ပန်းနုရောင်စကတ်နဲ့ နေကာမျက်မှန်တပ်ထားပြီး သခင်ရဲ့ အကူအညီမလိုဘဲ ထွန်စက်မောင်းပြခဲ့တဲ့ ခွေးကလေး


.

.

.

JRose (Mckzone daily)

Reference : khaosod

.

.

.

Unicode

ရယ်စရာကောင်းတဲ့ ဗီဒီယိုတစ်ခုမှာ ပန်းနုရောင်စကတ်နဲ့ အဆင့်မြင့်နေကာမျက်မှန်များတပ်ထားတဲ့ ခွေးကလေးဟာ လူတွေရဲ့ နှလုံးသားမှာ ချစ်စရာကောင်းမှုတွေနဲ့ ပြည့်နှက်စေပြီး ပိုင်ရှင်ကို မှီခိုစရာမလိုဘဲ ထွန်စက်မောင်းပြနေခဲ့ပါတယ် ။ ၎င်းကို သြစတေးလျနိုင်ငံ Queensland မှာ ပိုင်ရှင် Brian Raichelt က ရိုက်ကူးထားတာပါ ။ Zoe အမည်ရှိ ခွေးလေးကို Wonder Dog လို့ လူအများက ခေါ်ကြပြီး သူဟာ ရေကူးခြင်း၊ စကိတ်စီးခြင်း၊ လှိုင်းစီးရန်နဲ့ ၎င်းရဲ့ပိုင်ရှင အကူအညီမပါဘဲ တိုတောင်းတဲ့ အကွာအဝေးများအတွက် ထွန်စက်ကို မောင်းနှင်နိုင်တဲ့ စွမ်းရည်များစွာ ရှိနေခဲ့ပါတယ် ။ ၎င်း ဗီဒီယိုကို Tik Tok မှာ တင်ပြီးနောက် ပရိသတ်များက Zoe ရဲ့ ချစ်စရာကောင်းမှုကို မြင်နိုင်ပြီး လူတော်တော်များများက ခွေးကို ကိုယ်ပိုင် page လေး ဖွင့်ပေးသင့်တယ်လို့ ပြောကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ပန်းနုရောင်စကတ်နဲ့ နေကာမျက်မှန်တပ်ထားပြီး သခင်ရဲ့ အကူအညီမလိုဘဲ ထွန်စက်မောင်းပြခဲ့တဲ့ ခွေးကလေး"

Leave a comment

Your email address will not be published.


*