ေက်ာင္းမွာ ေလွ်ာကစားေနတဲ့ ဝက္ဝံသားအမိတို႔ရဲ႕ ခ်စ္စဖြယ္ျမင္ကြင္းကို ေဝမွ်လာခဲ့တဲ့ ေက်ာင္းဆရာမ်ား

စက္တင္ဘာလ ၂၃ ရက္ေန႔မွာ Daily Mail က ဝက္ဝံႏွစ္ေကာင္ရဲ႕ ခ်စ္စရာရွားပါးဗီဒီယိုကလစ္တစ္ခုကို ထုတ္ေဖာ္ျပသခဲ့ပါတယ္ ။ အျဖစ္အပ်က္ကို ႐ုပ္သံဖိုင္မွာ စက္တင္ဘာ ၂၁ ရက္က မွတ္တမ္းတင္ထားတာပါ ။ အဆိုပါဗီဒီယိုဖိုင္မွာ ဝက္ဝံနက္ႀကီးက ၎ရဲ႕ သားေပါက္မ်ားကို Asheville ရွိ Isaac Dixon မူလတန္းေက်ာင္းက ကစားကြင္းမွာ ေလွ်ာကစားရန္ သင္ေပးေနတာကို ျပထားပါတယ္ ။ အေမက သူ႔ကေလးမ်ားအတြက္ ေလွ်ာစီးတာကို သင္ေပးတဲ့ပုံစံ တူေနပါတယ္ ။ ဒီအျဖစ္အပ်က္ဟာ ေက်ာင္းအတြင္းက ဆရာေတြရဲ႕မ်က္စိေရွ႕မွာ ျဖစ္ခဲ့တာပါ ။ ေနာက္ၿပီး သူတို႔က ဝက္ဝံမိခင္ကို “ခ်စ္ေလး၊ မင္းလုပ္ႏိုင္တယ္” ဆိုၿပီး အသံသြင္းခဲ့လိုက္ပါေသးတယ္ ။ ေနာက္ဆုံးေတာ့ ဝက္ဝံကေလးက သတၱိကို စုေဆာင္းၿပီး သူ႔ကိုေစာင့္ေနတဲ့ အေမဆီကိုေလွ်ာစီးခ်ႏိုင္ခဲ့ပါတယ္ ။

ဒီအျဖစ္အပ်က္မွာ ပါဝင္ပတ္သက္ခဲ့တဲ့ ေက်ာင္းရဲ႕စတုတၳတန္းဆရာမ Betsie Stockslager Emry က ဗီဒီယိုကို သူမရဲ႕ Facebook စာမ်က္ႏွာမွာ တင္ခဲ့တာပါ ။ ထိုအခ်ိန္က ေက်ာင္းသားအားလုံး အိမ္ျပန္ခ်ိန္ျဖစ္တာေၾကာင့္ ဆရာဆရာမတစ္စုက ျမင္ေတြ႕ခဲ့ၿပီး ဝက္ဝံတို႔ရဲ႕ ခ်စ္စဖြယ္ကလစ္မ်ားကို မွတ္တမ္းတင္ခဲ့ၾကပါတယ္ ။ ၎ကိုျမင္ေသာ လူမ်ားစြာတို႔ကလည္း အလြန္ႏွစ္သက္ခဲ့ၾကရပါတယ္ ။ “ဒါကအံ့ၾသစရာပဲ! ငါ့ကေလးေတြဆို ဒါေလးေတြ ၾကည့္ရတာႀကိဳက္တယ္ ! “။ “အလို!!!!!! ခ်စ္စရာေလးေတြဘဲ ” ဆိုၿပီး ဗီဒီယိုဖိုင္ကို Netizens ေတြက မွတ္ခ်က္ေပးၾကပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

စက်တင်ဘာလ ၂၃ ရက်နေ့မှာ Daily Mail က ဝက်ဝံနှစ်ကောင်ရဲ့ ချစ်စရာရှားပါးဗီဒီယိုကလစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ် ။ အဖြစ်အပျက်ကို ရုပ်သံဖိုင်မှာ စက်တင်ဘာ ၂၁ ရက်က မှတ်တမ်းတင်ထားတာပါ ။ အဆိုပါဗီဒီယိုဖိုင်မှာ ဝက်ဝံနက်ကြီးက ၎င်းရဲ့ သားပေါက်များကို Asheville ရှိ Isaac Dixon မူလတန်းကျောင်းက ကစားကွင်းမှာ လျှောကစားရန် သင်ပေးနေတာကို ပြထားပါတယ် ။ အမေက သူ့ကလေးများအတွက် လျှောစီးတာကို သင်ပေးတဲ့ပုံစံ တူနေပါတယ် ။ ဒီအဖြစ်အပျက်ဟာ ကျောင်းအတွင်းက ဆရာတွေရဲ့မျက်စိရှေ့မှာ ဖြစ်ခဲ့တာပါ ။ နောက်ပြီး သူတို့က ဝက်ဝံမိခင်ကို “ချစ်လေး၊ မင်းလုပ်နိုင်တယ်” ဆိုပြီး အသံသွင်းခဲ့လိုက်ပါသေးတယ် ။ နောက်ဆုံးတော့ ဝက်ဝံကလေးက သတ္တိကို စုဆောင်းပြီး သူ့ကိုစောင့်နေတဲ့ အမေဆီကိုလျှောစီးချနိုင်ခဲ့ပါတယ် ။

ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကျောင်းရဲ့စတုတ္ထတန်းဆရာမ Betsie Stockslager Emry က ဗီဒီယိုကို သူမရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့တာပါ ။ ထိုအချိန်က ကျောင်းသားအားလုံး အိမ်ပြန်ချိန်ဖြစ်တာကြောင့် ဆရာဆရာမတစ်စုက မြင်တွေ့ခဲ့ပြီး ဝက်ဝံတို့ရဲ့ ချစ်စဖွယ်ကလစ်များကို မှတ်တမ်းတင်ခဲ့ကြပါတယ် ။ ၎င်းကိုမြင်သော လူများစွာတို့ကလည်း အလွန်နှစ်သက်ခဲ့ကြရပါတယ် ။ “ဒါကအံ့သြစရာပဲ! ငါ့ကလေးတွေဆို ဒါလေးတွေ ကြည့်ရတာကြိုက်တယ် ! “။ “အလို!!!!!! ချစ်စရာလေးတွေဘဲ ” ဆိုပြီး ဗီဒီယိုဖိုင်ကို Netizens တွေက မှတ်ချက်ပေးကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ေက်ာင္းမွာ ေလွ်ာကစားေနတဲ့ ဝက္ဝံသားအမိတို႔ရဲ႕ ခ်စ္စဖြယ္ျမင္ကြင္းကို ေဝမွ်လာခဲ့တဲ့ ေက်ာင္းဆရာမ်ား"

Leave a comment

Your email address will not be published.


*