ဆင်းရဲပေမဲ့ လိုလေသေးမရှိအောင်ထားပေးခဲ့တဲ့မိဘနှစ်ပါးကို အိမ်အသစ်တစ်လုံးနဲ့ကျေးဇူးပြန်ဆပ်ခဲ့တဲ့ ၂၅ နှစ်အရွယ်မိန်းကလေး

ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို ၎င်းတို့ဘယ်လိုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့လူတွေရဲ့ပုံပြင်တွေကိုနားထောင်ရခြင်းက အရမ်းကောင်းတဲ့အရာပါဘဲ။ ၎င်းတို့ထဲမှတစ်ဦးဖြစ်တဲ့ Beverly Maquiñana အမည်ရှိမိန်းကလေးတစ်ဦးဟာ သူမရဲ့စိတ်ဝင်စားစရာဘဝဇာတ်လမ်းကိုပြန်လည်မျှဝေပေးခဲ့ပါတယ်။ Beverly ဟာ သူမတို့မိသားစုကဆင်းရဲတာကြောင့် အခန်းကျဉ်းလေးတစ်ခု၌သာကြီးပြင်းလာခဲ့ရပြီး မိဘများကလည်း မိသားစုရဲ့နေ့စဉ်စားဝတ်နေရေးအတွက်သာရုန်းကန်နေခဲ့ကြရပါတယ်။ Beverly ဟာ သူမကျောင်းတက်စဉ်ဖြတ်သန်းခဲ့ရတဲ့အခက်အခဲများဖြင့်ရင့်ကျက်လာခဲ့ရပေမဲ့ မိဘများက ဆင်းရဲနေတာတောင် သူမတို့မောင်နှမ ပူဆာတာမှန်သမျှကို မဝယ်ပေးခဲ့တာမျိုး မရှိခဲ့ဖူးကြောင်း ပြောပြခဲ့ပါတယ်။

Beverly ဟာ သူမတို့ရဲ့ဘဝကခက်ခဲပေမဲ့လည်း သူမတို့ရဲ့အသက်မွေးဝမ်းကြောင်းအတွက် ဘ၀ကိုရုန်းကန်နေရတဲ့မိဘများအားကူညီနိုင်ရန်နှင့်သူမရဲ့ပညာရေးကိုပြီးဆုံးအောင်ကြိုးစားခဲ့ပါတယ်။

Beverly ဟာ သူမအားပြီဆိုတာနဲ့ မိဘတွေကိုကူညီပေးခဲ့တာကြောင့် သူမဟာ ကျောင်းပြီးတာနဲ့ ချက်ချင်းအလုပ်ဝင်နိုင်ခဲ့ပါတယ်။ Beverly က အသက် ၁၈ နှစ်အရွယ်မှာ ချက်ချင်းဆိုသလို ကော်ပိုရေးရှင်းလောကသို့ဝင်ရောက်လာခဲ့ပေမဲ့လည်း သူမဟာ သူမရဲ့အလုပ်မှဖိနှိပ်မှုကိုခံခဲ့ရပါတယ်။

သို့ပေမဲ့ Beverly ဟာ ၎င်းကိုဂရုမစိုက်ဘဲ ရှေ့ဆက်ခဲ့ပြီး ” ကျွန်မက ကိုယ့်ကိုယ်ကို အမြဲစိန်ခေါ်တယ် ၊ ဖိလစ်ပိုင်မှာ ၄ နှစ်လောက်အလုပ်လုပ်ခဲ့တယ် နောက်တော့ အကြီးဆုံးအမေရိကန်ဘဏ်က ကျွန်မကို ဟောင်ကောင်မှာ Project Manager အဖြစ်ကမ်းလှမ်းခဲ့တယ် ” လို့သူမက ဆက်ပြောပြခဲ့ပါတယ်။

Beverly ဟာ ဇွဲရှိခြင်းဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားခဲ့တာကြောင့် သူမအသက် ၂၅ အရွယ်မှာ သူမရရှိခဲ့တဲ့ကောင်းချီးများနှင့် သူမရဲ့ပညာရေးကိုထောက်ပံ့ပေးခဲ့တဲ့မိဘနှစ်ပါးကို ကျေးဇူးတင်သည့်အနေနှင့် ကိုယ်ပိုင်အိမ်တစ်လုံးပြန်ဆပ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူမရဲ့မောင်နှမ ၃ ဦးကလည်း ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နိုင်နေပြီ ဖြစ်ပါတယ်။

.

“ ကျွန်မ ဟောင်ကောင်မှာ ၃ နှစ်နေခဲ့ပြီးနောက်မှာ အဖေနဲ့အမေအတွက် အိမ်တစ်လုံးဆောက်ပေးနိုင်ခဲ့တယ် ၊ ဟာင်ကောင်မှာအလုပ်လုပ်ဖို့ကမ်းလှမ်းခံရတဲ့အကြောင်းကို အမေ့ကိုပြောပြတော့ ကျွန်မအရမ်းငိုခဲ့တယ်၊ အဲ့တာကမိသားစုကိုထောက်ပံ့ပေးနိုင်ဖို့တစ်ခုတည်းသောကျွန်မရဲ့ဆုတောင်းဆိုပေမယ့် သူတို့က ကျွန်မပြန်ပေးနိုင်တာထက် ပိုပေးဆပ်ခဲ့ကြတယ် ၊ ကျွန်မကို ဘွဲ့ရအောင်ယူဖို့လှုံဆော်ပံ့ပိုးပေးခဲ့ကြတဲ့ မိဘနှစ်ပါး၊ မိသားစုဝင်တွေ ၊ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေကို အရမ်းကျေးဇူးတင်မိတယ် ၊ ဟုတ်ပါတယ် ဒါဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်လည်းပါပါတယ် “လို့ Beverly က သူမရဲ့ကြိုးစားအားထုတ်မှုနှင့်ကျေးဇူးစကားကိုလည်းထပ်မံပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "ဆင်းရဲပေမဲ့ လိုလေသေးမရှိအောင်ထားပေးခဲ့တဲ့မိဘနှစ်ပါးကို အိမ်အသစ်တစ်လုံးနဲ့ကျေးဇူးပြန်ဆပ်ခဲ့တဲ့ ၂၅ နှစ်အရွယ်မိန်းကလေး"

Leave a comment

Your email address will not be published.


*