ငါးကန်ကိုဆေးရန် ခင်ပွန်းသည်က ငြင်းဆန်ခဲ့လို့ ဒေါသထွက်ကာ နောက်ဆုံး ငါးကိုဖမ်းပြီး ကြော်စားပစ်လိုက်တဲ့ ဇနီးသည်




JRose (Mckzone daily)

Reference : khaosod

Unicode

မကြာသေးမီက အင်ဒိုနီးရှား tiktok အသုံးပြုသူ (@miakurniawan01) ဟာ ငါးချစ်သူများသို့မဟုတ် သားငါးသတ်သမားများကဲ့ နှလုံးသားကို ကြေကွဲစေတဲ့ ကလစ်တစ်ခုကို တင်ခဲ့ပါတယ် ။ အဆိုပါအမျိုးသမီးက ငါးကန်ကိုသန့်ရှင်းရေးလုပ်ရနခ ငြင်းဆန်တဲ့သူမရဲ့ခင်ပွန်းကို လက်စားချေပုံကိုပြတဲ့အခါ ကြည့်ရှုသူ ၆ သန်းကျော်ရှိနေခဲ့ပါတယ် ။ အကြောင်းက သူမဟာ အလွန်ဈေးကြီးတဲ့ “arowana” (သို့) နဂါးငါး (tank) ကို ငါးကန်ထဲမွေးမြူထားပြီး ကန်ကို သန့်ရှင်းရေးလုပ်ပေးရန် သူမရဲ့ ခင်ပွန်းအား တောင်းဆိုခဲ့ပါတယ် ။ ဒါပေမဲ့ ခင်ပွန်းက ရှင်းမယ် ရှင်းမယ်လို့ ကတိတွေအကြိမ်ကညိမ်ပေးခဲ့ပေမဲ့ အချိန်တိုင်းမှာ သူမကဘဲ ငါးကန်ကို သန့်ရှင်းရေးလုပ်သူဖြစ်ခဲ့ပါတယ် ။

သူမရဲ့သည်းခံမှုက နောက်ဆုံးမှာ ငါးတွေ ကုန်ဆုံးသွားခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူမက ခင်ပွန်းကို ဒေါသထွက်နေဒါကြောင့် Arowana ငါးကို ကန်ထဲမှထုတ်ပြီး ၎င်းကိုသန့်စင်ကာ အရသာရှိရှိနဲ့ ကြော်ပြီးစားပစ်လိုက်ပါတယ် ။ လူအများက သူမဟာ အလွန်ဆိုးသွမ်းတယ်လို့ ထင်ကောင်းထင်မိလိမ့်မယ် ။ ဒါပေမယ့် ခင်ပွန်းက ငါးကန်ကို သန့်ရှင်းဖို့ငြင်းဆန်တာကြောင့် အဲဒီ့အချိန်တုန်းက arowana ငါးဟာ ကောင်းကောင်းမရှင်သန်တော့ဘူးဆိုတာကို သူမမြင်ခဲ့ဒါကြောင့် ကြော်စားဖို့ ဆုံးဖြတ်လိုက်တာပါ ။

သတင်းအရ သူမရဲ့ခင်ပွန်းက arowana ငါးရဲ့ ကံကြမ္မာကို မကျေမနပ်ဖြစ်ခဲ့ပေမယ့် မကြာခင်မှာ ခင်ပွန်းက နားလည်သွားပြီး အခုတော့ သူတို့နှစ်ယောက်ဟာ အရင်လိုကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်ရောက်လာပါပြီ။

JRose (Mckzone daily)

Be the first to comment on "ငါးကန်ကိုဆေးရန် ခင်ပွန်းသည်က ငြင်းဆန်ခဲ့လို့ ဒေါသထွက်ကာ နောက်ဆုံး ငါးကိုဖမ်းပြီး ကြော်စားပစ်လိုက်တဲ့ ဇနီးသည်"

Leave a comment

Your email address will not be published.


*