီဒီယာေပၚမွာ ျပဖို႔ဆုံးျဖတ္ခဲ့ပါတယ္ ။ ဒါေပမယ့္ ဝမ္းနည္းစရာေကာင္းတာက Nicole ဟာ မေကာင္းတဲ့မွတ္ခ်က္ေတြ အမ်ားႀကီးရခဲ့ပါတယ္ ။ လူမ်ားစြာက သူမကို ေငြေၾကာင့္ Michael ကို လက္ထပ္ယူတာလို႔ စြပ္စြဲခဲ့ပါတယ္ ။ ဒါေပမယ့္ သူမမထိတ္လန႔္ခဲ့ပါဘူး ။ သူမကဟာသတစ္ခုနဲ႔ဘဲ ျပန္ေျပာခဲ့ပါတယ္ ။ ဒါေပမယ့္သူတို႔ရဲ႕အခ်စ္ကို ေထာက္ခံတဲ့သူေတြအမ်ားႀကီး ရွိေနပါေသးတယ္။ Nicole ကိုယ္တိုင္ကသူမဟာ Michael ကို တကယ္ခ်စ္တာလို႔ထုတ္ေဖာ္ခဲ့ပါတယ္ ။ အနာဂါတ္ကိုအႀကိမ္ႀကိမ္အိပ္မက္မက္ၿပီး သူမဟာ တကယ္လက္ထပ္လိုၿပီး သူမရဲ႕က်န္တဲ့တစ္သက္လုံးကို Michael နဲ႔အတူေနခ်င္ခဲ့တယ္လို႔ ဆိုပါတယ္ ။

.

.

.

.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

အသက်အရွယ်က အမှန်တကယ် အရေးမကြီးဘူးဆိုတာကို အသက် ၂၁ နှစ်အရွယ်အမေရိကန်အမျိုးသမီးတစ်ဦး နဲ့ ၅၄ နှစ်အရွယ် အမျိုးသားတို့က သက်သေပြနေပါတယ် ။ မကြာသေးမီက အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် Nicole Downs က အသက် ၅၄ နှစ်အရွယ် သူမရဲ့ချစ်သူ Michael နဲ့ သူမရဲ့နေ့စဉ်ဘဝအကြောင်းကို ဗွီဒီယိုတစ်ခုတင်ပြီးနောက် ဆိုရှယ်မီဒီယာမှာ လူအများမနာလို ဖြစ်ရုံမက ပြောဆိုမှုတစ်ခု ဖြစ်လာခဲ့ပါတယ် ။ ဗီဒီယိုထဲမှာ Nicole က သူ့အတွက် Michaelလုပ်ခဲ့တာတွေအကြောင်းအများကြီး ပြောခဲ့ပါတယ် ။ Michael က သူမအတွက် စျေကြီးတဲ့အဝတ်အစားများဝယ်ပေးခြင်းအပါအဝင် Botox၊ နှုတ်ခမ်းထိုးခြင်းနဲ့ မကြာသေးမီက တင်ပါးခွဲစိတ်မှုအတွက် အဆီထိုးခြင်းများအပါအဝင် အကုန်ကျခံပေးပြီး သူမအပေါ် ဂရုစိုက်မှုအလေးထားမှုတွေကို Nicole က ဝေမျှလာခဲ့ပါတယ် ။

ယင်းစုံတွဲနှစ်ဦးက ၃ နှစ်ကြာ ဆက်ဆံရေးရှိသော်လည်း ၂၀၂၀ ခုနှစ်သြဂုတ်လမှာ လူတိုင်းအား ထုတ်ဖော်ပြသခဲ့ပါတယ် ။ အသက်အရွယ်ကွာခြားချက်ကြောင့် Nicole က အစပိုင်းမှာ ရှက်ရွံ့ခဲ့ပေမယ့် အဆုံးမှာတော့ သူမရဲ့အချစ်ရေးကို ဆိုရှယ်မီဒီယာပေါ်မှာ ပြဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက Nicole ဟာ မကောင်းတဲ့မှတ်ချက်တွေ အများကြီးရခဲ့ပါတယ် ။ လူများစွာက သူမကို ငွေကြောင့် Michael ကို လက်ထပ်ယူတာလို့ စွပ်စွဲခဲ့ပါတယ် ။ ဒါပေမယ့် သူမမထိတ်လန့်ခဲ့ပါဘူး ။ သူမကဟာသတစ်ခုနဲ့ဘဲ ပြန်ပြောခဲ့ပါတယ် ။ ဒါပေမယ့်သူတို့ရဲ့အချစ်ကို ထောက်ခံတဲ့သူတွေအများကြီး ရှိနေပါသေးတယ်။ Nicole ကိုယ်တိုင်ကသူမဟာ Michael ကို တကယ်ချစ်တာလို့ထုတ်ဖော်ခဲ့ပါတယ် ။ အနာဂါတ်ကိုအကြိမ်ကြိမ်အိပ်မက်မက်ပြီး သူမဟာ တကယ်လက်ထပ်လိုပြီး သူမရဲ့ကျန်တဲ့တစ်သက်လုံးကို Michael နဲ့အတူနေချင်ခဲ့တယ်လို့ ဆိုပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အသက္ (၃၃) ႏွစ္ကြာတဲ့ ရည္းစားနဲ႔ ခ်ိန္းေတြ႕ခဲ့လို႔ ေငြေၾကာင့္ခ်စ္တာဆိုၿပီး အျပင္းအထန္ေဝဖန္ခံရတဲ့ အသက္၂၁ ႏွစ္အ႐ြယ္မိန္းကေလး"

Leave a comment

Your email address will not be published.


*