ခြေထောက်များ ဆုံးရှုံးခဲ့ရပေမဲ့ အဓိပ္ပာယ်ရှိတဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့ အမျိုးသား

ဗီယက်နမ်နိုင်ငံ Dak Lak ပြည်နယ်မှာမွေးဖွားတဲ့ Mr. To Dinh Khanh အမည်ရှိ အမျိုးသားတစ်ဦးဟာ အတိတ်မှာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံခဲ့ရပြီး ခြေထောက်နှစ်ဘက်ဆုံးရှုံးခဲ့ရပါတယ် ။ ထိုအချိန်မှစပြီး သူက ကျန်းမာသန်စွမ်းတဲ့ ခြေထောက်များကို ဆုံးရှုံးခဲ့ရသော်လည်းလှပပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝကို ရှင်သန်ရန်အမြဲကြိုးစားခဲ့ပါတယ် ။ ထို့ကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်ရတဲ့ ကောင်လေးက ပိုတက်ကြွစွာနေဖို့ ဆုံးဖြတ်ပြီး လက်နှစ်ချောင်းနဲ့လမ်းလျှောက်တာကို လုပ်တယ်၊ ကိုယ်ပိုင်လုပ်နိုင်တဲ့ အရာတွေကို လုပ်ခဲ့ပါတယ်။

ထို့နောက် သူက သွားလာရလွယ်ကူစေရန် လျှပ်စစ် wheelchair တစ်လုံးဝယ်ရန် ငွေစုခဲ့ပါတယ် ။ အထူးသဖြင့် အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်သက်တာကို ဆက်လက်ရှင်သန်ရန်နဲ့ လှုံ့ဆော်မှုများစွာရရှိရန် မသန်စွမ်းအမျိုးသား Nick Vujicic နဲ့ တွေ့ဆုံခဲ့ပါတယ် ။

Nick က စီးပွားရေးနဲ့ ဈေးကွက်ရှာဖွေရေးမှာ မျှဝေခဲ့ပါတယ် ။ ထိုအချိန်မှစပြီး သူက အွန်လိုင်းမှ သူ့ရဲ့ အပြုသဘောဆောင်တဲ့စွမ်းအင်နဲ့ ဘဝလှုံ့ဆော်မှုကို ဝေမျှရန် Youtube channel တစ်ခု တည်ထောင်ခဲ့ပါတယ် ။

သူက သူနဲ့တူတဲ့ အခြေအနေမျိုးမှာ ရှိနေသူများစွာကို ‌ကြိုးစားပြီးရှေ့ဆက်ရန် လှုံ့ဆော်ပေးခဲ့ပါတယ် ။ အခက်အခဲများစွာ ဖြတ်သန်းပြီးနောက် သူက ခြေထောက်မရှိသော်လည်း ရှေ့သို့ ဆက်လက်လျှောက်လှမ်းနိုင်ခဲ့ပါတယ် ။

အထူးသဖြင့် ဒီကပ်ရောဂါကာလမှာ သူက သူ့ပတ်ဝန်းကျင်က ချို့တဲ့သူတွေကို ကူညီဖို့ ပရဟိတလုပ်ငန်းတွေ အများကြီးလုပ်ခဲ့ပါသေးတယ် ။

သူရဲ့ ပုဂ္ဂိုလ်ရေးစာမျက်နှာမှာ Khanh က ဆင်းရဲနွမ်းပါးသူများကို လက်ဆောင်ပေးရန် လူတိုင်းကို လက်တွဲရန် ဖိတ်ခေါ်ခဲ့ပါတယ် ။

ဒါကြောင့် အရင်တုန်းက အကူအညီအများကြီးရထားတဲ့ Khanh က အခြားသူတွေကို အများကြီး ကူညီနိုင်ခဲ့ပါပြီ ။

စိတ်ပိုင်းရောရုပ်ပိုင်းဆိုင်ရာပါ အခက်အခဲများစွာကြားမှ Khanh က ၎င်းတို့အားလုံးကို ကျော်ဖြတ်ခဲ့ပြီး အခု သူက အရင်လိုမကျန်းမာတော့ပေမယ့် သူ့မှာအသက်ရှင်ဖို့ ထိုက်တန်တဲ့ ဘဝတစ်ခုရှိနေပါသေးတယ် ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "ခြေထောက်များ ဆုံးရှုံးခဲ့ရပေမဲ့ အဓိပ္ပာယ်ရှိတဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*