ငန်းမိသားစုများ ဘေးကင်းလုံခြုံရန် ဖောင်အသိုက်ကို တည်ဆောက်ပေးခြင်းဖြင့် အကူအညီများပေးခဲ့တဲ့ အမျိုးသား



.

.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

အသက် ၄၂ နှစ်အရွယ်အင်္ဂလိပ်လူမျိုး Rob Adamson ဟာ ငန်းမိသားစုအတွက် ဘေးကင်းလုံခြုံရန် အသိုက်ဆောက်ပြီး ဖောင်တစ်ခုကိုရင်းနှီးမြှုပ်နှံထားတယ်လို့ BBC ကဖော်ပြခဲ့ပါတယ် ။ လွန်ခဲ့တဲ့ အပတ်ပြီးနောက် မစ္စတာ Rob Adamson ဟာ ငန်းကလေးများရဲ့ မျက်နှာများကို ကြည့်ရန် အဖေကဲ့သို့ ပင်လယ်အော်တစ်ဝိုက် လျှောက်ကြည့်နေခဲ့ပါတယ် ။ ငန်းဥများ စတင်ပေါက်ရောက်တာကို တွေ့ရတယ်လို့ Adamson က ပြောကြားခဲ့ပါတယ် ။ ငန်းအမိက River Great Ouse ရှိ လှေငယ်လေးမှာ နေထိုင်ပြီး ဆိပ်ကမ်းမှာ ၁၀ နှစ်အလုပ်လုပ်ခဲ့သောကြောင့် ၎င်းငန်းဟာ နှစ်စဉ်ဥတွေ ဆုံးရှုံးရတာကို Adamson က သတိပြုမိခဲ့ပါတယ် ။ ရေလွှမ်းမိုးခြင်းကြောင့် မြေခွေးများက ငန်းဥများကို စားခဲ့ကြတာပါ ။

ထို့ကြောင့် ယခုနှစ်မှာ Adamson က ဖောင်တည်ဆောက်ခြင်းနဲ့ ဖောင်ပေါ်မှာ မိခင်ငန်းနဲ့ ဥ ၉ လုံးကို အသိုက်ရွှေ့ခြင်းဖြင့် တောရိုင်းတိရစ္ဆာန်များရဲ့ ဘေးမှ လွှတ်မြောက်အောင် ပြုလုပ်ပေးခဲ့လိုက်ပါတယ် ။ Adamson က ” ဒီငန်းတွေကို ငါတို့တွေ လျစ်လျူရှုနိုင်ပါတယ် ။ ဒါပေမယ့် အဲ့ဒီလိုသာ လျစ်လျူရှုရန် ငန်းအမေရောကလေးတွေရော သေလိမ့်မယ် ။ ဒါကြောင့် ငါတို့တွေ ငန်းကိုမကူညီရင် မင်းနောင်တရလိမ့်မယ်” လို့ ဆိုပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ငန်းမိသားစုများ ဘေးကင်းလုံခြုံရန် ဖောင်အသိုက်ကို တည်ဆောက်ပေးခြင်းဖြင့် အကူအညီများပေးခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*