တောက်ပပြီး ရှည်လျားတဲ့ ရွှေရောင်ဆံပင်များရရှိရန် သူမရဲ့ဆံပင်ကို မဖြတ်တာ ၂၃ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီး



JRose (Mckzone daily)

Reference : khaosod

Unicode

အသက် ၂၈နှစ်အရွယ် Ansilika အမည်ရှိ ရှရှားလူငယ်အမျိုးသမီးဟာ သူမရဲ့ ထူးခြားပြီး တောက်ပတဲ့ ရွှေရောင်ဆံပင်နဲ့ ရှည်လျားနေခဲ့ပါတယ် ။ Ansilika ဟာ သူမမှာ ရွှေရောင်ဆံပင်ရှိပြီး ခြေချင်းဝတ်ထိ ရှည်လျားပြီး သူမဆံပင်မဖြတ်တာ ၂၃ နှစ်ရှိပြီလို့ ပြောပါတယ် ။ သူမအသက် ၅ နှစ်မှာ နောက်ဆုံးဆံပင်ညှပ်ပြီးတဲ့နောက် သူမဆံပင်ကိုထပ်မဖြတ်တော့ပါ ။ ယခုသူမဆံပင်က အလှဆုံးဆံပင်နဲ့ကျေနပ်မှုကို ခံစားရပြီး သူမက သူမရဲ့ဆံပင်ကို ဂရုစိုက်ရန် ရိုးရှင်းကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။ သူမက တစ်ပတ်လျှင်နှစ်ကြိမ် ဆံပင်ပုံမှန်လျှော်ပြီးမှ ရှုပ်ထွေးမှုမရှိစေရန် နူးညံ့တဲ့ ခေါင်းဖြီးဖြင့် သဘာဝအတိုင်းအခြောက်ခံခဲ့ပါတယ် ။

“ ကျွန်မ ဒီလိုဆံပင်ရှည်ထားရတာ အရမ်းခက်ခဲတယ်။ အချိန်မတိုင်ခင်အထိ ဆံပင်ကို စိတ်မသက်မသာ ခံစားရနိုင်တယ်။ ဒါပေမယ့် ဒါဟာထိုက်တန်ပါတယ် ။ ဘာလို့လဲဆိုတော့ ဆံပင်အရှည်ထားတာက အထင်ကြီးစရာကောင်းပြီး ကျွန်မအဲဒါကိုကြိုက်တယ်” လို့ Ansilika က သူမဆံပင်ကို ပိုရှည်အောင်လုပ်ဖို့ အစီစဉ်ရှိပါတယ် ။

JRose (Mckzone daily)

Be the first to comment on "တောက်ပပြီး ရှည်လျားတဲ့ ရွှေရောင်ဆံပင်များရရှိရန် သူမရဲ့ဆံပင်ကို မဖြတ်တာ ၂၃ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*