သက်ကြီးသူ‌တွေကို ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းဖို့ လှုံ့ဆော်မှုပေးခဲ့တဲ့ သက်ကြီးစုံတွဲနှစ်ဦး



.

.

.

.

.

.

.

.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

Chang Wan-ji အမည်ရှိ ၈၃ နှစ်အရွယ် အဖိုး နဲ့ Hsu Sho-er လို့ခေါ်တဲ့ ၈၄ နှစ်အရွယ် အဖွားတို့ လင်မယားနှစ်ယောက်ဟာ နှစ်ပေါင်း ၆၀ ကျော်အတူတကွရှိနေခဲ့ပြီး Wansho Laundry အဝတ်လျှော်ဆိုင်ငယ်လေးကို ဖွင့်လှစ်ခဲ့ပါတယ် ။ ဒါကြောင့် ဒါဟာ စတိုးဆိုင်မှာကျန်ခဲ့တဲ့ အဝတ်အစားတွေကို ဓာတ်ပုံရိုက်ရန် ကောက်ကိုင်ခြင်းဖြင့် အကျိုးရှိစွာ သုံးဖို့စိတ်ကူးခဲ့တာဖြစ်ပါတယ် ။ ၎င်းဟာ အဘိုးနဲ့ အဘွားတော်တော် အသက်ကြီးနေပြီလို့ ထင်ရပေမဲ့ ၎င်းစုံတွဲရဲ့ တူဖြစ်သူကြောင့် ဓာတ်ပုံရိုက်ကူးရန် လှုံ့ဆော်မှုဖြစ်ရပါတယ် ။ ထို့ကြောင့် ၎င်း သက်ကြီးစုံတွဲ နှစ်ဦးဟာ ကျော်ကြားမှုများရရှိခဲ့ပြီး မကြာသေးမီက ၎င်းတို့နှစ်ဦးဟာ ပရိသတ်များကြည့်ရှုရန် Instagram ကို ဖွင့်ခဲ့ပါတယ် ။ သူတို့ရဲ့ Follower အရေအတွက်ဟာ ပြောစရာမလိုတော့လောက်အောင် ၁ လသာအသက်သွင်းလိုက်သောကြောင့် စုစုပေါင်း follower ဦးရေ ၆ သိန်းရှိသွားပြီဖြစ်ပါတယ် ။

ဟုတ်ပါတယ်၊ နှစ်ဦးစလုံးက အသက်အရွယ်ကြီးနေပါပြီ ။ ဒါပေမဲ့ ၎င်းဟာ ညှိုးနွမ်းနေတဲ့ နှလုံးသားကို တစ်ဖန်ပြန်လည်တောက်ပစေရုံသာမက အထူးသဖြင့် သက်ကြီးရွယ်အိုတွေအများကြီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုပျော်ပျော်ကြီးထွက်ကြဖို့ လှုံ့ဆော်မှုတစ်ခုပါ ။ ဒီသက်ကြီး ရွယ်အို စုံတွဲ နှစ်ယောက်ရဲ့ ချစ်စရာဓာတ်ပုံတွေကို ကြည့်ရှုခံစားကြည့်ပါအုန်း ။

JRose (Mckzone daily)

Be the first to comment on "သက်ကြီးသူ‌တွေကို ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းဖို့ လှုံ့ဆော်မှုပေးခဲ့တဲ့ သက်ကြီးစုံတွဲနှစ်ဦး"

Leave a comment

Your email address will not be published.


*