ကြီးမားတဲ့ မျက်လုံးများကြောင့် တစ်ချိန်က လူများ မနှစ်သက်တဲ့ ဘဝမှ ရုတ်တရက် အချစ်ခံရပြီး ကြယ်ပွင့်ဖြစ်လာခဲ့တဲ့ ကြောင်တစ်ကောင်

မကြာသေးမီက တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှ Potato အမည်ရှိ ကြောင်တစ်ကောင်ဟာ Instagram မှာ ကြယ်ပွင့် ဖြစ်လာခဲ့ပါတယ် ။ သူ့မှာ ထူးခြားတဲ့ မျက်လုံးများရှိပြီး ကြောင်ကလေးရဲ့ နောက်ကွယ်က မလှပတဲ့ အတိတ်အကြောင်း ရှိနေခဲ့ပါတယ် ။ ယခင်က Potato ‌ ကြောင်လေးဟာ မွေးကတည်းက လူတိုင်းရဲ့ ချီးကျူးမှုကို မရခဲ့ပေ ။ ၎င်းရဲ့ ကံကြမ္မာက အလွန်မသေချာ၊ အဆက်မပြတ်ရွေ့လျားနေပြီး နောက်ဆုံးတွင် တက္ကဆက်ပြည်နယ်ရှိ အိမ်မွေးတိရိစ္ဆာန်ရုံသို့ ပြန်သွားရန် လိုအပ်ခဲ့ပါတယ် ။ ဝန်ထမ်းက ပြောသည်မှာ“ ယခင်ပိုင်ရှင်က Potato ရဲ့ အလွန်ကြီးသော မျက်လုံးများကို မကြိုက်သောကြောင့် ဖြစ်နိုင်တယ် ” လို့ဆိုပါတယ် ။

.

ဒါပေမဲ့ မိန်းကလေး Ashley Norlien နဲ့ တွေ့တဲ့အခါ Potato ရဲ့ဘဝက ယခုမှာ တကယ်ပင် ကြယ်ပွင့်ဖြစ်လာခဲ့ပါတယ် ။ Ashley က မြင်မြင်ချင်းမှာ “ Potato က လူတွေမွေးစားဖို့ ဘာလို့ငြင်းနေတာလဲလို့ ငါမေးခဲ့တယ်။

.

အကြောင်းရင်းက ကောင်လေးရဲ့မျက်လုံးတွေကြောင့်ဆိုပြီး ငါသိလိုက်တာနဲ့ အရမ်းအံ့သြသွားတယ်။ အဲဒီမျက်လုံးကပဲ ပိုပြီးထူးခြားစေတယ် မဟုတ်လား။ ကြောင်လေးရဲ့ မျက်လုံးက တောက်ပတဲ့ကြယ်စင်တစ်စုံလိုဘဲ အဲဒါအရမ်းလှတယ်။ ” ဆိုပြီး သူမပြောခဲ့ ပါတယ် ။

Ashley က Potato ကို မွေးစားပြီး သူ့ကို အိမ်ခေါ်ပြန်ပြီး မိန်းမလှလေးက လှပတဲ့ အတတ်အစားများ ဝယ်ပေးခြင်းဖြင့် ဝတ်ဆင်စေပြီး ဓာတ်ပုံရိုက်ယူကာ Potato ကို လူမူကွန်ယက်မှာ ကျော်ကြားစေခဲ့ပါတယ် ။

မမျှော်လင့်ဘဲ Potato ရဲ့ Instagram acc က Follower များစွာကို ဆွဲဆောင်ခဲ့ပြီး ဒေသခံများစွာက ကြောင်ဟာ အလွန်ချစ်စရာကောင်းတယ်လို့ ချီးကျူးခဲ့ပြီး သူမရဲ့ သူငယ်ချင်းများက ကြောင်ရဲ့ မျက်လုံးဟာ ကြယ်ကဲ့သို့ တောက်ပပြီး ချီးကျူးခဲ့ကြပါတယ် ။

အဲ့ဒီအချိန်မှ စပြီး Potato ဟာ Instagram ကြယ်ပွင့်လေး ဖြစ်လာခဲ့ပါတယ် ။

Jasmine (Mckzone daily)

Reference : yan

Be the first to comment on "ကြီးမားတဲ့ မျက်လုံးများကြောင့် တစ်ချိန်က လူများ မနှစ်သက်တဲ့ ဘဝမှ ရုတ်တရက် အချစ်ခံရပြီး ကြယ်ပွင့်ဖြစ်လာခဲ့တဲ့ ကြောင်တစ်ကောင်"

Leave a comment

Your email address will not be published.


*