၅၈ နှစ်ကြာကွဲကွာသွားပြီးနောက် သားနဲ့ပြန်တွေ့ရလို့ ပီတိဖြစ်လွန်းရာမှ မျက်ရည်များကျခဲ့တဲ့ အသက် ၉၀ အရွယ်ဖခင် (ရုပ်သံ)




JRose (Mckzone daily)

Reference : khaosod

Unicode

တရုတ်နိုင်ငံ၊ Shandongပြည်နယ်၊ Shaoxhuang ရှိ နှလုံးသားကြည်နူးစရာအဖြစ်အပျက်လေးတစ်ခုမှာ အသက် ၉၀ အရွယ်အဖိုး Luo က သားဖြစ်သူကို ၅၈ နှစ်ကျော်ခွဲခွာစေခဲ့ပြီး သူ့ရဲ့အသက် ၆၀ အရွယ်သား Fu နဲ့ ပြန်လည်ဆုံတွေ့ခဲ့ခြင်းဖြစ်ပါတယ် ။ အဖိုး Luo က ၁၉၆၃ ခုနှစ်မှာ သူက သူ့သားကို ၂ နှစ်အရွယ်သားနဲ့ ရထားစောင့်နေချိန် ခွဲခွာခြင်းအကြောင်းပြောခဲ့ပါတယ် ။ နောက်ပြန်လှည့်ကြည့်တဲ့အခါ သားဖြစ်သူ ပျောက်ကွယ်သွားတာကို တွေ့လိုက်ပြီး အဲဒီနောက် မိသားစုက သားကို တတ်နိုင်သမျှ ရှာဖို့ နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ပါတယ် ။ နှစ်ဦးစလုံးက အင်တာနက်အပါအဝင် မီဒီယာမျိုးစုံကိုသုံးပြီး သတင်းစာများမှာ ထုတ်ဝေခဲ့သော်လည်း အချည်းနှီးသာဖြစ်ပါတယ် ။

၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ Saozhou မြို့လုံခြုံရေးဝန်ဆောင်မှုက အဖြစ်အပျက်ကို အထူးစုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ် ။ DNA စစ်ဆေးခြင်းနည်းပညာကို အသုံးပြုပြီး ရှာဖွေမှုကို အခြားတရုတ်ပြည်နယ်များသို့ချဲ့ထွင်နိုင်စေခဲ့ပါတယ် ။၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်အထိ အရာရှိများက မစ္စတာ Fu ကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ပါတယ် ။ DNA စစ်ဆေးမှုရလဒ်များအတည်ပြုပြီးနောက် ဝန်ထမ်းတစ်ဦးက သားအဖနဲ့ မျက်နှာချင်းဆိုင်တွေ့ရန် ချိန်းလိုက်ပါတယ် ။

ဗီဒီယိုထဲမှာ အဖိုး Luo က ထိုင်ခုံပေါ်ထိုင်ပြီး စောင့်နေစဥ် လူတစ်ယောက်က သူ့ရင်ခွင်ထဲကို ပြေးလာနေတဲ့ အဲဒီ့လူက Fu ဖြစ်ပါတယ် ။ သားအဖနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး မျက်ရည်တွေနဲ့ အဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့သူများက သူတို့ရဲ့ မျက်ရည်များကို မထိန်းနိုင်ဖြစ်စေခဲ့ပါတယ် ။ Fu က သူ့နောက်ခံအကြောင်း သိပ်မသိဘူးလို့ ပြောပါတယ် ။ သူ့ရဲ့ မွေးစားမိဘများက ရှန်ဟိုင်းမှာ သူ့ကိုသာ ပြုစုပျိုးထောင်ရန် လက်ခံခဲ့တယ်လို့ ရိုးရှင်းစွာပြောကြားခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "၅၈ နှစ်ကြာကွဲကွာသွားပြီးနောက် သားနဲ့ပြန်တွေ့ရလို့ ပီတိဖြစ်လွန်းရာမှ မျက်ရည်များကျခဲ့တဲ့ အသက် ၉၀ အရွယ်ဖခင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*