သခင်ဖြစ်သူနှင့်အတူ မကြောက်မလန့် ဟန်ချက်ညီစွာ ရေလွှာလျှောစီးပြနိုင်ခဲ့တဲ့ အံ့အားသင့်ဖွယ် ခွေးငယ်လေး


.

.

JRose (Mckzone daily)

Reference : storytrender

.

.

Unicode

ကျွန်တော်တို့က ရေလွှာလျှောစီးတက်တဲ့ ခွေးလေးတွေကို အရင်တုန်းက မြင်ဖူးပေမဲ့ ဒီလောက်ထိ ထူးချွန်ပြီး စီးနှင်နိုင်တဲ့ ခွေးကိုတော့ မြင်ဖူးမယ်လို့ မထင်ပါဘူး ။ အခုဖော်ပြမယ့် ပါးနပ်လွန်းတဲ့ ခွေးကလေးဟာ ကယ်လီဖိုးနီယားပြည်နယ်၊ San Diego ကမ်းခြေသို့ ပြင်းထန်သောလှိုင်းအချို့ကို စီးနေစဉ် ဗီဒီယိုနဲ့ ဖမ်းယူထားခဲ့ပါတယ် ။ ခွေးမလေးဟာ လှိုင်းလုံးကြီးထန်နေသော်လည်း သူမရဲ့ဟန်ချက်ကို ထိန်းထားပြီး ရေစိမ်ခြင်းကို ရှောင်နိုင်ခဲ့ပါတယ် ။ ဒီဗီဒီယိုဖိုင်ကို ဝေမျှပြီးနောက် social media ပေါ်မှာ ဒီခွေးမလေးရဲ့ ဂုဏ်သတင်းများ မွေးပြန့်နေခဲ့ပါတယ် ။ Netizen တိုင်းက ဒီခွေးမလေးကို ချီးကျူးနေခဲ့ကြပါတယ် ။ ခွေးမလေးနဲ့ သူ့သခင်တို့ ရေလွှာလျှောစီးနေတဲ့ အံ့သြစရာဗီဒီယိုကိုလည်း ဝေမျှပေးထားပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သခင်ဖြစ်သူနှင့်အတူ မကြောက်မလန့် ဟန်ချက်ညီစွာ ရေလွှာလျှောစီးပြနိုင်ခဲ့တဲ့ အံ့အားသင့်ဖွယ် ခွေးငယ်လေး"

Leave a comment

Your email address will not be published.


*