အာကာသကျောက်ခဲ ၁၈လုံးကို တွေ့ရှိနိုင်ခဲ့ပြီးနောက် “ အငယ်ဆုံး” နက္ခတ္တဗေဒပညာရှင်လို့ တင်စားခံရတဲ့ အသက်၈ နှစ်အရွယ် မိန်းကလေး

နာမည်ကျော်ဘရာဇီးမိန်းကလေး Nicole Oliveira ဟာ အသက် ၈ နှစ်သာရှိသေးပြီး ငယ်စဉ်ကတည်းက နက္ခတ္တဗေဒကို ချစ်မြတ်နိုးသူဖြစ်ပါတယ် ။ NASA မှ စီစဉ်တဲ့ ဂြိုဟ်သိမ်ရှာဖွေရေးပရောဂျက်မှာ ပါဝင်ပြီးနောက် သူမက အာကာသကျောက်ခဲ ၁၈ လုံးကို telescope မှ တဆင့် တွေ့ရှိနိုင်ခဲ့ပါတယ် ။ အကယ်လို့ တွေ့ရှိမှုကို သိပ္ပံပညာရှင်များက ဂြိုဟ်သိမ်တစ်ခုအဖြစ် အတည်ပြုပါက Oliveira ဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး နက္ခတ္တဗေဒပညာရှင်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့ တွေ့ရှိမှုအသစ်ကို အတည်ပြုရန် ၅ နှစ်ခန့်ကြာလိမ့်မယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ် ။ သူမဟာ NASA မှာ အလုပ်လုပ်တာကြောင့် သူမဟာ နှီးနှောဖလှယ်ပွဲများစွာမှာ ပါဝင်ခဲ့ပြီးထိပ်တန်းသိပ္ပံပညာရှင်များစွာနဲ့ တွေ့ဆုံခဲ့ရပါတယ် ။ ဒါကြောင့် သူမကို “ အငယ်ဆုံး” နက္ခတ္တဗေဒပညာရှင်လို့ ခေါင်းစဉ်ပေးထားပါတယ် ။

.

မိသားစုဝင်များရဲ့ အဆိုအရ Oliveira ဟာ သူမရဲ့ အခန်းကို ဆိုလာစနစ်ပိုစတာမျိုးစုံဖြင့် ဖြည့်ခဲ့ပြီး သူမရဲ့ စာအုပ်စင်တွင် သေးငယ်တဲ့ ဒုံးပျံများနဲ့ ကြယ်တာရာစစ်ပွဲဇာတ်ကောင်များ ရှိနေခဲ့ပါတယ် ။

.

Oliveira က များသောအားဖြင့် ဖန်သားပြင်နှစ်ခုပါတဲ့ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်လေ့ရှိပြီး သူမရဲ့အားလပ်ချိန်ကို အာကာသကျောက်ဆောင်များရှာဖွေရာမှာ လွယ်ကူစေရန် telescope မှ ရိုက်ကူးထားတဲ့ ညကောင်းကင်ပုံရိပ်များကို လေ့လာခဲ့ပါတယ် ။

သူမရဲ့မိခင် Zilma Janaca က Oliveira ၂ နှစ်အရွယ်မှာ လက်နှစ်ဖက်ကိုမြှောက်ပြီး ကြယ်တစ်ပွင့်ကို မျှော်လင့်ရင်း ကောင်းကင်သို့ ညွှန်ပြခဲ့ပါတယ် ။ ၂နှစ်အကြာမှာ Oliveira အသက် ၄ နှစ်အရွယ် အဲဒီအချိန်တုန်းက သူမဟာ သူမရဲ့မွေးနေ့လက်ဆောင်အဖြစ် telescope ကို လိုချင်ကြောင်း သူမက ပြောခဲ့ပါတယ် ။

အဲ့ဒီကစပြီး Oliveira ဟာ နက္ခတ္တဗေဒကို ၀ါသနာပါကြောင် မိခင် Jenaka က နားလည်ခဲ့ပါတယ် ။ ဒါပေမဲ့ telescope ရဲ့ ဈေးနှုန်းက အလွန်ဈေးကြီးတာကြောင့် Jenaka က သူမရဲ့ သူငယ်ချင်းများနဲ့ ငွေများစုပြီး Oliveira ၇ နှစ်အရွယ်မှာ telescope အတွက်နောက်ဆုံး ငွေကိုစုဆောင်းနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ Oliveira ရဲ့အိပ်မက်က ကြီးမားတာကြောင့် ဖလော်ရီဒါရှိ NASA စင်တာသို့ သွားပြီး ဒုံးပျံကို ကိုယ်တိုင်မျက်စိနဲ့ ကြည့်ရန် Oliveira ကလည်းဒုံးပျံကို တည်ဆောက်လိုပြီး ဘရာဇီးနိုင်ငံရှိ ကလေးများအားလုံးကို သိပ္ပံပညာသင်ယူခွင့် ရစေလိုခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : tvbs

Be the first to comment on "အာကာသကျောက်ခဲ ၁၈လုံးကို တွေ့ရှိနိုင်ခဲ့ပြီးနောက် “ အငယ်ဆုံး” နက္ခတ္တဗေဒပညာရှင်လို့ တင်စားခံရတဲ့ အသက်၈ နှစ်အရွယ် မိန်းကလေး"

Leave a comment

Your email address will not be published.


*