လမ်းလယ်က ရေများပြည့်နက်နေတဲ့ အိုင်ကြီးတစ်ခုမှာ ရေချိုးပြီး လမ်းများပြုပြင်ဖို့လိုပြီ ဆိုတဲ့အကြောင်းကို ပြသခဲ့တဲ့ လူငယ်

လမ်းအလယ်က ကြီးမားတဲ့ ရေအိုင်တစ်ခုမှာ သက်တောင့်သက်သာ ထိုင်ပြီး ရေချိုးနေတဲ့ လူတစ်ယောက်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ အာရုံစိုက်မှု ရရှိစေခဲ့ပါတယ် ။ ၎င်းက လမ်းကိုအမြန်ဆုံးပြုပြင်ရန် တာဝန်ရှိအာဏာပိုင်များထံဆန္ဒပြတဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ် Amag Ohan ရဲ့ ဗီဒီယိုတစ်ခုဖြစ်ပါတယ် ။ Ohan က ဆန္ဒပြခြင်းဖြင့် ရေချိုးခြင်းနဲ့ ဆံပင်ကို အကြာကြီး လျှော်နေခဲ့တာပါ ။ Ohan ရဲ့ လုပ်ရပ်များဟာ ဖြတ်သွားဖြတ်လာလူများကို ထိတ်လန့်စေခဲ့ပါတယ် ။ ဒါပေမယ့် သူက ဘေးလူတွေရဲ့အကြည့်ကို ဂရုမစိုက်ဘဲ သူလုပ်တဲ့ အရာက တာဝန်ရှိအေဂျင်စီသို့ သတင်းစကားပို့နေခဲ့တာပါ ။

ဘာကြောင့်လည်းဆိုတော့ ၎င်းလမ်းဟာ ပျက်စီးနေတာ ၂ နှစ်ကျော်ပြီဖြစ်သော်လည်း ပြန်လည်မပြုပြင်ပေးသောကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က မိုးရွာသဖြင့် အပေါက်မှာ ရေများ လျှံထွက်လာခဲ့ပါတယ် ။ လူများစွာအတွက် ဒုက္ခဖြစ်စေပြီး မော်တော်ဆိုင်ကယ်များက မကြာခဏတွင်းထဲသို့ ချော်ကျလေ့ရှိခဲ့ပါတယ် ။

“ ဒါက ဆန္ဒပြတဲ့ ပုံစံတမျိုးဘဲ။ လမ်းပေါ်မှာ ပေါက်နေတဲ့ကျင်းများကြောင့် လမ်းအခြေအနေများနဲ့ ရေနုတ်မြောင်းစနစ်များ ညံ့ဖျင်းမှုကြောင့် လူအများက ပျက်စီးမှုများစွာကို ခံစားရတယ် ” လို့ Ohan က ပြောကြားခဲ့ပါတယ် ။

သတင်းများအရ ပျက်စီးသွားတဲ့လမ်းဟာ Praya မှာ တည်ရှိပါတယ် ။ West Nusa Tenggara ပြည်နယ်က ၎င်းလမ်းဟာ ဇိမ်ခံအဆောက်အဦးများနဲ့ ခရီးသွားများ၊ အစိုးရရုံးများစွာနဲ့ နီး သော်လည်း သူတို့က မပြုပြင်ပေးခဲ့ပါ ။

ဒါပေမယ့် မကြာခင်မှာပဲ Ohan ရဲ့ကြိုးစားမှုက အောင်မြင်ခဲ့ပါတယ် ။ သူဟာ ဓာတ်ပုံကို ဝေမျှပြီးနောက် အရာရှိများက ထိုနေရာသို့ သွားပြီး လမ်းပြုပြင်ခြင်းကို ချက်ချင်းလုပ်ဆောင်ခဲ့ပါတယ် ။

ထိုသတင်းကိုကြားတဲ့ ရွာသားများက ” အရမ်းနောက်ကျနေပြီမဟုတ်လား “လို့ တစ်ပြိုင်နက်တည်းပြောလာကြပါတယ် ။

အရာရှိတွေက “၎င်းဟာ ဘယ်တော့မှ နောက်ကျမည်မဟုတ်ကြောင်း နိုင်ငံသားအားလုံးရဲ့ လိုအပ်ချက်များဖြည့်ဆည်းရန် ဝန်ထမ်းများက လက်ရှိအင်အားအပြည့်ဖြင့် လုပ်ဆောင်နေတယ်” လို့ ပြန်ပြောခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "လမ်းလယ်က ရေများပြည့်နက်နေတဲ့ အိုင်ကြီးတစ်ခုမှာ ရေချိုးပြီး လမ်းများပြုပြင်ဖို့လိုပြီ ဆိုတဲ့အကြောင်းကို ပြသခဲ့တဲ့ လူငယ်"

Leave a comment

Your email address will not be published.


*