စားသောက်ဆိုင်မှာ လူသားတစ်ယောက်လို ယဉ်ကျေးသိမ်မွေ့စွာထိုင်နေပြီး သခင်နဲ့အတူ ညစာစားနေခဲ့တဲ့ ခွေးလေး



JRose (Mckzone daily)

Reference : khaosod

Unicode

ချစ်စရာကောင်းတဲ့အခိုက်အတန့်မှာ အဘိုးတစ်ဦးက သူ့ချစ်လှစွာသောခွေးကို စားသောက်ဆိုင်မှာ စားဖို့ ခေါ်သွားခဲ့ပါတယ် ။ ဒါ့အပြင် ခွေးလေးက သူ့အလုပ်သူသိပြီး အေးအေးဆေးဆေးထိုင်တယ်၊ အမူအကျင့်ကောင်းရှိတယ်၊ ခွေးက လူအများကြီးကို ဖမ်းစားနိုင်ခဲ့ပါတယ် ။ Gemma လို့ခေါ်တဲ့ အမျိုးသမီးက အစာစားနေစဉ် သူမနဲ့မဝေးသောနေရာမှာ ထိုင်နေတဲ့ ခွေးတစ်ကောင်ကို တွေ့ခဲ့ပါတယ် ။ ဆန့်ကျင်ဘက်မှာ ပိုင်ရှင်တစ်ယောက်ထိုင်နေပြီး ပိုင်ရှင်က သူ့ရှေ့မှာ ထိုင်ကာ ဝိုင်သောက်ရင်း အစားအစာတွေ စားနေပါတယ် ။ ခွေးလေးကလည်း သူ့ရဲ့ ရေဖလားကို နှစ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့နေသလိုပဲ ပျော်ပျော်ပါးပါးထိုင်စားနေကြပါတယ် ။

Gemma က မြင်မြင်ချင်းကြည်နူးစရာကောင်းသွားပြီး သူမက ခွေးကလေးရဲ့ ယဉ်ကျေးသိမ်မွေ့ပုံက အံ့သြဖွယ်ကောင်းတယ်လို့ ပြောကြားခဲ့ပါတယ် ။ အချို့ခွေးပေါက်များက အနှောက်အယှက်ဖြစ်စေတဲ့ အသံများဖြစ်စေနိုင်ပေမဲ့ ဒီခွေးလေးက ငြိမ်ငြိမ်လေးထိုင်နေပါတယ် ။ ဒီခွေဟာ သူမတွေ့ဖူးသမျှထက် ပိုကောင်းတဲ့အမူအကျင့်တွေ ရှိကောင်းရှိနိုင်ပါတယ် ။ Gemma က သူမတစ်ဦးတည်းသာ သတိပြုမိတာမဟုတ်ဘဲ စားသောက်ဆိုင်ထဲက အခြားဖောက်သည်တွေကလည်း ခွေးလေးကို မြင်ပြီး ပြုံးနေခဲ့ပါတယ် ။ ခွေးလေးရဲ့ အမှုအကျင့်လေး ယဥ်ကျေးပြီး ချစ်စရာကောင်းနေပါတယ် ။

JRose (Mckzone daily)

Be the first to comment on "စားသောက်ဆိုင်မှာ လူသားတစ်ယောက်လို ယဉ်ကျေးသိမ်မွေ့စွာထိုင်နေပြီး သခင်နဲ့အတူ ညစာစားနေခဲ့တဲ့ ခွေးလေး"

Leave a comment

Your email address will not be published.


*