အဖိုးကြီးငွေတွေကို မက်မောလို့ လက်ထပ်တဲ့ မိန်းမလှလေးလို့ ပြစ်တင်ပြောဆိုခံရပြီးနောက် အမှန်မှာ မိန်းကလေးရဲ့ လှည့်ကွက်တစ်ခုသာဖြစ်ခဲ့




JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက QLA လို့ခေါ်တဲ့ TikTok အကောင့်ပိုင်ရှင်က သူမရဲ့ခင်ပွန်းနဲ့အတူ ရိုက်ထားတဲ့ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ် ။ ဒါပေမဲ့ သူမခင်ပွန်းရဲ့ အသွင်အပြင်က အွန်လိုင်းအသိုင်းအဝိုင်းမှ အထူးအာရုံစိုက်မှုကို ဆွဲဆောင်သော သူဖြစ်လာခဲ့ပါတယ် ။ မှတ်တမ်းတင်ထားတဲ့ပုံအရ ငွေရောင်ဆံပင်နဲ့အရေးအကြောင်းရှိတဲ့ အဘိုးအိုဟာ သူ့ဇနီးရဲ့ နုပျိုတဲ့ အသွင်အပြင်နဲ့ ကွဲပြားလွန်းပါတယ် ။ ဗွီဒီယိုဖိုင်မှာ တင်ထားတဲ့ အကြောင်းအရာနဲ့အတူ စာသားက “ ငါတို့အတူတူနေဖို့ ပြင်ဆင်နေတယ်။ ခင်ပွန်းကအသက် ၆၂ နှစ်၊ ဇနီးက ၂၈ နှစ်ပါ ” ဆိုပြီး ရေးထားပါတယ် ။ Netizen များက မိန်းကလေးငယ်ရဲ့ အချစ်ရေးကို ဝေဖန်ကြပါတယ် ။

၎င်းက မိတ်ဆက်ခြင်းနဲ့စုံတွဲရဲ့ အသက်ကွာခြားပုံကို အွန်လိုင်းအသိုင်းအဝိုင်းရဲ့ အာရုံကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့ပါတယ် ။ အချစ်အကြောင်း အပြုသဘောဆောင်တဲ့စကားတွေပြောမယ့်အစား အများစုက မိန်းကလေးက အခွင့်ကောင်းယူတယ်၊ QLA က လူထက် ငွေနဲ့သာ၊ချစ်တယ်လို့ ပြောဆိုကြပါတယ် ။ အချိုးက ချောမောလှပတဲ့မိန်းကလေးတစ်ယောက်က ဘာလို့ ဒီလောက်အသက်ကွာခြားတဲ့ သူတစ်ယောက်ကိုမှ ဘာလို့ချစ်ရတာလဲ လို့ မှတ်ချက်ပေးကြပါတယ် ။

အကောင့်ပိုင်ရှင်က Netizen များရဲ့ ဝေဖန်မှုများကို ပြင်ဆင်ရန် ထုတ်ဖော်ပြောကြားသည်မှာ ၎င်းအရာက ချောမောလှပတဲ့ မိန်းကလေးထံမှ ဟာသတစ်ခုသာဖြစ်ပြီး အဆိုပါအဘိုးအိုဟာ အက်ပလီကေးရှင်းကို သုံးပြီးနောက် သူ့ရည်းစားပုံကို သူမရဲ့ အသက်အရွယ်ထက် ပိုကြီးလာအောင် ပြုလုပ်ခဲ့တာပါ ။ သူမရဲ့အဆိုအရ သူတို့လင်နဲ့မယားနှစ်ဦးဟာ အသက်တူပြီး ခေတ်သစ်လူနေမှုဘဝနဲ့ အလုပ်လုပ်နေကြတာလို့ ပြောပါတယ် ။ အလွန်တိကျတဲ့ သက်သေအထောက်အထားများအရ netizen များက မိန်းကလေးမှ“ လှည့်ကွက်” ကို တကယ်စားခဲ့တာကို တွေ့မြင်နိုင်ပါတယ် ။ လောလောဆယ်မှာ ဒီပို့စ်ကို အာရုံစိုက်မှုတော်တော်ရနေတုန်းပါပဲ ။

JRose (Mckzone daily)

Be the first to comment on "အဖိုးကြီးငွေတွေကို မက်မောလို့ လက်ထပ်တဲ့ မိန်းမလှလေးလို့ ပြစ်တင်ပြောဆိုခံရပြီးနောက် အမှန်မှာ မိန်းကလေးရဲ့ လှည့်ကွက်တစ်ခုသာဖြစ်ခဲ့"

Leave a comment

Your email address will not be published.


*