နာမည်ကြီးမော်ဒယ်တွေ ငှားစရာ မလိုဘဲ သာမန်အရာများကိုသုံးပြီး စွဲမက်ဖွယ်ကောင်းတဲ့ လက်ရာကို ဖန်တီးရိုက်ကူးနိုင်တဲ့ ဓာတ်ပုံဆရာ

လူများစွာအတွက် ဓာတ်ပုံကောင်းတစ်ပုံရရှိရန် ဒြပ်စင်များစွာ ပေါင်းစပ်ရပါမယ် ။ တစ်ချို့လူတွေက ဈေးကြီးတဲ့ ကင်မရာတွေကို ရင်းနှီးမြှုပ်နှံကြတယ် ။ လှပတဲ့ နေရာကို ရှာပြီး လုံလောက်တဲ့ အလင်းနဲ့ အရိပ်ရှိတဲ့ နေရာတွေ ရှာတက်ကြပါတယ် ။ ပုံများပြန်လည်အလှဆင်ခြင်းလုပ်ငန်းစဉ်များ အပါအဝင်ကွဲပြားကြတာပါ ။ ဒါပေမယ့် နိုင်ဂျီးရီးယားဓာတ်ပုံဆရာ Ibor Edosa Victor အမည်ရှိ အဆိုပါအမျိုးသားအတွက် သူက နာမည်ကြီးမော်ဒယ်ငှားဖို့ခမလိုပါဘူး ။ ကောင်းတဲ့ နေရာများတွင်ရိုက်ပါ သို့မဟုတ် ဈေးကြီးတဲ့ အသုံးအဆောင်များကို သုံးပါ ။ ကိုယ့်ပတ်ဝန်းကျင်က အရာတွေကို ဘယ်လိုအကျိုးရှိအောင် အသုံးချရမယ်ဆိုတာကို သိပါ ။ အဲ့ဒီနောက် ဓာတ်ပုံတည်းဖြတ်ခြင်းအတတ်ပညာကို အားကိုးပါ ။ ထိုနည်းအတိုင်း ထွက်လာတဲ့ပုံက အံ့သြဖွယ်ကောင်းလွန်းပါတယ် ။

.

.

.

“ ပထမတော့ ငါပျင်းတာနဲ့ ဓာတ်ပုံရိုက်လိုက်တယ်။ ဝါသနာပါတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ စွဲလမ်းမှုတစ်ခုဖြစ်လာတယ် ။ ငါ့ဘဝတစ်လျှောက်ဖြတ်သန်းခဲ့သမျှအရာတွေက ငါ့ကိုဓါတ်ပုံရိုက်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ ဒါဟာကောင်းတဲ့အချိန်လား၊ ဆိုးတဲ့အချိန်လားဆင်းရဲခြင်း၊ ပျော်ရွှင်ခြင်းလား ဆိုပြီး ကျွနခတော် တွေးနေမိတယ် ” လို့ Iborbက ဆိုခဲ့ပါတယ် ။

.

.

.

Ibor က အလွန်တီထွင်ဖန်တီးနိုင်စွမ်းရှိသူဖြစ်ပြီး သူက တာယာများ၊ ပန်ကာများ၊ အိုးများကဲ့သို့ လူများစွာတို့ လျစ်လျူရှုထားတဲ့ ဒေသထွက်ပစ္စည်းများ သို့မဟုတ် နေ့စဉ်သုံးပစ္စည်းများကို မကြာခဏသုံးပြီး ပုံရိုက်လေ့ရှိပါတယ် ။

.

.

.

သူရိုက်တဲ့နေရာများက အလင်းမှိန်မှိန်ထွန်းထားတဲ့ မီးဖိုချောင်၊ ရှုပ်ပွနေတဲ့ သစ်တောများ၊ လွင်ပြင်များကဲ့သို့ ဓာတ်ပုံရိုက်ရန် မသင့်တော်တဲ့ ရိုးရှင်းသောနေရာများဖြစ်ပါတယ် ။

.

.

.

.

ဒီဓာတ်ပုံရိုက်ကူးမှုရဲ့နောက်ကွယ်မှာ netizens တွေအတွက် အရမ်းသဘောကျစေခဲ့ပါတယ် ။ Ibor ရဲ့ သာမန်ထက်ထူးခြားတဲ့ ပြုလုပ်မှုကို လူများက စွဲမက်ခဲ့ကြပါတယ် ။ တစ်နည်းအားဖြင့် ရုပ်ပုံတစ်ခုစီက ရုပ်ရှင်ပိုစတာတစ်ခုထက် ပိုစွဲမက်ဖွယ်ကောင်းဒါကြောင့် သူ့ကိုအင်တာနက်ကလူတွေ မည်သူမဆို စိတ်ဝင်စားခဲ့ကြပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "နာမည်ကြီးမော်ဒယ်တွေ ငှားစရာ မလိုဘဲ သာမန်အရာများကိုသုံးပြီး စွဲမက်ဖွယ်ကောင်းတဲ့ လက်ရာကို ဖန်တီးရိုက်ကူးနိုင်တဲ့ ဓာတ်ပုံဆရာ"

Leave a comment

Your email address will not be published.


*