သမီးဖြစ်သူက အရွယ်ရောက်ပေမဲ့လည်း အတွေးထဲမှာတော့ ကလေးငယ်သာရှိသေးတဲ့အတွက် အသေးစိတ်လိုက်လံဂရုစိုက်ပေးလေ့ရှိတဲ့ ဖခင်



JRose (Mckzone daily)

Reference : thainewsonline

Unicode

မိခင်တစ်ဦးက သမီးအတွက် ဆံပင်တွေစည်းပေးခြင်း၊ ငယ်ရွယ်စဉ်ကလို အပြစ်အနာဆာမရှိ သမီးလေးကို ဂရုစိုက်ပေးနေတဲ့ ဖခင်ရဲ့ အထင်ကြီးစရာအပိုင်းကို ထုတ်ပြလာခဲ့ပါတယ် ။ မိဘတွေရဲ့ချစ်ခြင်းမေတ္တာက သူတို့ကလေးရဲ့ ဝန်ထုပ်တွေအားလုံးကို လက်ခံပြီး အတတ်နိုင်ဆုံးအကောင်းဆုံးဘဝကို ရှင်သန်ဖို့ သူတို့က ကလေးတွေကို ပြုစုပျိုးထောင်ခဲ့တာပါ ။ ခက်ခဲမယ်ဆိုတာကို သိနေရင်းတောင် သူတို့က သူ့တို့ရဲ့ကလေးတွေကို တစ်ခါမှတောင် မညည်းညူဖူးပါဘူး ။ ဒါ့အပြင် ကလေးများက မိဘများနဲ့အတူရှိစဉ်က အထင်ကြီးစရာဂရုစိုက်မှုတွေ မကြာခဏရရှိခဲ့ပါတယ် ။ အခုတခါမှာလည်း ဖခင်တစ်ဦးက သူ့သမီးကျောင်းသွားရင်လည်း သူကူညီနိုင်တဲ့အရာအားလုံးကို စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်ပေးနေတာကို ပြသထားပါတယ် ။

ဒီဖခင်ဟာ သူ့သမီးက အရွယ်ရောက်နေပြီဆိုပေမဲ့ သူ့ရဲ့စိတ်ထဲမှာတော့ ကလေးလေးတစ်လို ရှိနေသေးတာကြောင့် ဂရုစိုက်မှုတွေ ပေးနေခဲ့တာပါ ။ ဒါဟာ ဖခင်တစ်ဦးရဲ့ အနိုင်းမဲ့ ချစ်ချင်းမေတ္တာတရားပါဘဲလေ ။ ဒါကို မြင်တွေ့ရတဲ့ netizens များအတွက် အလွန်အထင်ကြီးစရာဖြစ်စေခဲ့ပြီး ဒီဖခင်ကို ချီးကျူးမိပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သမီးဖြစ်သူက အရွယ်ရောက်ပေမဲ့လည်း အတွေးထဲမှာတော့ ကလေးငယ်သာရှိသေးတဲ့အတွက် အသေးစိတ်လိုက်လံဂရုစိုက်ပေးလေ့ရှိတဲ့ ဖခင်"

Leave a comment

Your email address will not be published.


*