တစ်နေ့ကို ကယ်လိုရီ ၁၀၀၀၀ နေ့စဉ်စားပြီး ပရိသတ်များကိုအံ့အားသင့်စေခဲ့တဲ့ အမျိုးသား

အခုတစ်ခေါက်ဖော်ပြမှာက အကြောင်းအရာဖန်တီးသူတစ်ဦးဖြစ်တဲ့ Geiner Blue လို့ လူသိများသော အသက် ၄၅ နှစ်အရွယ် အမေရိကန်လူမျိုး Brian ရဲ့ အကြောင်းဖြစ်ပါတယ် ။ OnlyFans မှ လူကြီးများအတွက် သာမက ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ အပါအဝင် ပြသထားပါတယ် ။ ပြီးတော့ Brianဟာ သူ့ရဲ့ဗိုက်ကြီးက ပုံမှန် OnlyFans မော်ဒယ်တွေနဲ့မတူဘဲ လူတွေအရမ်းစွဲလမ်းတဲ့အဆီတွေ ရှိနေတာကြောင့် သူ့ကို လူကြိုက်များခဲ့ပါတယ် ။ ထိုကဲ့သို့သော ရုပ်သံလိုင်းတွေမှာ သူက သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ အလွန်ကြီးမားတဲ့ ဝမ်းဗိုက်ကို ပြသခြင်းဖြင့် ဓာတ်ပုံ သို့မဟုတ် ဗွီဒီယိုရိုက်ကူးလေ့ရှိပါတယ် ။

ဒါက သူ့ကို သူ့အရွယ်အစားကို ထိန်းသိမ်းဖို့နဲ့ သူ့ပရိတ်သတ်တွေကို ကျေနပ်အောင် သူ့အရွယ်အစားကို တိုးမြှင့်ဖို့လုပ်ခဲ့တာပါ ။ ပြီးတော့ သူ့ရဲ့ဧရာမအစားအစာကို ထောက်ပံ့ဖို့အတွက် ရန်ပုံငွေစုဆောင်းဖို့ ဒီပလက်ဖောင်းကို သုံးခြင်းဖြစ်ပါတယ် ။

Brian က တစ်နေ့လျှင် အနည်းဆုံးကယ်လိုရီ ၁၀၀၀၀ နေ့စဉ်စားရပြီး ၎င်းဟာ သာမန်လူတစ်ယောက်ထက် ၅-၆ ဆပိုများပါတယ် ။ ကလေးဘဝကတည်းက သူမှတ်မိနိုင်သလောက် သူ့အသက် ၆ နှစ်အရွယ်မှာ အန္ဓာကိုယ်ကြီးကြီးမားမားနဲ့ ကာတွန်းဇာတ်ကောင်တစ်ခုကို သူမြင်ခဲ့တာကြောင့် သူက အသက် ၂၀ ဝန်းကျင်အထိ သူ့ရဲ့ ခန္ဓာကိုယ်ကို သူ့ရဲ့ဆန္ဒများအတိုင်း စတင်တည်ဆောက်ပြီး ယခုမှာ အလွန်အထင်ကြီးလေးစားခံရပါတယ် ။

Brian က လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ၈၁ ကီလိုဂရမ်မှ ၂၂၇ ကီလိုဂရမ်အထိ တိုးခဲ့ပါတယ် ။ အလေးချိန်တိုးအောင်လုပ်ရတာလွယ်ပေမယ့် လက်တွေ့မှာတော့ သူကအများကြီးကြိုးစားခဲ့ရပြီး ပိုကြီးမားခဲ့ပါတယ် ။ အဲဒါက စိန်ခေါ်မှုတစ်ခုပဲ။

သူက ကျန်းမာရေးပြသနာများအတွက်လည်းစိတ်ပူရသလို သူ့ရဲ့ကြီးမားတဲ့ ခန္ဓာကိုယ်အရွယ်အစားဟာ အချို့သော အန္တရာယ်များကို ဖြစ်စေနိုင်သော်လည်း သူက အစာကို အာဟာရနဲ့ ဟန်ချက်ညီအောင် ကြိုးစားပြီး စားသုံးနေရပါတယ် ။

သူက သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်အမြောက်အမြားနဲ့ ပရိုတိန်းဓာတ်မြင့်မားသော အစားအစာများကို ပုံမှန်စားပြီး အားကစားရုံမှာ အမြဲမပြတ်လေ့ကျင့်ခန်းလုပ်ခြင်းအပါအဝင် ကြုံလာနိုင်တဲ့ အန္တရာယ်မှ ကာကွယ်ခဲ့ပါတယ် ။ သို့သော်သူ့ရဲ့ ကြီးမားတဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ ဝမ်းဗိုက်ဟာ netizen များကို ဝေဖန်မှုများစွာ ဖြစ်စေခဲ့ပါတယ် ။

ဒါပေမယ့် Brian က ဒီစကားတွေကို ဂရုမစိုက်ဘဲ သူက သူ့ကိုချစ်မြတ်နိုးပြီးထောက်ခံတဲ့ပရိသတ်တွေကိုသာ ဂရုစိုက်ခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "တစ်နေ့ကို ကယ်လိုရီ ၁၀၀၀၀ နေ့စဉ်စားပြီး ပရိသတ်များကိုအံ့အားသင့်စေခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*