ကလေးငယ်ကို ကာကွယ်ဆေးထိုးဖို့ခေါ်သွားရင်း ဖခင်ဖြစ်သူက ရှိုက်ကြီးတငင်ငိုကြွေးခဲ့တဲ့ အဖြစ်




JRose (Mckzone daily)

Reference : bestie

Unicode

အားကောင်းတဲ့ဖခင်ဖြစ်သော်လည်း ကာကွယ်ဆေးထိုးရန် သူတို့ရဲ့ကလေးလေးကို ခေါ်သွားတဲ့အခါ သူတို့ဟာ အားနည်းတဲ့ဖခင်ဖြစ်သွားခဲ့ပါတယ် ။ ဆရာဝန်များက သူတို့ရဲ့ကလေးကို ဆေးထိုးပေးတဲ့အခါ ကလေးနာမှာကိုကြောက်ပြီး ဖခင်ဖြစ်သူက မကြည့်ဝံ့ဘဲ ငိုနေခဲ့ပါတယ် ။ အများအားဖြင့် အမေကဘဲ ကလေးများကို ခေါ်ဆောင်လေ့ရှိသော်လည်း တစ်ခါတစ်ရံမှာ ဖခင်တို့က ခေါ်သွားလေ့ရှိပါတယ် ။ မကြာသေးမီက လူမှုကွန်ရက်မှာ ဆေးထိုးရန် ပြင်ဆင်နေတဲ့ ကငယ်လေးရဲ့ဖခင်က သူ့ရဲ့ကလေးကို ကိုင်ထားတဲ့ ရုပ်သံဗီဒီယိုတစ်ခု ပေါ်လာခဲ့ပါတယ် ။ ဒါကြောင့် ဖခင်က ကလေးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး၊ကလေးရဲ့ မျက်နှာကို အခြားလက်ဖြင့် အုပ်ကာ အပ်ကိုမမြင်ရအောင် တားဆီးပြီး ဖခင်က ချွေးအလွန်ထွက်နေတာကို မြင်တွေ့ရပါတယ် ။

ကလေးအတွက် ကာကွယ်ဆေးထိုးပေးရန် ဖခင်ရဲ့ အခြေအနေကိုကြည့်ပြီး လူတိုင်းရယ်မောစေခဲ့ပါတယ် ။ ဆရာဝန်က သူ့လက်ထဲထိုးသွင်းလိုက်တဲ့အခါ ကလေးကငိုပြီး အဖေကိုလည်းငိုစေခဲ့ပါတယ် ။ ဆေးထိုးပြီးနောက် ဆရာဝန်ကဖခင်ကို “ နောက်တစ်ကြိမ် ကလေးကို အမေကဘဲ ခေါ်လာခိုင်းပါ” လို့ ဖခင်ကို ပြောကြားခဲ့ပါတယ် ။ ဒီဗွီဒီယိုဖိုင်ကို လူမှုကွန်ယက်မှာတင်ပြီးနောက် လူတိုင်းရဲ့အာရုံစိုက်မှုကို အများကြီးရရှိခဲ့ပါတယ် ။ အဖေဘယ်လောက်ပဲသန်မာပါစေ၊ တခါတရံမှာ ဆေးထိုးရမှာကိုကြောက်တယ်၊ သူ့ကလေးဒဏ်ရာရမှာကိုကြောက်တယ်၊ ငိုမှာကိုကြောက်တယ် ဆိုပြီး မှတ်ချက်ပေးကြပါတယ် ။

၎င်းအရာများက ဖခင်များဟာ သူတို့ရဲ့ သားသမီးများကို အလွန်ချစ်မြတ်နိုးကြောင်းပြသတဲ့ အရာများဖြစ်ပါတယ် ။ သားသမီးတွေကို ဂရုစိုက်တဲ့ဖခင်တွေရဲ့ပုံရိပ်တွေဟာ တစ်ခါတစ်ရံမှာ ဆိုးရွားပေမယ့် အမြဲတမ်းနူးညံ့မှုနဲ့ နွေးထွေးမှုတွေနဲ့ ပြည့်နှက်နေပါတယ် ။ မင်းရော၊ ဒီအဖေ့ရဲ့အထူးပုံရိပ်တွေကို မင်းဘယ်လိုမြင်လဲ။ ကျေးဇူးပြုပြီး ကျွန်ုပ်တို့နဲ့ မျှဝေပါ ။

JRose (Mckzone daily)

Be the first to comment on "ကလေးငယ်ကို ကာကွယ်ဆေးထိုးဖို့ခေါ်သွားရင်း ဖခင်ဖြစ်သူက ရှိုက်ကြီးတငင်ငိုကြွေးခဲ့တဲ့ အဖြစ်"

Leave a comment

Your email address will not be published.


*