အလုပ်မပျက်အောင်ကြိုးစားရင်း မိသားစုကိုပါပျော်စရာအားလပ်ရက်ရစေရန် ကမ်းခြေသို့ခေါ်ဆောင်သွားခဲ့တဲ့ ဖခင်



JRose (Mckzone daily)

Reference : khaosod

Unicode

ယခုဖော်ပြပေးမယ့် စူပါဖခင်တစ်ယောက်က သူ့မိသားစုကို ကမ်းခြေကိုခေါ်သွားပေမယ့် လုပ်စရာရှိတာလုပ်ပြီး မိသားစုအတွက် အလုပ်လုပ်ရမယ်ဆိုတဲ့အထာနဲ့ ကမ်းခြေအလယ်မှာ ထိုင်ပြီး ခရီးရော၊ အလုပ်မှာရော လုပ်ဆောင်နေခဲ့ခြင်းကြောင့် လူအများ ချီးကျူးနေကြပါတယ် ။ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ Tiktok အသုံးပြုသူ@kien7177 က လူတစ်ယောက်ကို ပြထားတဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ် ။ ကမ်းခြေမှာ ထိုင်ပြီး သူဟာ သက်တောင့်သက်သာရှိတဲ့ အဝတ်များနဲ့ ပင်လယ်ထဲသွားခဲ့ပါတယ် ။ သို့သော် အပန်းဖြေရန်မဟုတ်ဘဲ စားပွဲခုံချပြီး မှတ်စုစာအုပ်တွေနဲ့ အလုပ်လုပ်နေခဲ့ပါတယ် ။

၎င်းဟာ မိသားစုအားလုံးပျော်ရွှင်စရာအားလပ်ရက်ဖြစ်ရန် အလုပ်အားလုံးကို သယ်ပိုးလိုစိတ်ရှိတဲ့ Super Father ပဲဖြစ်ပါတယ် ။ ဗီဒီယိုကို ဖြန့်ချိပြီးနောက် ရက်အနည်းငယ်အတွင်း ကြည့်ရှုသူ တစ်သန်းနီးပါးရှိခဲ့ပါတယ် ။ Netizen များက ဖခင်ရဲ့အိမ်ထောင်ဦးစီးကို ချီးကျူးကြပြီး အချို့က အလုပ်ခွင်အကြောင်း ဟာသကြီးတစ်ခု ပြုလုပ်ခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အလုပ်မပျက်အောင်ကြိုးစားရင်း မိသားစုကိုပါပျော်စရာအားလပ်ရက်ရစေရန် ကမ်းခြေသို့ခေါ်ဆောင်သွားခဲ့တဲ့ ဖခင်"

Leave a comment

Your email address will not be published.


*