ဇနီးသည်အတွက် ကလေး ၃ယောက်ကို ကိုယ်တိုင်မွေးဖွားပေးခဲ့ပြီးနောက် ထပ်လိုချင်သေးတယ် ဆိုတဲ့ ပထမဆုံးကိုယ်ဝန်ဆောင်တဲ့အမျိုးသား

Thomas Beatie အမည်ရှိ အမျိုးသားဟာ သူ့ရဲ့ ပထမဆုံးကလေးမွေးဖွားပြီးနောက် “ ပထမဆုံးကိုယ်ဝန်ရသူ အမျိုးသား” ဆိုတဲ့ ခေါင်းစဉ်တပ်ခံထားရပါတယ် ။ လူမှုကွန်ယက်ပေါ်မှာ အလွန်ဗိုက်ကြီးတဲ့ သူ့ရဲ့ဓာတ်ပုံကို ပြသခဲ့ပြီး ကမ္ဘာလူထုကို အံ့သြစေခဲ့ပါတယ် ။ ထိုအချိန်မှာ လူတိုင်းက ထိုကဲ့သို့သောကိုယ်ဝန်ကိုရနိုင်တယ်လို့ မယုံကြည်ကြသောကြောင့် သံသယဖြစ်စေခဲ့ပါတယ် ။ သို့ပေမဲ့ အဆိုပါ ဓာတ်ပုံဟာ photoshop မဟုတ်ပါ၊ Thomas က အမှန်တကယ် ကိုယ်ဝန်ရှိတဲ့ ပထမဆုံး အမျိုးသားဖြစ်ပါတယ် ။

Thomas က လိင်ပြောင်းထားသူဖြစ်သော်လည်း သူ့ရဲ့ သားဥအိမ်များကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ် ။ သူက Nancy Beatie နဲ့ လက်ထပ်ခဲ့သော်လည်း Nancy က ကလေးမမွေးဖွားနိုင်ပါ ။

ထို့ကြောင့် Thomas က သူ့ရဲ့ ဇနီးအစား မီးဖွားရန် တာဝန်ယူခဲ့ပါတယ် ။ နှစ်ဦးစလုံးက ဆေးရုံအတွက် အလှူရှင်ရဲ့ သုတ်ပိုးကို တွေ့ရှိပြီးနောက် ဖန်ပြွန်သန္ဓေသားကို သုံးခဲ့ပါတယ် ။ လေးနှစ်ကြာတဲ့အခါ Thomas က ပဋိသန္ဓေတည်ခဲ့ပြီး ကျန်းမာသန်စွမ်းတဲ့ Susan အမည်ရှိ လှပတဲ့ သမီးငယ်လေးကို မွေးဖွားနိုင်ခဲ့ပါတယ် ။

Thomas က ကျော်ကြားလာသည် မှစပြီး လူများစွာက လမ်းပေါ်ထွက်တိုင်း Thomas ကို အသိအမှတ်ပြုပြီး အကူအညီနဲ့ အားပေးမှုတောင်းခံခဲ့ပါတယ် ။ ကလေးငယ် Susan ကို ကြိုဆိုပြီးနောက် Thomas နဲ့ Nancy တို့ဟာ နောက်ထပ် ၂နှစ်အတွင်း သားနှစ်ယောက် ထွန်းကားခဲ့ပါတယ် ။

မကြာသေးခင်မှာပင် သူက ရုပ်သံမှပေါ်လာပြီး သူ့ဇနီးအစား ကလေးထပ်မွေးရန် အစီစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း ဆရာဝန်က သူ ထပ်မွေးရင် သူ့ရဲ့ ကျန်းမာရေးကို ထိခိုက်စေသောကြောင့် ရပ်တန့်ရန် ဆရာဝန်က အကြံပေးခဲ့ပါတယ် ။

လက်ရှိမှာ Thomas မိသားစုက အမေရိကန်နိုင်ငံ Phoenix မြို့မှာ အတော်လေးတိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး ရံဖန်ရံခါသူက ကြော်ငြာများ သို့မဟုတ် ဟောပြောပွဲများကိ. လက်ခံသေးပါတယ် ။

သူကိုယ်တိုင်မွေးဖွားခဲ့သောကလေးသုံး ဦး မှာအသက် ၁၁၊ ၁၂ နှင့် ၁၃ နှစ်အသီးသီးဖြစ်ပြီး ဇနီးနဲ့ အမြဲလိုလိုအပြင်ထွက်လေ့ရှိပါတယ် ။ ဒါပေမဲ့ ယနေ့အချိန်အထိ Thomas ဟာ အတိတ်က tabloids များစွာခေါ်တဲ့ “ပထမကိုယ်ဝန်ဆောင်အမျိုးသာ” ဆိုတဲ့ နာမည်ပြောင်က ရှိနေပါသေးတယ် ။

JRose (Mckzone daily)

Reference : yan

Be the first to comment on "ဇနီးသည်အတွက် ကလေး ၃ယောက်ကို ကိုယ်တိုင်မွေးဖွားပေးခဲ့ပြီးနောက် ထပ်လိုချင်သေးတယ် ဆိုတဲ့ ပထမဆုံးကိုယ်ဝန်ဆောင်တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*