မိန်းကလေးတွေထက်ချောမောလှပပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားတဲ့ ကောင်လေး



.

.

.

.

.

.

.

.

JRose (Mckzone daily)

Reference : yan

Unicode

ကနေဒါနိုင်ငံသား ဖခင်နဲ့ ကိုရီးယားမိခင်တို့မှပေါင်းစပ်ထားတဲ့ အလှတရားကို ပိုင်ဆိုင်ထားသော Cooper ဟာ ချစ်စဖွယ်အသွင်အပြင်ရှိပြီး netizen များစွာရဲ့ ချစ်ခင်ခြင်းကို ခံရပါတယ် ။ ဒီကလေးနတ်သားလေးဟာဆို အသက် ၄ နှစ်အရွယ် Cooper JiAn Lunde ဖြစ်ပြီး လက်ရှိ Kimchi ပြည်မှာ အကျော်ကြားဆုံးကလေးမော်ဒယ်တွေထဲက တစ်ယောက်ပါ ။ အပြစ်ကင်းစင်ပြီး ရုပ်ချောတဲ့အသွင်အပြင်ရှိတဲ့ အပြင်၊ Cooper က လူတိုင်းကို သူရဲ့ဖြူစင်သောအသား၊ ချစ်စဖွယ်မျက်နှာနဲ့ ဆံပင်အတွန့်ကို နှစ်သက်စေခဲ့ပါတယ် ။ အစွမ်းထက်ဆုံး လက်နက်မှာ ရှည်လျားတဲ့ မျက်တောင်များနဲ့ လုံးဝန်းသောမျက်လုံးများဖြစ်ပြီး Cooper က သန်းပေါင်းများစွာသော လူတို့ရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး၊ ကလေးရဲ့စွဲမက်ဖွယ်ရာအလှကို လူတိုင်းက manga ဇာတ်ကောင်တွေနဲ့နှိုင်းယှဉ်ကြပါတယ် ။

Cooper က ကိုးရီးယားလူမှုကွန်ရက်မှာ နာမည်ကျော် ၉ နှစ်အရွယ်မိန်းကလေး Lauren Hanna Luden ရဲ့ ညီအဖြစ် Cooper ဟာ သူမွေးဖွားစဉ်ကတည်းက လူအများရဲ့အာရုံကို လျင်မြန်စွာဆွဲဆောင်နိုင်ခဲ့ပါတယ် ။ Cooper ဟာ အသက်တစ်နှစ်မပြည့်သေးခင်ကတည်းက ကြော်ငြာမော်ဒယ်ဖြစ်ဖို့ ဖိတ်စာများစွာကို လက်ခံရရှိခဲ့ပါတယ် ။ Cooper ရဲ့ လျင်မြန်သယတဲ့ကျော်ကြားမှုနဲ့ ထူးချွန်တဲ့အသွင်အပြင်ကြောင့် လူများစွာအား Mason ကို စဉ်းစားစေခဲ့ပြီး ယ အဆိုပါကောင်လေးဟာ အနာဂတ်မှာ Mason ရဲ့ ထီးနန်းကို လုယူနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ် ။ နောက်ဆုံးဓာတ်ပုံစီးရီးမှတဆင့် ကလေးနတ်သားလေးရဲ့စွဲမက်ဖွယ်အလှကို ကြည့်ရှုခံစားကြည့်လိုက်ပါတ ။

JRose (Mckzone daily)

Be the first to comment on "မိန်းကလေးတွေထက်ချောမောလှပပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားတဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*