ခင်ပွန်းဖြစ်သူဖောက်ပြန်နေတာတွေ့ပြီး ဆံပင်ကိုအတိုညှပ်ပစ်လိုက်ကာမှ အတော်လေးလှသွားခဲ့တဲ့ အမျိုးသမီး
JRose (Mckzone daily)
Reference : the-sun
Unicode
အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းက အခြားအမျိုးသမီးနဲ့ မက်ဆေ့ခ်ျပို့နေတာကို တွေ့ရှိပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး သူမရဲ့ ဆံပင်အားလုံးကို ဖြတ်တောက်ပစ်ရန် ဆုံးဖြတ်ခဲ့ရာမှ ပိုပြီး တောက်ပနေခဲ့ပါတယ် ။ TikTok အသုံးပြုသူတစ်ဦးဟာ သူ့ခင်ပွန်းရဲ့ ဖုန်းထဲမှာ တခြားကောင်မနဲ့ မဖွယ်မရာမက်ဆေ့ခ်ျများပို့ပေးနေတာကို တွေ့ရှိပြီးနောက် သူမရဲ့ အစီအစဉ်ကိုထုတ်ဖော်ပြသတဲ့ ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ် ။ သူမဗီဒီယိုဖိုင်မှာ “ငါ့ခင်ပွန်းရဲ့ဖုန်းထဲမှာမက်ဆေ့ချ်တွေ တွေ့ခဲ့တယ်၊ ဒါကြောင့် သူအရမ်းချစ်တဲ့ ဆံပင်ရှည်ကို ငါဖြတ်ပစ်မယ်” ဆိုပြီး စာတန်းရေးသားထားပါတယ် ။
၎င်းမိခင်က သူမရဲ့ ကလေးများကို အိမ်မာ ထားခဲ့ပြီး ဆံပင်ရှည်ကို အတိုညှပ်ရန် ဆံပင်ညှပ်ဆိုင်သို့ ထွက်သွားခဲ့ပါတယ် ။ ထို့နောက်သူမဟာ သူမရဲ့အသွင်သစ်ဗီဒီယိုကို ဝေမျှခဲ့ပြီး သူမကို မျက်ရည်ကျစေခဲ့ပါတယ် ။ “ Omg wtf ငါအရမ်းလှတယ်” လို့ သူမရေးခဲ့ပါတယ် ။ ဒီဗီဒီယိုဟာကြည့်ရှုသူ ၁၂ သန်းကျော်နဲ့ ဒီအသည်းကွဲမိခင်ကို အားဖြည့်ပေးတဲ့ Netizen တွေဆီက မှတ်ချက် ၂၅၀၀၀ ကျော်ရရှိခဲ့ပါတယ် ။
Netizen တစ်ယောက်က “ မင်းကအံ့မခန်းဘုရင်မတစ်ပါးဘဲ ၊ မင်းရဲ့ကိုယ်ပိုင်အုပ်ချုပ်မှုကို မင်းလုပ်နိုင်တယ်။ မင်းရဲ့ဆံပင်အသစ်နဲ့ မင်းဘဝသစ်က ပိုတောက်ပလာပြီး ပန်းတွေပွင့်လာလိမ့်မယ်။ ” လို့ မှတ်ချက်ပေးကြပါတယ် ။ ၎င်းမိခင်ဟာ နောက်ပိုင်းမှာ သူမအပေါ် လိမ်လည်တဲ့ ခင်ပွန်းကို စွန့်ခွာရန် ရွေးချယ်ခဲ့တယ် ဆိုတဲ့ နောက်ဆက်တွဲဗီဒီယိုတစ်ခုကို မျှဝေလာခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ခင်ပွန်းဖြစ်သူဖောက်ပြန်နေတာတွေ့ပြီး ဆံပင်ကိုအတိုညှပ်ပစ်လိုက်ကာမှ အတော်လေးလှသွားခဲ့တဲ့ အမျိုးသမီး"
Leave a comment
Your email address will not be published.
*