၂နှစ်အရွယ်သမီးက laptopရဲ့ ကီးခလုတ်တွေကို တိတ်ဆိတ်စွာ ဖယ်ရှားနေတာကို မြင်တွေ့ပြီး သတိမေ့မျောလုနီးပါးဖြစ်ခဲ့ရတဲ့ဖခင်


.

.

JRose (Mckzone daily)

Reference : khaosod

.

.

Unicode

Twitter သုံးစွဲသူတစ်ဦး@yamamo10_0429 ဟာ သူ့ရဲ့သမီးလေးက အိမ်မပျော်တာကြောင့် နံနက် ၄ နာရီ အိပ်ရာမှထပြီး တစ်ယောက်တည်းတိတ်ဆိတ်စွာ ထိုင်နေခဲ့ပါတယ် ။ ထိုအချိန်မှာ ၎င်းအမျိုးသား နိုးလာတဲ့အခါ ဘေးဆိုးကို သူခံစားလိုက်ရပါတယ် ။ သမီးလေးတိတ်တဆိတ်နဲ့ ထိုင်နေခဲ့တာက သူမဟာ ဖခင်laptop ရဲ့ ကီးဘုတ်မှ panel တွေကို ဖြုတ်ပြီး ဆော့ကစားနေခဲ့ခြင်းကို မြင်တွေ့ခဲ့ရတာပါ ။ ထို့ကြောင့် သူက အလျင်အမြန်ထပြီး ခလုတ်များကို တစ်ခုပြီးတစ်ခုထည့်ရန် ပြင်နေခဲ့ရပါတယ် ။ နံနက် ၁၀ နာရီအထိ ဖခင်က Key များကို Zoom မှ တဆင့် ပြန်လည် တပ်ဆင်ခဲ့ပြီး ၎င်းဟာ အလုပ်မလုပ်တော့ဘဲ ကျိုးနေတဲ့ သော့နှစ်ခုဖြစ်တဲ့ “ Ctrl” နဲ့ “ Delete” ခလုတ်များရှိနေခဲ့ပါတယ် ။ ကီးဘုတ်ကို ပြုပြင်ရန် အချိန်ကြာခဲ့ရသော်လည်း ဖခင်က သူ့သမီးကို ဒေါသထွက်ခြင်းမရှိခဲ့ပါဘူး ။ ဒါပေမဲ့ သူသတိမေ့မျောလုမတက် ဖြစ်ခဲ့ရတယ်လို့ ၎င်းဖခင်က ဆိုပါတယ် ။

JRose (Mckzone daily)

Be the first to comment on "၂နှစ်အရွယ်သမီးက laptopရဲ့ ကီးခလုတ်တွေကို တိတ်ဆိတ်စွာ ဖယ်ရှားနေတာကို မြင်တွေ့ပြီး သတိမေ့မျောလုနီးပါးဖြစ်ခဲ့ရတဲ့ဖခင်"

Leave a comment

Your email address will not be published.


*