ကာယဗလမောင်အဖြစ် ယှဉ်ပြိုင်တဲ့ အရပ်အပုဆုံးအမျိုးသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ

Maharashtra မှ Pratik Vitthal Mohite အမည်ရှိ အမျိုးသားဟာ အတိုဆုံးယှဉ်ပြိုင်သူ ကာယဗလ (အမျိုးသား) အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်ကို တင်နိုင်ခဲ့သူဖြစ့်ါတယ် ။ သူက အရပ် ၁၀၂ စင်တီမီတာ (၃ ပေနဲ့ ၄ လက်မ)သာ ရှိပါတယ် ။ Pratik က သူ့ရဲ့ ကာယဗလလေ့ကျင့်ရေးကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပြီး သူက လေ့ကျင့်ခန်းလုပ်စဉ်မှာ ကိရိယာများကို ဆုပ်ကိုင်ရန် ရုန်းကန်ခဲ့ရပါတယ် ။ “ လူတွေက ငါ့ကိုပျော့ညံ့တယ်လို့ ထင်ကြတယ်” လို့ Pratik က ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများသို့ ပြောကြားခဲ့ပါတယ် ။ သူ့ရဲ့ကြိုးစားမှုနဲ့လုပ်နိုင်တဲ့စိတ်ထားတွေက သူ့ကို လူတွေမှားကြောင်းသက်သေပြနိုင်အောင် ကူညီပေးခဲ့ပါတယ် ။ သူက ၂၀၁၆ ခုနှစ်မှာ ယှဉ်ပြိုင်မှုတစ်ခုတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ပြီး ၎င်းက ပွဲစဉ် ၄၀ ကျော်တွင် ယှဉ်ပြိုင်ခဲ့ပါတယ် ။

သူက ပန်းတိုင်သို့ ရောက်ရန် တင်းကျပ်တဲ့ လေ့ကျင့်မှုကို လိုက်နာခဲ့ပါတယ်။ နံနက်မိနစ် ၃၀ ပြေးပြီးနောက် သူက အထူးဓာတ်စာများ ပါဝင်တဲ့ ကျန်းမာသောနံနက်စာများ စားလေ့ ရှိပြီး သူက အားကစားရုံမှာ၂ နာရီကြာလေ့ကျင့်ခဲ့ပါတယ် ။

သူက ညနေပိုင်းတွင်မှာ နောက်ထပ်နာရီဝက် ထက်ပြေးခဲ့ပါသေးတယ် ။ Pratik က သူငယ်ချင်းတစ်ဦးရဲ့ အကြံပြုချက်နဲ့ မှတ်တမ်းတင်ရန်လျှောက်ထားခဲ့ပေမဲ့ ကူးစက်ရောဂါကြောင့် လုပ်ငန်းစဉ်နှေးကွေးသွားပြီး ယခုနှစ်ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့ပါတယ် ။

“Guinness World Records ခေါင်းစဉ်ကို ရယူဖို့က ငါ့ရဲ့အိမ်မက်ပါဘဲ။ ဒါကို အောင်မြင်တဲ့အတွက် ဂုဏ်ယူစရာဘဲ ။ ငါ့မိသားစုကအရမ်းပျော်ပြီး ငါ့အတွက်ဂုဏ်ယူတယ်၊ ငါ့သူငယ်ချင်းတွေကလည်း အရမ်းထောက်ခံပြီးကူညီကြတယ်” လို့ Pratik က က ဆိုပါတယ် ။

.

သူက သူငယ်ချင်းများနဲ့ ခရစ်ကတ်ကစားခြင်းကို နှစ်သက်ပြီး စိတ်တူကိုယ်တူအနာဂတ်အားကစားသမားများကို လှုံ့ဆော်ရန်နဲ့ လေ့ကျင့်ရန် အနာဂတ်မှာ သူ့ရဲ့ ကိုယ်ပိုင်အားကစားရုံဖွင့်ရန် အစီစဉ်ဆွဲထားပါသေးတယ် ။

အနာဂတ်မှာ Pratik က တစ်မိနစ်အတွင်း ဒိုက်ထိုးခြင်းအများဆုံးစံချိန်ကို ချိုးနိုင်ဖို့ ကြိုးစားလိုစိတ်ရှိကြောင်း ပြောကြားခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : timesnownews

Be the first to comment on "ကာယဗလမောင်အဖြစ် ယှဉ်ပြိုင်တဲ့ အရပ်အပုဆုံးအမျိုးသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ"

Leave a comment

Your email address will not be published.


*