ကျားပေါက်ငါးကောင်ကို မွေးစားမိခင်အဖြစ် ကလေးအရင်းလို ဂရုစိုက်ပြုစုပေးခဲ့တဲ့ ခွေးမကြီး




JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက Toutiao စာမျက်နှာမှာ မိခင်ကျားက သားပေါက်ကလေးမွေးထားသော်လည်း ၎င်းကောင်းတို့ကို ဂရုမစိုက်သဖြင့် တောရိုင်းတိရိစ္ဆာန်မွေးမြူရေးအဖွဲ့က ထိုကျားပေါက်ငါးကောင်ကို မွေးမြူခဲ့ပြီး Labrador ခွေးမကို ကျားပေါက်လေးများရဲ့ မိခင်အဖြစ် ပြုလုပ်စေခဲ့ပါတယ် ။ ၎င်းဟာ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများအတွက် ခေါင်းကိုက်စေခဲ့ပါတယ် ။ ပထမတော့ ဒီကျားနဲ့ ခွေးဟာ ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာကို လူတိုင်းက စိုးရိမ်နေကြပါတယ် ။ ရုတ်တရက် သူတို့က အလွန်လိုက်ဖက်ညီစွာ အတူတကွနေထိုင် နေကြတာကို မြင်တွေ့ပြီး အံ့သြခဲ့ရပါတယ် ။ ကျားပေါက်လေးတွေက နွားနို့တွေသောက်ပြီး ခွေးနဲ့အတူကစားနေခဲ့ကြပါတယ် ။

နောက်ဆုံးတော့ ကျားပေါက်လေးတွေကို မိခင်ကျားရှိတဲ့ တောအုပ်ဆီ ပြန်လွှတ်ဖို့ နေ့ရောက်လာခဲ့ပါပြီ ။ ဒါပေမယ့် “မွေးစားအမေ” Labrador ခွေးက ကျားပေါက်တွေကို ပြန်လွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ် ။ လူတွေထင်မြင်ယူဆတာက Labrador ဟာ ကျားတွေကို သူ့ရဲ့ တကယ်ကလေးအရင်ပင် စဉ်းစားခဲ့ပုံရပါတယ် ။ ကျားတစ်ကောင်နဲ့ ပွေ့ချီတဲ့ ခွေးမရဲ့ ပုံက လူတိုင်းကို အလွန်ငြိမ်းချမ်းစေခဲ့ပါတယ် ။

ဒီစိတ်ဝင်စားစရာကောင်းတဲ့ပို့စ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့သွားပြီးနောက် အွန်လိုင်းအသိုင်းအဝိုင်းမှ လူများဟာ တစ်ချိန်တည်းမှာပင် ရဲရင့်ရုံသာမက နွေးထွေးတဲ့ နှလုံးသားရှိသည့် “မွေးစားအမေ” ဖြစ်တဲ့ Labrador ခွေးမကို ချီးကျူးစကားများစွာ ပြောဆိုလာခဲ့ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကျားပေါက်ငါးကောင်ကို မွေးစားမိခင်အဖြစ် ကလေးအရင်းလို ဂရုစိုက်ပြုစုပေးခဲ့တဲ့ ခွေးမကြီး"

Leave a comment

Your email address will not be published.


*