မတော်တဆမှုကနေ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ပြီး သူမဘဝရဲ့အဆုံးစွန် စိန်ခေါ်မှု အတွေ့အကြုံကို ဖွင့်ဟလာခဲ့တဲ့ မိန်းကလေး

Nong Than Nitcharee လို့အမည်ရတဲ့ မိန်းကလေးငယ်ဟာ လွန်ခဲ့သော ၁၀ နှစ်ကကျော်ကြားခဲ့တဲ့ ပုံမှန်ရုပ်ပိုင်းဆိုင်ရာအခြေအနေမှ မသန်မစွမ်းဖြစ်လာသော်လည်း ခိုင်မာတဲ့နှလုံးသားဖြင့် ကံကြမ္မာကို လက်မလျော့ဘဲ သူမဘဝကို အသက်ရှုတိုင်းမှာ ပျော်ရွှင်စွာဖြတ်သန်းနိုင်ခဲ့ပါတယ် ။ Than က အစပိုင်းမှာ ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပေမယ့် အသက် ၁၄ နှစ်အရွယ်မှာ စင်္ကာပူက နွေရာသီကျောင်းသွားတက်ရင်း မတော်တဆဖြစ်ပွားခဲ့ပါတယ် ။ ၎င်းမထင်မှတ်တဲ့ မတော်တဆမှုကြီးတစ်ခုကြောင့် ခြေထောက်နှစ်ဘက်လုံး ဆုံးရှုံးခဲ့ရတာ အဲ့ဒီနေ့ကနေ ယနေ့အထိပါဘဲ ။ အစပိုင်းတော့ Than က သူငယ်ချင်းတွေရဲ့လှောင်ပြောင်မှာကို ကြောက်ပြီး ငိုနေခဲ့ပါတယ် ။ ဒါပေမယ့် သူမရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲခဲ့ပြီး “ခြေထောက်မရှိပေမဲ့ ငါ့မှာအခြားအင်္ဂါတွေရှိနေတာဘဲ ငါဆက်လျှောက်နိုင်တယ် ။ ငါ့ကို ကူညီဖို့မိသားစုလည်းရှိတယ် ” ဆိုပြီး မိမိကိုယ်ကို အားပေးနေခဲ့ပါတယ် ။

.

Nong Than ဟာ စိတ်ဓာတ်တက်ကြွသူတစ်ဦးဖြစ်တာကြောင့် လက်ရှိမှာ Nong Than က သတင်းစာပညာဌာနမှ ဘွဲ့ရပြီးနောက် သူမဟာ Master ဘွဲ့ကို ချက်ချင်းပင် လက်ခံရရှိခဲ့ပါတယ် ။ အခုသန်းက Chulalongkorn တက္ကသိုလ် စိတ်ပညာဌာနမှာ မဟာဘွဲ့အတွက် လေ့လာနေပါပြီ ။

.

ယခင်က မတော်တဆမှုမတိုင်ခင်မှာ Than ကရေမကူးနိုင်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ Than က သူ့အသက် ၇ နှစ်မှာ ရေကူးဖို့ သင်ယူတုန်းက ရေနစ်ခဲ့ဖူးလို့ပါ ။ ဒါကြောင့် သူမက ရေအောက်မှာ ကြောက်ရွံ့တဲ့ ခံစားချက်ရှိနေခဲ့ပါတယ် ။

.

ဒါပေမဲ့ သူမဟာ အဲ့ဒီကြောက်ရွှံ့ခြင်းက ငါတို့ရဲ့ စိတ်ထင်ယောင်မှုသာ ဖြစ်တယ်လို့ ခံယူပြီး ယခုမှာတော့ သူမမှာ ကြောက်ရွံ့တဲ့ ခံစားချက်မရှိတော့ဘဲ ရေအောက်ငုပ်နိုင်ခဲ့ပါပြီ ။

.

ရေငုပ်လှုပ်ရှားမှုများအပြင် Nong Than က မာရသွန်ပြေးခြင်းနဲ့ လေထီးခုန်ခြင်း (paragliding) ကိုပါ လုပ်နိုင်ခဲ့ပါတယ် ။ “ အခု ငါမလုပ်နိုင်တဲ့စိန်ခေါ်မှုက တောင်တက်ခြင်းပဲ ” လို့ Than က ဆိုပါတယ် ။

.

Nong Than ကလည်း သူ့လို့မျိုးဘဝမှ စိတ်ဓာတ်ကျနေတဲ့ သူများအတွက် အပြုသဘောဆောင်တဲ့ ခွန်အားနဲ့ မှတ်ချက်တစ်ခုထားခဲ့ပါတယ် ။ “မင်းဘဝမှာ အရာအားလုံးကို လွဲချော်ရင်တောင် မင်းလက်လွတ်မခံသင့်တဲ့ အရာတစ်ခုကတော့ မင်းရဲ့ အခွင့်အလမ်းပါဘဲ ။

နောက်ပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို မင်းမဆုံးဖြတ်သင့်ဘူး ။ ငါတို့ ပတ်ဝန်းကျင်ကနေ ထွက်ခွာဖို့ အခွင့်အလမ်းမရှိရင်တောင်မှ ငါတို့က ကိုယ့်ကိုယ်ကို အခွင့်အရေးပေးတဲ့အခါတိုင်း ငါတို့က ၁ ရာခိုင်နှုန်းကနေ ၁၀၀ ကျော်လောက်တက်သွားနိုင်တဲ့ ဘက်ထရီအားလိုပါပဲ ။ ငါတို့ ဒီ ၁ ရာခိုင်နှုန်းကတည်းက ရပ်တန့်လိုက်ရင်တော့ ငါတို့မှာ ဘက်ထရီအားလုံးဝမရှိတော့ဘူး၊ အဲဒါကပိတ်သွားပြီ ” ဆိုပြီး Than က massage ချန်ထားခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "မတော်တဆမှုကနေ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ပြီး သူမဘဝရဲ့အဆုံးစွန် စိန်ခေါ်မှု အတွေ့အကြုံကို ဖွင့်ဟလာခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*