မိုးသီးမုန်တိုင်းတိုက်နေစဉ် သူ့ရဲ့ချစ်လှစွာသော ကားကို ကတ်ထူပြားနဲ့သုံးပြီး ကာကွယ်ဖို့ ကြိုးစားနေခဲ့တဲ့ လူငယ်တစ်ဦး




JRose (Mckzone daily)

Reference : khaosod

Unicode

အောက်တိုဘာလ ၁၅ ရက်နေ့မှာ Daily Mail က Tik Tok အသုံးပြုသူ JakeMcGalein ဟာ Toyota Supra ကားပိုင်ရှင်တစ်ဦးရဲ့ ဓာတ်ပုံကို မှတ်တမ်းတင်ခဲ့ပါတယ် ။ ကားပိုင်ရှင်လူငယ်က သြစတေးလျနိုင်ငံဆစ်ဒနီမြို့မှာ မိုးသီးမုန်တိုင်းဆူနာမီမှ သူ့ကားကို ကာကွယ်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ် ။ လူအများစုက အိမ်ထဲမှာ ပုန်းအောင်းနေကြပေမယ့် Jake ကပြတင်းပေါက်ကနေ အပြင်ကိုကြည့်တဲ့အခါ သူ့အိမ်နီးချင်းတစ်ယောက်က ကားတွေကို မိုးကြိုးဒဏ်ကနေ ကာကွယ်ဖို့ မိုးသက်မုန်တိုင်းကျနေစဉ် ကားရဲ့အပေါ်ကနေ ကတ်ထူသေတ္တာတွေနဲ့ ကာဖို့ ကြိုးစားနေခဲ့ပါတယ် ။

သို့ပေမဲ့ သူ့ရဲ့ ကားကို ကတ်ထူပြားဖြင့် ဖုံးရန်ကြိုးစားသော်လည်း စက္ကူက အဖုံးမအုပ်နိုင်ဘဲ လေတိုက်ရင် အချိန်မရွေးလွှင့်ပါသွားရန် အဆင်သင့်ဖြစ်ခဲ့ပါတာ် ။ ၎င်းကားပိုင်ရှင်လူငယ်က ထိုကတ်ထူပြားများပေါ်မှာ သူ့ရဲ့ ခန္ဓာကိုယ်ကို သုံးရန် ဆုံးဖြတ်ခဲ့ပြီးတော့ သူ့ကားကိုမိုးသီးကနေ သူ့အစွမ်းအစကို အကောင်းဆုံးကာကွယ်ဖို့ ကြိုးစားနေတာကို Jake တော်တော် အံ့သြမိခဲ့ပါတယ် ။ အကြောင်းမှာ ထိုလူငယ်ပ ကားကိုကာကွယ်နေစဉ် မိုးသီးက အဆက်မပြတ်ရွာသွန်းခဲ့ပါတယ် ။ Jake က ၎င်းဗီဒီယိုကို Tiktok ပေါ်တင်တဲ့အခါမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး အဆိုပါလူငယ်က ကားတွေကို အရမ်းချစ်တဲ့ သူတစ်ယောက်ဆိုတာကို အားလုံးက သဘောတူကြပါတယ် ။

သို့ရာတွင် Jake က သူရဲ့အိမ်နီးချင်းလူငယ်လေးဟာ သူ့ရဲ့ Toyota Supra အပါအဝင် ဒဏ်ရာရရှိခြင်း မရှိကြောင်းအတည်ပြုခဲ့ပါတယ် ။ မုန်တိုင်းက ဆစ်ဒနီမြို့ကို New South Wales သို့ မပြောင်းရွှေ့မီ နာရီပေါင်းများစွာ တိုက်ခိုက်ခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မိုးသီးမုန်တိုင်းတိုက်နေစဉ် သူ့ရဲ့ချစ်လှစွာသော ကားကို ကတ်ထူပြားနဲ့သုံးပြီး ကာကွယ်ဖို့ ကြိုးစားနေခဲ့တဲ့ လူငယ်တစ်ဦး"

Leave a comment

Your email address will not be published.


*