လူတိုင်းက ပြီးပြည့်စုံမှုမရှိတာကြောင့် ကိုယ်ရတဲ့ဘဝလေးနဲ့ သိမ်ငယ်မနေအောင် လှုံ့ဆော်ပေးခဲ့တဲ့ မသန်စွမ်းအမျိုးသား

Otoko Semiconductor Hiroshi Tada (ခေါ်) (Ototake Horotada) အမည်ရှိ မသန်စွမ်းအမျိုးသားတစ်ဦးဟာ အလွတ်တန်းအားကစားစာရေး ဆရာဖြစ်ပါတယ် ။ သူက ၁၉၇၆ ခုနှစ်ဧပြီလ ၆ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မွေးဖွားခဲ့ပါတယ် ။ သူမွေးတဲ့ အချိန်တုန်းက သူ့မှာ မွေးရာပါ Tetra Amelia မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ခြေလက်တွေလုံးဝမရှိခဲ့ပါဘူး ။ ဒါပေမဲ့ Ototake က သူ့အတွက် သိမ်ငယ်တဲ့ ရှုပ်ထွေးမှုတစ်ခုလို့ မခံစားခဲ့ပါဘူး ။ ကလေးမွေးဖွားပြီး မိနစ်အနည်းငယ်မှာ သူက ခြေလက်မပါရှိတာကြောင့် သူ့အဖေက သူ့အမေဝမ်းနည်းမာကို ကြောက်သောကြောင့် သူမကို မမြင်စေချင်သလောက်ဖြစ်နေခဲ့ပါတယ် ။ ဒါပေမယ့် အမှန်တရားက ဖုံးကွယ်ထားလို့မရတဲ့အတွက် သူ့ဖခင်က ငါတို့သားမှာ ခန္ဓာကိုယ်မရှိဘူးလို့ သူ့အမေကို ပြောခဲ့လိုက်ပါတယ် ။

ဒါပေမဲ့ အမေဖြစ်သူက Ototake ကို ပထမဆုံးအကြိမ်မြင်တဲ့အခါ ဝမ်းနည်းကာ အမေကသူ့ကိုတင်းကျပ်စွာပွေ့ဖက်လိုက်ပြီး “ငါတို့ကလေးလေးက အရမ်းချစ်စရာကောင်းတယ်” လို့ ဝမ်းသာအားရစွာ ပြောဆိုခဲ့ပါတယ် ။

သူက သာမန်လူများနဲ့ အတူနေရန် သူ့ရဲ့မိဘတွေက လေ့ကျင့်ပေးခဲ့ပါတယ် ။ Ototake ကျောင်းသို့ ဝင်ခွင့်စာမေးပွဲဖြေတဲ့အခါ သူ့ပါးစပ်နဲ့ ခဲတံကိုင်ပြီး စာရေးနိုင်ခဲ့သလို သူကိုယ်တိုင်လမ်းလျှောက်တာ အပါအဝင် သူ့ဘာသာသူ စားနိုင်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ် ။ အတန်းထဲမှာ သူက အခြားကလေးတစ်ယောက်လို လေ့ကျင့်ခန်းလုပ်လေ့ရှိပေမဲ့ ပထမတော့တော်တော် ခက်ခဲပါတယ် ။

ဒါပေမယ့် အထောက်အပံပေးမယ့် ဆရာတစ်ယောက်ရှိခြင်းက သူ့နှလုံးသားကို ဖွံ့ဖြိုးလာစေပြီး သန်မာလာအောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ် ။ ဘွဲ့ရပြီးနောက် သူက အလုပ်တစ်ခုလျှောက်ထားပြီး TBS ရဲ့ ပထမဆုံးမသန်မစွမ်းသတင်းထောက်ဖြစ်လာခဲ့ပါတယ် ။ ထို့နောက်မှာ ကလေးဘဝမှ လှုံ့ဆော်မှုကြောင့် သူက မူလတန်းပြဆရာဖြစ်လာရန် ဝင်ခွင့်စာမေးပွဲများကို အောင်မြင်စွာ နဲ့ ပျော်ရွှင်စွာသင်ကြားပေးခဲ့ပါတယ် ။

ကမ္ဘာတစ်ဝှမ်းလုံးမှာ သူ့ကိုကျော်ကြားစေတဲ့အရာက မည်သူမျှပြီးပြည့်စုံမှုမရှိ၊ အခက်အခဲရှိတဲ့သူများ ဖတ်ရန်နဲ့အားပေးရန် ရည်ရွယ်တဲ့ Ototake ရဲ့ ရှုထောင့် စာအုပ်ဖြစ်ပါတယ် ။

Ototake က “ လူ့သဘာဝဟာ တစ်ယောက်နဲ့တစ်ယောက်မတူအောင် ဖန်ဆင်းလာတယ်ဆိုတာကို လူတွေ လက်ခံလိမ့်မယ်လို့ ငါမျှော်လင့်တယ် ။ လူသားတစ်ဦးအနေနဲ့ ကျွန်တော်က ရိုးရှင်းတဲ့ စိတ်ကူးများကို အခြေခံပြီး ခရီးဝေးသို့ ရောက်ခဲ့ပါပြီ။

ငါလုပ်ချင်တာကို လုပ်ဖို့ ငါ့ကိုယ်ငါ စိန်ခေါ်ခဲ့တယ်။ လူ့အဖွဲ့အစည်းက ငါ့ရဲ့မသန်စွမ်းမှုကိုကြည့်ပြီး ရပ်စေချင်ကြတယ်၊ ဒါပေမယ့် အဲ့ဒီမသန်စွမ်းမှုကို အသိအမှတ်ပြုပါ ” လို့ နောက်ဆုံးအနေနဲ့ massage ချန်ထားခဲ့ပါတယ် ။ ဒီအကြောင်းက စိတ်ဓာတ်ကျနေတဲ့သူတွေကို ကိုယ့်ကိုကိုယ်ခွန်အားပိုရှိအောင် ပိုအားကောင်းလာအောင် အားပေးတဲ့သတင်းလေးပါ ။

Jasmine (Mckzone daily)

Reference : mgronline

Be the first to comment on "လူတိုင်းက ပြီးပြည့်စုံမှုမရှိတာကြောင့် ကိုယ်ရတဲ့ဘဝလေးနဲ့ သိမ်ငယ်မနေအောင် လှုံ့ဆော်ပေးခဲ့တဲ့ မသန်စွမ်းအမျိုးသား"

Leave a comment

Your email address will not be published.


*