မိခင်ရဲ့လည်ပင်းကို စက်ဘီး lockနဲ့ ချိတ်လိုက် ဖြုတ်လိုက် ဆော့ကစားရင်း password မေ့သွားပြီး ကယ်ဆယ်ရေးထံမှ အကူညီ‌တောင်းခဲ့ရတဲ့ ကောင်လေး



JRose (Mckzone daily)

Reference : khaosod

Unicode

ကလေးတွေ အထူးသဖြင့် ကောင်လေးတွေဆိုရင် တကယ့်ကို အဆော့တန်တဲ့ လူကလးတွေပါ ။ သူတို့တွေက စပ်စုချင်စိတ်လည်း ပြင်းပြတဲ့ အရွယ်လို့ ပြောရင်လည်း မမှားပါဘူး ။ မကြာသေးခင်က တရုတ်ကောင်လေးတစ်ယောက်ဟာ စက်ဘီး Lock နဲ့ သူ့မိခင်ရဲ့ လည်းပင်ကို ဆွဲထားလိုက် ပြန်ဖြုတ်လိုက်နဲ့ ဆော့ကစားခဲ့ပါတယ် ။ မိခင်ကလည်း သူမသား Lock code တွေ သိနေတယ်လို့ ထင်တာကြောင့် ဘာမှမပြော မဆူခဲ့ပါဘူး ။ ဒါပေမဲ့ သားဖြစ်သူက password ကို ပြောင်းဖို့နှိပ်လိုက်ပြီး ခဏပြန်ဖွင့်လိုက်တဲ့အချိန်မှာ မမိတော့တာကြောင့် သားအမိ အခက်တွေ့နေခဲ့ပါတယ် ။

ကောင်လေးက password ကို မေ့သွားပြီး တစ်ယောက်ယောက်စီက အကူညီရဖို့ ပတ်ပြေးပြီး လိုက်ရှုခဲ့ရာကနေ နောက်ဆုံး ကယ်ဆယ်ရေးဌာနကို ဘဲ ဖုန်ခေါ်လိုက်ရပါတယ် ။ ကယ်ဆယ်ရေးတွေရောက်လာမှဘဲ အဲ့ဒီစက်ဘီးlock ကို ပြန်ဖြုတ်လို့ရပါတော့တယ် ။ ဒီအဖြစ်အပျက်ဟာ တရုတ်လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီး အင်တာနက်သုံးစွဲသူအများစုက ရယ်ကာ ကောင်လေးကို မဝေဖန်ခဲ့ကြပါဘူး ။ ဒီလိုအဖြစ်အပျက်မျိုးထပ်မဖြစ်ရအောင် သူတို့ကလေးများကစားရန် နယ်နိမိတ်သတ်မှတ်ရန် မိဘများလိုအပ်ကြောင်း Netizen တွေက အလေးအနက်ပြောကြားခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မိခင်ရဲ့လည်ပင်းကို စက်ဘီး lockနဲ့ ချိတ်လိုက် ဖြုတ်လိုက် ဆော့ကစားရင်း password မေ့သွားပြီး ကယ်ဆယ်ရေးထံမှ အကူညီ‌တောင်းခဲ့ရတဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*