လူသားတစ်ဦးလိုပင် စကိတ်ကိုကျွမ်းကျင်စွာ စီးနိုင်ခြင်းကြောင့် အင်တာနက်လောကမှာ နာမည်ကျော်တဲ့အထိ ဖြစ်လာခဲ့တဲ့ ခွေးလေး (ရုပ်သံ)



.

.

.

JRose (Mckzone daily)

Reference : mgronline

Unicode

ပြင်သစ်နိုင်ငံ၊ Liaoning ပြည်နယ်ရှိ French Bulldog ခွေးမျိုးစိတ်ဟာ တရုတ်အင်တာနက်လောကမှာ နာမည်ကျော်တဲ့အထိ ဖြစ်လာခဲ့ပါတယ် ။ Zhao Chen အမည်ရှိ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ အိမ်မွေးတိရိစ္ဆာန် Cabbage အမည်ရှိ ခွေးလေးကို စကိတ်စီးရန် ပြီးခဲ့တဲ့နှစ်က လေ့ကျင့်ပေးခဲ့ပါတယ် ။ သင်တန်းရက် ၂၀ သာပြီးတဲ့အခါ “Cabbage” က စကိတ်ဘုတ်ပေါ်မှာ တစ်ယောက်တည်း လှည့်လည်ခြင်း လျှောက်သွားနိုင်ခဲ့ပါတယ် ။ Zhao က ” “Cabbage” ဟာ သဘောကောင်းတဲ့ ခွေးဖြစ်ပြီး မည်သူ့ကိုမျှ ဟောင်တာတို့ မရှိဖူးပါဘူး ။ သူက စကိတ်စီးနည်းကို ပထမဆုံးစလေ့လာတုန်းက တော်တော်စိတ်ဝင်စားခဲ့တယ် ။ ‘Cabbage’ က မနက်တိုင်းပန်းခြံသို့ သွားပြီး စကိတ်စီးပြီးတာနဲ့ ၁၅ မိနစ်ခန့်လျှောက်သွားပြီးနောက် သူ့သူငယ်ချင်းများကိုနှုတ်ဆက်လေ့ရှိတယ်” လို့ သခင်ဖြစ်သူက ဆိုပါတယ် ။

၂၀၂၁ ခုနှစ်အစောပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ ‘Cabbage’ ရဲ့ video clip ကို စတင်ခဲ့ပါတယ် ။
ယခုအခါ ‘Cabbage’ ရဲ့ စကိတ်စီးခြင်းစတိုင်လ်ကို ကြည့်ရှုတဲ့ ပရိသတ် ၅၀၀၀၀၀ ရှိခဲ့ပါပြီ ။ ” ငါ့ရဲ့ ခွေးလေး အဲ့လောက် ကျွမ်းကျင်လိမ့်မလို့ ငါမထင်ခဲ့ဘူး။ သူ့ရဲ့လက်ရှိ လုပ်ရိုးလုပ်စဉ်က ခွေးကလေးရဲ့လေ့ကျင့်ခန်းအတွက်လည်း အထောက်အကူဖြစ်စေတယ်” လို့ Zhao က ပြောပါတယ် ။ ခွေးလေး Cabbage ရဲ့ စကိတ်စီးဟန်ကို Video Clip နဲ့ ပြန်လည်ဝေမျှပေးထားပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လူသားတစ်ဦးလိုပင် စကိတ်ကိုကျွမ်းကျင်စွာ စီးနိုင်ခြင်းကြောင့် အင်တာနက်လောကမှာ နာမည်ကျော်တဲ့အထိ ဖြစ်လာခဲ့တဲ့ ခွေးလေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*