မိတ္ကပ္ပညာျဖင့္ တကယ့္ကိုအျမင္အာရံုလွည့္စားႏိုင္တဲ့ ပံုစံမ်ိဳးဖန္တီးပံုေဖာ္ျပခဲ့တဲ့ မိတ္ကပ္ပညာ႐ွင္

အသက္ ၄၁ ႏွစ္ရွိ Luca Luce ဟာ အီတလီႏိုင္ငံ တီဗီရႈိးမ်ားစြာအတြက္ အလုပ္လုပ္ခဲ့တဲ့ အေတြ႕အႀကဳံရွိေသာ မိတ္ကပ္ပညာရွင္နဲ႔ ပုံေဖာ္သူတစ္ဦး ျဖစ္ပါတယ္ ။ Luca က သူဟာ Picasso ကဲ့သို႔ မ်က္မွန္ကိုသုံးၿပီး မ်က္ႏွာ၊ ဦးေခါင္းနဲ႔ လက္မ်ားကို မိတ္ကပ္လိမ္းျခယ္ျခင္းျဖင့္ body painting ပုံစံလို႔ ေခၚပါတယ္ ။ Luca က သူ႔ရဲ႕ ႏွာေခါင္းကို ခဲတံျဖင့္ေရးျခစ္ၿပီး တတိယမ်က္လုံးကို ဆြဲျခင္း (သို႔) သူ႔ရဲ႕ ဦးေခါင္းခြံမွာ နက္ရႈိင္းတဲ့အက္ကြဲေၾကာင္းကို ထင္ေစျခင္းတို႔ ဖန္တီးခဲ့ပါတယ္ ။

Luca က“ ကြၽန္ေတာ္ ဒါေတြကို လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက စလုပ္ခဲ့တာ၊ အင္တာနက္မွာ သုေတသနအခ်ိဳ႕လုပ္ၿပီးတဲ့အခါ အဲဒီအခ်ိန္မွာ ဘယ္သူမွမလုပ္ဘူးဆိုတာကို သိလိုက္ရေတာ့ ကြၽန္ေတာ္စတင္ခဲ့တယ္ ။ စိတ္ကူးယဥ္နဲ႔ထိတ္လန႔္စရာ႐ုပ္ရွင္ေတြကေန လႈံ႕ေဆာ္မႈမ်ား ရခဲ့ေပမယ့္ ငါ့ရဲ႕စိတ္ထဲမွာ စြဲေနတဲ့ ေန႔စဥ္အရာဝတၳဳေတြ၊ ပုံစံမ်ိဳးစုံနဲ႔ ပုံေဖာ္ျခယ္သခဲ့တယ္ ။ ကြၽန္ေတာ္က ဆန္းသစ္တဲအရာေတြကို ကိုယ္တိုင္ဖန္တီးရတာ ႀကိဳက္တယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္အရင္က မလုပ္ဖူးတဲ့အရာေတြကို လုပ္ဖို႔အၿမဲႀကိဳးစားတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္ ။ သူ႔ရဲ႕ မိတ္ကပ္လိမ္းျခယ္ပုံကို ၾကည့္ျခင္းအားျဖင့္ သူဟာ အလြန္ထက္ျမတ္တဲ့ အႏုပညာရွင္လို႔ ဆိုႏိုင္ပါတယ္ ။

.

.

.

.

.

.

.

Jasmine (Mckzone daily)

Reference : storytrender

Unicode

အသက် ၄၁ နှစ်ရှိ Luca Luce ဟာ အီတလီနိုင်ငံ တီဗီရှိုးများစွာအတွက် အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံရှိသော မိတ်ကပ်ပညာရှင်နဲ့ ပုံဖော်သူတစ်ဦး ဖြစ်ပါတယ် ။ Luca က သူဟာ Picasso ကဲ့သို့ မျက်မှန်ကိုသုံးပြီး မျက်နှာ၊ ဦးခေါင်းနဲ့ လက်များကို မိတ်ကပ်လိမ်းခြယ်ခြင်းဖြင့် body painting ပုံစံလို့ ခေါ်ပါတယ် ။ Luca က သူ့ရဲ့ နှာခေါင်းကို ခဲတံဖြင့်ရေးခြစ်ပြီး တတိယမျက်လုံးကို ဆွဲခြင်း (သို့) သူ့ရဲ့ ဦးခေါင်းခွံမှာ နက်ရှိုင်းတဲ့အက်ကွဲကြောင်းကို ထင်စေခြင်းတို့ ဖန်တီးခဲ့ပါတယ် ။

Luca က“ ကျွန်တော် ဒါတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စလုပ်ခဲ့တာ၊ အင်တာနက်မှာ သုတေသနအချို့လုပ်ပြီးတဲ့အခါ အဲဒီအချိန်မှာ ဘယ်သူမှမလုပ်ဘူးဆိုတာကို သိလိုက်ရတော့ ကျွန်တော်စတင်ခဲ့တယ် ။ စိတ်ကူးယဉ်နဲ့ထိတ်လန့်စရာရုပ်ရှင်တွေကနေ လှုံ့ဆော်မှုများ ရခဲ့ပေမယ့် ငါ့ရဲ့စိတ်ထဲမှာ စွဲနေတဲ့ နေ့စဉ်အရာဝတ္ထုတွေ၊ ပုံစံမျိုးစုံနဲ့ ပုံဖော်ခြယ်သခဲ့တယ် ။ ကျွန်တော်က ဆန်းသစ်တဲအရာတွေကို ကိုယ်တိုင်ဖန်တီးရတာ ကြိုက်တယ်၊ ဒါကြောင့် ကျွန်တော်အရင်က မလုပ်ဖူးတဲ့အရာတွေကို လုပ်ဖို့အမြဲကြိုးစားတယ် ” လို့ ပြောဆိုခဲ့ပါတယ် ။ သူ့ရဲ့ မိတ်ကပ်လိမ်းခြယ်ပုံကို ကြည့်ခြင်းအားဖြင့် သူဟာ အလွန်ထက်မြတ်တဲ့ အနုပညာရှင်လို့ ဆိုနိုင်ပါတယ် ။

Jasmine (Mckzone daily)

Be the first to comment on "မိတ္ကပ္ပညာျဖင့္ တကယ့္ကိုအျမင္အာရံုလွည့္စားႏိုင္တဲ့ ပံုစံမ်ိဳးဖန္တီးပံုေဖာ္ျပခဲ့တဲ့ မိတ္ကပ္ပညာ႐ွင္"

Leave a comment

Your email address will not be published.


*