လမ်းပေါ်မှာပြန့်ကျဲနေတဲ့ ဆန်ကို ကြိုးစားပြီး ကောက်ယူနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ လုပ်ရပ်ကြောင့် လူများစွာကို မျက်ရည်ကျစေခဲ့



JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ ဆန်ကို ကောက်ယူဖို့ ကြိုးစားနေတဲ့ ပုံဟာ netizen များစွာကို မျက်ရည်ကျစေခဲ့ပါတယ် ။ အဆိုပါအမျိုးသမီးက သူမရဲ့ လုပ်အားခမှရတဲ့ငွေအနည်းငယ်နဲ့ မိသားစုအတွက် ဆန်၊ ဆီ ၊ ငါးငံပြာရည် အပါအဝင် လိုအပ်တဲ့ပစ္စည်းများ ဝယ်ရန် ဘေးနားရှိ ဆိုင်တစ်ဆိုင်သို့သွားဝယ်ခဲ့ပါတယ် ။ အပြန်လမ်းမှာ သူမက မတော်တဆ လမ်းဖြတ်ကူးတာကြောင့် ဆန်အိတ်ပြုတ်ကျပြီး ဆန်စေ့တွေ လမ်းပေါ် ပြန့်ကျဲသွားခဲ့ပါတယ် ။ ထိုအခါမှာ အမျိုးသမီးက ဆန်တွေကို အိတ်ထဲသို့ ကြိုးစားပြီး ကောက်ထည့်နေခဲ့ပါတယ် ။ ဆိုင်ရှင်အမျိုးသမီးက ” မင်းကို နောက်ထပ်တစ်အိတ်ပေးမယ် ။ ဆက်မကောက်တော့နဲ့ ” လို့ပြောပေမဲ့ ထိုနေရာတွင်မရပ်ဘဲ ဆန်ကို ကြိုးစားပြီးကောက်နေဆဲပါ ။

သူမရဲ့ရိုးသားမှုကို ဖော်ပြတဲ့အချိန်မှာ သူမကခေါင်းကို ငုံ့ကာ ဆိုင်ရှင်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ။ သူရဲ့ ရိုးရှင်းတဲ့လုပ်ရပ်က လူများစွာရဲ့ စိတ်ကိုမျက်ရည်ကျစေခဲ့ပါတယ် ။ တချို့ netizen များက လူ့အဖွဲ့အစည်းတွင် ခက်ခက်ခဲခဲနဲ့ အလုပ်ကြိုးစားတဲ့သူတွေက ဆန်တစ်စက်ကလေးကိုမှ မြတ်နိုးကြတယ် ။ ဒါကြောင့် ငြိမ်းချမ်းပြီးပြည့်စုံတဲ့ ဘဝရှိသူများက မင်းတို့ရဲ့ ဘဝအကြောင်းကို အလွန်အမင်းမညည်းညူပါနဲ့ ။ အမှန်တရားကို တန်ဖိုးထားပါ၊ အကောင်းမြင်ပါ၊ စိတ်ကိုမြှင့်ထားပါ၊ အကောင်းဆုံးကြိုးစားပါ၊ မကြာခင်မှာ ပျော်ရွှင်မှုကို ရလာပါလိမ့်မယ် ။

JRose (Mckzone daily)

Be the first to comment on "လမ်းပေါ်မှာပြန့်ကျဲနေတဲ့ ဆန်ကို ကြိုးစားပြီး ကောက်ယူနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ လုပ်ရပ်ကြောင့် လူများစွာကို မျက်ရည်ကျစေခဲ့"

Leave a comment

Your email address will not be published.


*