တစ်လနီးပါးအချိန်ယူပြီး ကလေးတွေအတွက်ကိုယ်တိုင် ရေကူးကန် ဆောက်လုပ်ပေးခဲ့တဲ့ မိခင်



.

.

.

.

JRose (Mckzone daily)

Reference : redchili21

Unicode

Hezline Atherrasha အမည်ရှိ supermum တစ်ဦးက Facebook မှာ သူမရဲ့ကလေးငယ်အတွက် ရေကူးကန်နဲ့ gazebo ကို တည်ဆောက်ရန် RM5,000 ခန့် သုံးခဲ့တဲ့ အကြောင်းကို တင်ခဲ့ပါတယ် ။ သူမက သူမရဲ့စိတ်ကူးအိပ်မက်ရှိတဲ့ ရေကူးကန်ကို တည်ဆောက်ရန် တစ်လနီးပါးကြာအောင်လုပ်ခဲ့ရပါတယ် ။ သူမက သူမရဲ့ ခင်ပွန်းနဲ့ သူမရဲ့ အစ်မများ အကူအညီဖြင့် တည်ဆောက်ခဲ့ပါတယ် ။ “ ငါ့အလုပ်နဲ့ ငါများနေတယ် ၊ ဒါပေမယ့် ဒါက ငါနဲ့ငါ့မိသားစုအတွက် ပျော်ရွှင်မှုရှာဖွေတဲ့နည်းလမ်းဘဲ။ ငါဒီအိပ်မက်ကို နှစ်ပေါင်းများစွာမက်ခဲ့ဖူးပါတယ် ၊ နောက်ဆုံးတော့ ဒါဟာလက်တွေ့ဖြစ်လာခဲ့ပါပြီ။ ငါမြို့ပြအင်ဂျင်နီယာ ဒီပလိုမာရထားတော့၊ ဒါကြောင့်လဲ ငါ့မှာ ရေကူးကန်တည်ဆောက်ခြင်းရဲ့အခြေခံ ဗဟုသုတရှိတယ်” လို့ သူမက Harian Metro သို့ ပြောကြားခဲ့ပါတယ် ။ သူမက ၃ နှစ်ကြာစီမံကိန်းဆွဲခဲ့ပြီး သူမရေကူးကန်ကို ဘယ်လိုပုံစံမျိုးလိုချင်လဲဆိုတာ အကြမ်းဖျဉ်းစိတ်ကူးခဲ့ပါတယ် ။

“ ဒါက လွယ်လွယ်လေးလို့ ထင်ရပေမယ့် ဒါကိုပြီးအောင်လုပ်ဖို့က တကယ့်ကို ခတ်ခဲတာ။ ပင်ပန်းတာ ” လို့ Hezline က ဆက်ပြောခဲ့ပါတယ် ။ ဒီမိခင်ရဲ့ဆုံးဖြတ်ချက်က ငါတို့ကိုအံ့သြစေပြီး လူတိုင်းကိုလည်း အံ့သြသွားစေခဲ့ပါတယ် ။ ဒီအချိန်မှာ အမျိုးသမီးက အရာအားလုံးကို လုပ်နိုင်တယ်ဆိုတာ ငါတကယ်ယုံကြည်ခဲ့ပါပြီ ။

JRose (Mckzone daily)

Be the first to comment on "တစ်လနီးပါးအချိန်ယူပြီး ကလေးတွေအတွက်ကိုယ်တိုင် ရေကူးကန် ဆောက်လုပ်ပေးခဲ့တဲ့ မိခင်"

Leave a comment

Your email address will not be published.


*