ဟင်းချက်နေရင်း ဆံပင် မီးလောင်ကျွမ်းနေခဲ့မှန်း သတိမထားမိခဲ့တဲ့ အမျိုးသမီးအဖြစ် (ရုပ်သံ)



JRose (Mckzone daily)

Reference : khaosod

Unicode

မီးဖိုချောင်ထဲမှာ ထမင်းဟင်းချက်ပြုတ်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ အလုပ်ရှုပ်နေတာကြောင့် မသိလိုက်ခင်တစ်မိနစ်အလိုမှာ မီးက သူမရဲ့ခေါင်းပေါ်သို့ တောက်လောင်နေပြီး ကံကောင်းထောက်မစွာနဲ့ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့တာကြောင့် ဒဏ်ရာဒဏ်ချက်များမရရှိခဲ့ပါဘူး ။ ဒီအဖြစ်အပျက်ဟာ စက်တင်ဘာ ၁၆ ရက်နောက်ဆုံး ဖြစ်ခဲ့တာပါ ။ ၎င်းကို မီးဖိုချောင်ရှိ CCTV တစ်ခုကနေ ဖမ်းယူမိခဲ့တာဖြစ်ပါတယ် ။ ပုံထဲကနေ အဲဒီ့အချိန်မှာ အမျိုးသမီးရဲ့ဆံပင်တွေ မီးလောင်နေတယ်ဆိုတာကို သင်မြင်နိုင်ပါတယ် ။ သူမဟာ ဓာတ်ငွေ့မီးဖိုရဲ့အောက်ခြေအံဆွဲထဲက အရာတွေကို ကောက်ဖို့အောက်ကိုငုံ့နေစဉ် သူမရဲ့ ဆံပင်ကို ဓာတ်ငွေ့မီးဖိုနဲ့ နီးကပ်စေသောကြောင့် ဂက်စ်မီးဖိုမှ မီးဟာ သူမရဲ့ ခေါင်းပေါ်သို့ တောက်လောင်စေခဲ့တာပါ ။

သူမဟာ ချက်ပြုတ်ရေးအလုပ်များလွန်းခြင်းသို့မဟုတ် ဆံပင်များထူလွန်းခြင်းတို့ကြောင့် အခုလို ဖြစ်သွားတာလို့လည်း ထင်မိပါတယ် ။ ဗွီဒီယိုဟာ ပျံ့နှံ့သွားခဲ့ပြီး ရယ်မောခဲ့ကြတဲ့ Netizens များရှိသလို့ သူမအပေါ် သနားမိတဲ့ သူများလည်းရှိပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဟင်းချက်နေရင်း ဆံပင် မီးလောင်ကျွမ်းနေခဲ့မှန်း သတိမထားမိခဲ့တဲ့ အမျိုးသမီးအဖြစ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*